Saturday, May 31, 2014

Folic acid ဖေါလစ်-အက်စစ် 1. ဆရာ သမီး OG သွားပြတော့ Folic Acid နဲ့ mega 3 သောက်ခိုင်းလို့ ဆေးဆိုင်မှာဝယ်တာ folic acid က folic acid tablets USP 5mg လို့ရေးထာတယ်ဆရာ။ အဲ့ဒါပမာဏများ များနေသလားလို့ဆရာ။ OG သွားပြတော့ Folic Acid နဲ့ mega 3 သောက်ခိုင်းလို့ ဆေးဆိုင်မှာဝယ်တာ folic acid က folic acid tablets USP 5mg လို့ ရေးထာတယ်ဆရာ။ အဲ့ဒါပမာဏများ များနေသလားလို့ဆရာ။ 2. ကျမက အသက် ၃၃ နှစ်ရှိပါပြီ။ လက်ထပ်တာ ၅ နှစ်ရှိပါပြီ။ ၂ ယောက်လုံးက နိုင်ငံခြားမှာ ကျောင်းတက် အလုပ်လုပ်ကြပြီးနေတဲ့သူတွေဆိုတော့ ကလေးယူရတာ အဆင်မပြေသေးလို့ အစပိုင်းမှာ မယူဖြစ်သေးတာပါ။ ဒီနှစ်ထဲတော့ ကလေးယူမယ်ဆုံးဖြတ်ထားပါတယ်။ ဖော့လစ်အက်ဆစ် ဆေးကို အခုအချိန်မှာ သောက်ရမှာပါလား သိချင်ပါတယ်။ 3. Folic Acid က နေ့စဉ် သောက်လို့ ရပါသလားဆရာ။ 4. Folic Acid ကို နေ့စဉ် မှန်မှန်သောက်သွားရင် Side Effect ရှိတယ် ပြောကြတယ်ဆရာ။ အဲ့ဒါဟုတ်ပါသလား။ တစ်ချို့က အိမ်ထောင်ကျပြီးတဲ့သူတွေပဲ သောက်ရတာလို့ ပြောပါတယ်။ ကောင်းကျိုးအနေနဲ့ ဘာဖြစ်နိုင်တယ်၊ ဆိုးကျိုး ဘာရှိတယ်ဆိုတာ ရှင်းပြပါလား။ • Folic acid (ဖေါလစ်-အက်စစ်) ဆိုတာ ဗီတာမင် (ဘီ) အုပ်စုဝင်ဆေး ဖြစ်တယ်။ Vitamin B9, Vitamin Bc, Folacin နဲ့ Folate လို့လဲ ခေါ်တယ်။ • သွေးနီဥ နဲ့ DNA ခေါ်တဲ့ မျိုးဗီဇ တည်ဆာက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲ အသုံးဝင်တယ်။ • (ဖေါလစ်-အက်စစ်) နည်းတဲ့ သွေးအားနည်းတာနဲ့ သံဓါတ်နည်း-သွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာ မောပန်းနေမယ်။ အားယုတ်နေမယ်။ အစာခြေတာ မကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ် နည်းနေမယ်။ ကိုယ်အလေးချိန် ကျမယ်။ လျှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအယာပါ ပြောင်းလာတတ်တယ်။ • ယေဘုယျဆိုရင် တနေ့မှာ 0.5-1.0 mg/daily စားဆေး-ထိုးဆေးအဖြစ်ပေးတယ်။ • ကိုယ်ဝန်ဆောင်ချိန်မှာ နည်းနေရင် အထဲကကလေး ဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း Folic acid 400 (mcg) လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တာဆီးပေးမယ်။ မွေးပြီး ကလေး နို့တိုက်ချိန် ဆိုပါစို့ ၆ လ အထိ သောက်သင့်တယ်။ အထဲကကလေးမှာ NTD ဆိုတာရှိနေတာကို ဆရာဝန်က သိရင် ဆေးကိုများများပေးလိမ့်မယ်။ • ကိုယ်ဝန်ဆောင်တွေ 1000 (UL) က လိုပြီး၊ ကလေးတွေ 150-800 (IU) နဲ့ လူကြီးတွေ 400 (UL) လိုနိုင်တယ်။ • Folic acid ကို အဝလွန်သူတွေ အဆီချဘို့အတွက်လည်းသုံးတယ်။ Type 2 Diabetes ဆီးချိုကိုလဲ ပေးတယ်။ • Depression စိတ်ကျနေသူတွေကိုလဲ ပေးနိုင်တယ်။ Schizophrenia စိတ်ရောဂါရှိသူ၊ Memory and mental agility သတိမေ့တတ်သူတွေကိုလဲ ပေးတယ်။ • Allergic diseases (အလာဂျီ) အတွက်လဲ သုံးတယ်။ • Fertility ကလေးမရနိုင်တဲ့အတွဲတွေ ယောက်ျားရော မိန်းမကိုပါ ပေးမယ်။ • Renal disease ကျောက်ကပ်ရောဂါ၊ Bone health အရိုးရောဂါ၊ Rheumatoid arthritis လေးဘက်နာသူတွေကိုလဲ ပေးတယ်။ • Menopause သွေးဆုံးချိန်မှာလဲ အသုံးကျတယ်။ • Antifolate ဆိုတာ ကင်ဆာ (ဆဲလ်) တွေ အပွါးမြန်တာကို တားဆီးဘို့ သုံးနိုင်တဲ့ဆေး ဖြစ်တယ်။ Methotrexate ခေါ်တယ်။ ဆေးက အလွန်ပြင်းတယ်။ • အားနည်ချက်တွေလဲ သိဘို့လိုတယ်။ Folic acid ဆေးပေးလို့ B12 deficiency ဗီတာမင် ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။ Folic acid ဆေးပေးတာများရင် ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ၅ နှစ်အောက် ကလေးတွေပေးလို့ (သံဓါတ်+ဖေါလစ်အက်စစ်) အားဆေးပေးတာ အသေအပျောက် ပိုများတာတွေ့ရတယ်။ • ပဲနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ပါနေတယ်။ လိမ်မော်သီးတလုံး = 54mcg; ကြက်ဥပြုတ်တလုံး = 22mcg; သင်္ဘောသီး အလတ်စားတလုံး = 115mcg; ပဲပြုတ် တခွက် = 280 mcg; ဟင်းနုနွယ်ရွက် တခွက် = 260 mcg; ထမင်းဖြူ 3/4 cup = 60mcg; ခရမ်းချဉ်သီးရည် 1 cup = 50mcg; ခေါက်ဆွဲပြုတ် 1 cup = 160mcg ပါတယ်။ • သတိထားဘို့က အစာထဲက (ဖေါလစ်-အက်စစ်) ကို မပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုတ်သင့်ဘူး။ "အသီးအရွက် စားတာကနေ ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုတာဟာ လိုတာထက် ပိုပြောနေတယ်" လို့လဲ နောက် လေ့လာမှုတွေက ထောက်ပြလာတယ်။ (ဖေါလစ်-အက်စစ်) က ရင်သား-ကင်ဆာ နဲ့ အူမကြီး-ကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနက ဆိုလာတယ်။ Dr. တင့်ဆွေ

No comments: