Saturday, May 31, 2014
စိတ်ကို ကန့် သတ် မပစ်လိုက်နဲ့ 
xxxxxxxxxxxxxxxxxxxxxxxx
ဖားကလေးတစ်ကောင်ကို ပလိုင်းထဲမှာ ထည့်ပြီး အဖုန်းပိတ်ထားကြည့်လိုက်ပါ။ ဒီဖားကလေးက ပလိုင်းထဲမှာ ပထမကြိမ် အဖြုတ်ဖြုတ်နဲ့ 
အားကုန် ခုန်နေလိမ့်မယ်။ သို့ သော် သူ့ ရဲ့ ဦးခေါင်းတွေ၊ အသားတွေဟာ ပလိုင်းနဲ့ ထိခတ်တာပဲ အဖတ်တင်ပါလိမ့်မယ်။
ဒုတိယအခါတွင်လည်း သူ့ အားကုန် ခုန်ဦးမှာပါပဲ။ ဒီတစ်ကြိမ်လည်း အရာမရောက်ပြန်ပါဘူး။ အသားတွေသာ နာကျင်နေတော့မယ်။ လွတ်
လမ်းတော့ မရှိပေ။ ဒီဖားကလေး စိတ်ဓာတ် ကျနေပြီပေါ့။ သူ့ အတွက် နာယုံကလွဲပြီး ဘာမှမရှိပေ။ နောက်တစ်ကြိမ် သူမခုန်တော့ပါဘူး။
ဒီအခါတွင် ပလိုင်းလေးကို ဖွင့်ပြီး ဖားလေးကို အပြင်ကို ထုတ်ကြည့်လိုက်ပါ။ ဒီဖားလေးဟာ ခဲမှန်ဖူးတဲ့ စာသူငယ်လေး ဖြစ်နေပါပြီ။ သူ ထပ်
ခုန်ဖို့ ကြောက်နေပြီပေါ့။ ခုန်ပြန်ရင်လည်း ပလိုင်း အမြင့်ထက် ပို မခုန်နိုင်ဘူး လို့  သူထင်သွားပြီလေ။ သူ ငြိမ်နေ တာပေါ့။
ဒါလေးကို ကျွန်တော်တို့ လူငယ်တွေ သင်ခန်းစာယူကြပါ။ နှစ်ပေါင်းများစွာ လုပ်ဆောင်ခွင့် အခွင့်အလမ်းတွေ နည်းခဲ့တဲ့ လူငယ်တွေဟာ ပလိုင်း
ထဲမှာ ပိတ်မိသွားတဲ့ ဖားကလေးလိုဖြစ်နေပြီလား။ ဒီနေ့ ပွင့်လင်းမြင်သာတဲ့ အချိန်တွေမှာ သူတို့ လုပ်နိုင်စွမ်းတွေ လျော့နေပြီလား။
ဖားကလေးလိုတော့ ထပ်မခုန်ပဲ မနေကြပါနဲ့ ။ လူငယ်တွေမှာ ပင်ကိုယ် လုပ်နိုင်စွမ်းရည် အပြည့်ရှိနေပြီးသားပါ။ ဒါကို လုပ်ပိုင်ခွင့်မရှိသေးပါဘူး၊
ကြိုးစားလည်း အလကားပါပဲ ဆိုတဲ့ အတွေးတွေနဲ့  စိတ်ကို မကန့် သတ်ပစ်လိုက်ပါနဲ့ ။
အသက်ရှင်နေသ၍ လူတိုင်း ကြိုးစားနေရမယ်။ ကြိုးစားပိုင်ခွင့်လည်း ရှိတယ်။ ယနေ့ မှာ လူငယ်တွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့  အလုပ်
လုပ်ပြရမယ့် အချိန်ကောင်းတစ်ခုကို ရောက်လာပါပြီ။ ဒါဟာ အခွင့်အရေးကောင်း ပေပဲ။
ရှေးမှာ လုပ်ခွင့်မရခဲ့တာနဲ့  ဘ၀ကို ကန့် သတ်ချက်ကြီး ချမပစ်လိုက်နဲ့ ပေါ့။ အခု လုပ်ပိုင်ခွင့်တွေ ရှိနေပြီပဲ။ ဒါဟာ ဘ၀ရဲ့ လမ်းစပါ။ ကြိုးစားကြဖို့ 
အချိန်တန်ပြီ။ မိမိတို့  လိုချင်ပါတယ်ဆိုတဲ့ အချိန်ကို လူကြီးတွေကလည်း ဖန်တီးပေးနေကြပြီ။
အပြောနဲ့ အလုပ် ညီဖို့ က လူငယ်တွေ တာဝန်ပဲ ကျန်တော့တယ်။ အခြေအနေလည်း ပေးနေပြီ၊ အချိန်အခါလည်း ရောက်နေပြီ။ လုပ်ဆောင်ချက်
တွေ ပြဖို့ ပဲ ရှိတော့တယ်။ လူငယ်တွေက ဖြစ်ချင်တဲ့ဆန္ဒကို ကန့် သတ်ချက်ကြောင့် ထိန်းချုပ်လိုက်ချိန်ဟာ တိုင်းပြည် နစ်နာတဲ့အချိန်ပါပဲ။
True Man
Subscribe to:
Post Comments (Atom)
No comments:
Post a Comment