Saturday, May 31, 2014

ဆီစားနှုန်းသက်သာစေမည့် အချက်များ .............................................. လောင်စာဆီ ဘယ်လိုချွေတာမလဲ ??? ကားတစ်စီး ၀ယ်စီးပြီး ဆီဖိုး အတွက်ငွေအကုန် အကျများနေလို့ ချွေတာ မယ်ဆိုရင် အသုံးပြုရမယ့် နည်းလမ်းလေးတွေပါ။ လီဘာ(accelerator) နင်းရတာ အဆင်ပြေအောင်လုပ်ပါ ....................................................................... ကားတစ်စီးမှာ ဆီဖိုး အကုန်အကျများစေတဲ့ အဓိကအချက်ကတော့ လီဘာနင်းရတာ အဆင်မပြေရင် ဖြစ်တတ်ပါတယ်။ ဒါကြောင့်မိမိကားရဲ့ လီဘာ ကိုဂရုစိုက်ပေးခြင်းဖြင့် ဆီဖိုးကုန်ကျငွေ ၅ ရာခိုင်နှုန်းကနေ ၃၃ ရာခိုင်နှုန်းအထိသက်သာစေပါတယ်။ တာယာကောင်းကောင်းသုံးပါ .................................... ကားဘီး တာယာ အကောင်းစား သုံးပေးပြီး တစ်လတစ်ခါလောက် အနည်းဆုံး စစ်ဆေးပေးခြင်းဟာလည်း ကားအမြန်နှုန်းခရီးရောက်မှုကို အထောက်အပံ့ဖြစ်စေတဲ့ အတွက် ၃ရာခိုင်နှုန်းလောက် ဆီဖိုးငွေကုန်ကျ ငွေကို သက်သာစေပါတယ်။ ကား air-con အသုံးပြုခြင်းဂရုပြုပါ ............................................. air-con အသုံးပြုခြင်းဂရုပြုပါဆိုလို့ လုံးဝချွေတာအသုံးမပြုခြင်းကိုဆိုလို တာတော့ မဟုတ်ပါဘူး။ ကား air-con အသုံးပြုတယ်ဆိုတာက ဆီစားနှုန်း ပိုစေတဲ့အတွက်ကြောင့် အသုံးပြုမယ်ဆိုရင်ဂရုပြုအသုံးပြုစေချင်ပါတယ်။ air-con ကို အမြင့်ဆုံးထိတင်ထားပြီး ကားတံခါးအနည်းငယ်ဟ နေခြင်းဖြင့် ကားအတွင်းလေဖိအားများပြီး ဆီစားနှုန်းပိုစေတဲ့အတွက်ကြောင့် အသုံးပြုမယ် ဆိုရင် ဂရုစိုက်အသုံးခြင်းဖြင့် ချွေတာနိုင်မှာပါ။ မိမိကားကို ဂရုစိုက်ပါ ......................... ကားတစ်စီးမှာ လည်ပတ်နေတဲ့အစိတ်အပိုင်းအားလုံး အကောင်းဆုံးအနေ အထားမှာ ရှိနေဖို့ ဂရုစိုက်ခြင်းဖြင့် သင့်ရဲ့ငွေကိုချွေတာနိုင်မှာပါ။ ဥပမာ-မိမိကားကို ပုံမှန်စစ်ဆေးပေးခြင်း။ ကားနဲ့ ကုန်ရဲ့ အလေးချိန် ................................ ကားတစ်စီး ရဲ့ အလေးချိန် ကလည်း ဆီစားနှုန်းကို အများကြီးအကျိုးသက် ရောက်စေပါတယ်။ ဒါပြင် ကားပေါ်တင်ဆောင်ယူမယ့် ပစ္စည်းအလေးချိန် ဟာ လိုအပ်တာထက် များနေမယ်ဆိုရင် ဆီစားနှုန်းချွေတာဖို့ ဆိုတာ အဆင်မပြေနိုင်ပါဘူး။ Ref; Motor.com.mm

No comments: