Saturday, March 22, 2014
ရေအကျိုးဆယ်ပါး @ Benefits of drinking water
=========================
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး
ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။
ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်
အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။
အီးပေါက်ခြင်း (Fart) အကြောင်း တစေ့ တစောင်း ))) xD
လည်လိုက်တဲ့လေဟာ သင့်စအိုဝကနေ တစ်နာရီ ၇ မိုင်နှုန်းနဲ့ တွန်းဖြတ်ထွက်သွားပါတယ်
အသံမထွက်တဲ့ အီးဟာ အနံ့ပိုပြင်းပါတယ်
အီးရဲ့ အပူချိန်ဟာ 98.6 ဒီဂရီ ဖာရင်ဟိုက်ရှိပါတယ်
လည်လိုက်တဲ့လေဟာ မီးလောင်နိုင်ပါတယ်
----------------------------------------------------------------
= လေလည်ခြင်းဆိုတာ အူလမ်းကြောင်းအတွင်းမှာရှိတဲ့ ဓာတ်ငွေ့တွေဟာ စအိုကတစ်ဆင့် ထွက်သွားတာပါပဲ.. တစ်ခါတစ်လေ အနံ့မထွက်သလို တစ်ခါတစ်လေတော့လည်း ဆိုးဆိုးဝါးဝါးနံတတ်ပါတယ်... ဒါပေမဲ့ ဘာကြောင့် သင်လေလည်ရသလဲဆိုတာကို သင်သိပါသလား... သင်လေလည်လိုက်တဲ့အသံဟာ တစ်ခါတစ်လေ ဟွန်းတီးသလို အသံအကျယ်ကြီးထွက်ပြီး တစ်ခါတစ်လေ ကြွက်တစ်ကောင်လို တိုးတိုးတိတ်တိတ်ထွက်သွားတတ်တာ ဘာကြောင့်လဲဆိုတာကော သင်သိပါသလား...
= လေပွခြင်းဆိုတာ အစာခြေဖျက်မှုလုပ်ငန်းစဉ်ရဲ့ ဘေးထွက်တစ်ခုအဖြစ် အစာခြေလမ်းကြောင်းထဲမှာ လေနဲ့ ဓာတ်ငွေ့အရောအနှောတစ်ခုဖြစ်ပေါ်ခြင်းဖြစ်ပါတယ်...
= သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို ၁၄ ကြိမ်လေလည်ပြီး တစ်နေ့တာအတွင်း လည်လိုက်တဲ့လေပမာဏဟာ လီတာဝက်လောက် ရှိပါတယ်...
= လည်လိုက်တဲ့လေဟာ သင့်စအိုဝကနေ တစ်နာရီ ၇ မိုင်နှုန်းနဲ့ တွန်းဖြတ်ထွက်သွားပါတယ်...
= လည်လိုက်တဲ့လေဟာ မီးလောင်နိုင်ပါတယ်...
= ထွက်လာတဲ့လေရဲ့ အပူချိန်ဟာ 98.6 ဒီဂရီ ဖာရင်ဟိုက်ရှိပါတယ်...
= အလုံပိတ်အခန်းထဲမှာ သင်လည်ထားတဲ့လေတွေပြည့်နေရင်တောင် သင့်အနေနဲ့ အသက်ရှူမကြပ်နိုင်ပါဘူး...
= လည်လိုက်တဲ့လေအများစုဟာ မျိုချခဲ့တဲ့အစာတွေက ထွက်လာတာဖြစ်ပြီး အဓိကအားဖြင့် နိုက်ထရိုဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တို့ပါဝင်ကာ အနံ့မရှိသလောက်ပါပဲ... ဒီလေတွေရဲ့ လေပူဖောင်းတွေဟာ ကြီးမားပြီး အသံအကျယ်ကြီးထွက်စေပါတယ်...
= ဘက်တီးရီးယားကြောင့်အချဉ်ပေါက်ခြင်းနဲ့ အစာခြေလုပ်ငန်းစဉ်တို့ကြောင့်သာ အနံ့ပြင်းတဲ့ လေတစ်ချို့ကို လည်စေပါတယ်... ဒီလိုလေတွေရဲ့ လေပူဖောင်းတွေကတော့ သေးငယ်ပြီး အနံ့ပြင်းပါတယ်... အသံလည်းမထွက်ပါဘူး... (အသံမထွက်တဲ့ အီးဟာ အနံ့ပိုပြင်းပါတယ်.. )
= လည်လိုက်တဲ့လေမှာပါဝင်တဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် (H2S) ဓာတ်ပေါင်းဟာ အပုပ်နံ့ကိုထွက်စေပါတယ်...
= စအိုဝမှာရှိတဲ့ အာရုံကြောတွေက လေလည်တာနဲ့ မစင်စွန့်တာနဲ့ကို ခွဲခြားပေးပါတယ်... ဒါပေမဲ့ တစ်ခါတစ်လေ သင့်ဝမ်းက သာမန်ထက်ပိုပျော့နေတဲ့အခါမျိုးမှာ အာရုံကြောတွေက ကောင်းစွာမခွဲခြားနိုင်ပဲဖြစ်တတ်ပါတယ်.. ဒီလိုအခါမျိုးမှာ ဝမ်းနဲ့လေနဲ့မကွဲတာမျိုး ဖြစ်လေ့ရှိပါတယ်...
= လူတစ်ယောက်ဟာ သေဆုံးပြီးနောက်ပိုင်းမှာလည်း လေလည်နိုင်တုန်းပါပဲ...
= ပဲစေ့တွေဟာ လေပိုလည်စေပါတယ်... လူ့ကိုယ်ခန္ဓာဟာ ကာဘွန်ဟိုက်ဒရိုက်အမျိုးအစားဖြစ်တဲ့ တစ်ချို့ Polysaccharide တွေကို မခြေဖျက်နိုင်ပါဘူး... ဒီကာဘွန်ဟိုက်ဒရိုက်တွေဟာ အူအောက်ပိုင်းကိုရောက်လာတဲ့အခါမှာ ဘက်တီးရီးယားတွေကစားသုံးပြီး လေအများအပြားလည်စေပါတယ်...
----------------------------------------------------------------
လေးဘက်နာ ရောဂါနှင့် ဂေါက်ရောဂါ (လုံးဝ) မတူပါ
လူအများစု ရောထွေး နေတတ်သည့် လေးဘက်နာ ရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။
ထိုရောဂါနှစ်ခုမှာ အဆစ်အမြစ်ကိုက်ခဲခြင်း (joint pain) တူညီသော်ငြားလည်း ရောဂါဖြစ်ပေါ်ရခြင်း အခြေခံ အကြောင်း တရားချင်း လုံးဝ တူညီမှု မရှိသလို ကုသမှုသည်လည်း ကွဲပြားပါသည်။
လေးဘက်နာရောဂါ (Rheumatic fever)
လေးဘက်နာ ရောဂါသည် Streptococcus ဟုခေါ်သည့် ဘက်တီရီးယား ပိုးကြောင့် ဖြစ်ရသော ရောဂါ ဖြစ်ပါသည်။ ကလေးအသက် ၆နှစ်မှ ၁၅နှစ်အတွင်းတွင် ၎င်းပိုးကြောင့် လည်ချောင်း ခဏခဏ နာခြင်းမှ ဆက်၍ လေးဘက်နာ ရောဂါ ဖြစ်ပေါ် နိုင်ပါသည်။ ထိုရောဂါကြောင့် အဓိက ထိခိုက်နိုင်သော အင်္ဂါများမှာ အဆစ်နှင့် နှလုံးတို့ ဖြစ်ပါသည်။ ရောဂါ လက္ခဏာ များကတော့ ကိုယ်လက် ကိုက်ခဲခြင်း၊ အဆစ်အမြစ် ရောင်ခြင်း၊ အဖျားတက်ခြင်းနှင့် နှာခေါင်းသွေးယိုခြင်း တို့ဖြစ်ပါသည်။ လေးဘက်နာ ရောဂါ ရှိမရှိကို ASO test ( Antistreptolysin O ) စစ်ခြင်းဖြင့် သိနိုင်ပါသည်။ Normal ASO test range သည် ၂၀၀ ဖြစ်ပါသည်။ ထိုထက်များပါက ရောဂါရှိသည်ဟု ဆိုနိုင်ပါသည်။ လေးဘက်နာ ရောဂါသည် ဘက်တီးရီးယား ပိုးကြောင့် ဖြစ်သောရောဂါ ဖြစ်သည့် အားလျော်စွာ ၎င်းကို ပိုးသတ်ဆေး (antibiotics များ) နှင့် ကုသလေ့ ရှိပါသည်။ ရုတ်တရက် ဆိုးရွားစွာ ဖြစ်ပေါ်လာသော လေးဘက်နာ အတွက် အကိုက်အခဲ ပျောက်ဆေး၊ အရောင်ကျဆေး များဖြင့် ကုသတတ်သလို ရောဂါ ပြန်ဖြစ်ခြင်းမှ ကာကွယ်ရန်လည်း antibiotics ဆေးဆ အနည်းငယ်ကို နှစ်ရှည် သောက်ရ တတ်သည်။ ထို့သို့ မသောက်ပါက ပြန်ဖြစ်တတ်သည့် ရောဂါမျိုး ဖြစ်ပါသည်။
ဂေါက်ရောဂါ (Gout)
ဂေါက်ရောဂါ ဖြစ်ရခြင်း အကြောင်းမှာ သွေးထဲတွင် Uric acid များနေခြင်းကြောင့် ဖြစ်ရပါသည်။ အဆစ်အမြစ်များတွင် Uric acid crystal များအနည်ထိုင်ခြင်းမှ အဆစ်အမြစ် ကိုက်ခဲ စေပါသည်။ Uric acid ကိုခန္ဓာကိုယ်တွင်းရှိ purine ပြိုကွဲခြင်းမှ ရရှိပါသည်။ ထိုကြောင့် purine များသော အစားအစာများကို ဂေါက်ရောဂါရှင်များ ရှောင်ရတတ်ပါသည်။ purine များသော အစားအစာအချို့မှာ ကလီစာများ၊ ပန်းဂေါ်ဖီ၊ မှို၊ ပဲ နှင့် beer တို့ဖြစ်ပါသည်။ များသော အားဖြင့်တော့ လူကြီးများက မြေအောက်မှာ ပေါက်သော အစားအစာများဟု မှတ်ထား တတ်ကြပါသည်။ ဂေါက်ရောဂါတွင် အဆစ်အမြစ် များသည် နီ၊ ပူပြီး ရောင်ရမ်းလေ့ ရှိပါသည်။ ကုသမှု အနေဖြင့်တော့ အကိုက်အခဲ ပျောက်ဆေးများ၊ steroid များဖြင့် ကုသလေ့ ရှိပါသည်။ အစားအစာ အနေနှင့် strawberry, cherry, lemonနှင့် ငှက်ပျောသီးတို့သည် ဂေါက်ရောဂါ လက္ခဏာ အတွက် အထူး သင့်လျော်ပါသည်။
နိဂုံးချုပ် အားဖြင့် ရောဂါနှစ်ခုမှာ လက္ခဏာခြင်း တူသော်လည်း ဖြစ်ပေါ်ပုံ အခြေခံ အကြောင်းအရင်းခြင်း မတူသလို ကုသပုံမှာလည်း ကွဲပြားပါသည်။ အစားအစာ အနေနှင့် လေးဖက်နာတွင် ရှောင်ကြဉ်ရန် မလိုသော်လည်း ဂေါက်ရောဂါအတွက်တော့ အစား ရှောင်ခြင်းသည် ကုသမှုအတွက် များစွာ အထောက်အကူ ဖြစ်ပါသည်။
သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသန ပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။
ဖင်လန်နဲ့ အက်စတိုးနီးယား သုတေသီတွေက သွေးထဲက ဓာတ်ပစ္စည်းတွေကို စစ်ဆေးလိုက်တာနဲ့ ဒီလူ ဟာ ကျန်းမာမှု ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်အချိန်ထိ အသက်ရှင် ကျန်းမာမယ်၊ သေစေတတ်တဲ့ ကင်ဆာ အပါအဝင် ဘယ်လို ရောဂါ မျိုးတွေ ရှိနိုင်မလဲဆိုတာ သွေး ကို စစ်လိုက်တာနဲ့ သိရမှာဖြစ်ပြီး
သေဆုံးမယ့် အချိန်ကို အတော် နီးနီးစပ်စပ် ခန့် မှန်း နိုင်တယ်လို့ Los Angeles Times သတင်းတပုဒ် က ဆိုပါတယ်။
သူတို့ အခေါ် "Biomarkers" က ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ညွှန်ပြနေတာဖြစ်ပြီး Death Biomarkers တွေက တော့ သေစေနိုင်တဲ့ အခြေအနေတွေကို ကြိုတင် သတိပေးနိုင်တာကြောင့် ကိုယ် မသေချင်သေးရင်လည်း သေလောက်တဲ့ အခြေအနေမရှိအောင် ဖြည့်ဆည်းမှုတွေ လုပ်ပြီး အသက် ကို ဆွဲဆန့်စေနိုင်မယ့်လက္ခဏမျိုးပါ။
ဒါပေမယ့် တချို့ Death Biomarkers တွေကတော့ ဘယ်လိုမှ ဆွဲဆန့်လို့ရမယ့် အနေအထားရှိဟန် မတူပါဘူး။
Biomarker ၄ မျိုးရှိပြီး အဲဒီညွှန်းကိန်းတွေကို ကြည့်ပြီး ကျန်းမာတဲ့သူ၊ သေတော့မယ့်သူတွေကို ခွဲခြား သိနိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။ အခု စမ်းသပ်မှုကို အသက် ၂၄ နှစ်ကနေ ၇၄ နှစ်ကြားရှိတဲ့ ဖင်လန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၄၄၄ ဦးကို သီးခြား စီ စမ်းသပ်သုတေသန လုပ်ခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
Cridit : The Irrawaddy
နောင် တ (၁၀) မျိုး
-------------------
၁ ။ အချိန်ရှိ ခိုက် ငယ် စဉ် က ပညာ မ သင် ခဲ့ မိ လေ ခြင်း။
၂ ။ ဥစ္စာ မ စု စောင်း မိ ခဲ့ လေ ခြင်း ။
၃ ။ သူ တ ပါး၏ အ ချစ် ကို ဖျက် စီး မိ ခဲ့ လေ ခြင်း ။
၎ ။ သူ တပါး အသက် ကို သက် မိ ခဲ့ လေ ခြင်း။
၅ ။ သူ တ ပါး သား မ ယား ကို ပြစ် မှား မိ ခဲ့ လေ ခြင်း ။
၆ ။ ဥစ္စာ ပစ္စည်း ရှိ လျှက် မလှူမိ ခဲ့ လေ ခြင်း ။
၇ ။ ဆုံး မ စ ကား ကို နား မ ထောင် မိ ခဲ့ လေ ခြင်း ။
၈ ။ မိ ဘ ကို မ လုပ် ကျွေး မိ ခဲ့ လေ ခြင်း ။
၉ ။ ပညာ ရှိ ထံ နည်း ခံ ၍ မ သင် ကြား မိ ခဲ့ လေ ခြင်း ။
၁၀ ။ မြတ် သော အ ကျင့် ကို မ ကျင့် မိ ခဲ့ လေ ခြင်း ။
[ ဒွါဒသနိပါတ် ၊ ဇနသန္ဓဇာတ်
ကင်ဆာရောဂါ ကာကွယ် နိုင်အောင် ဂေါ်ဖီထုပ် စားပါ
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက် တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက် နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင် လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥ လိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ် တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခု လေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်း ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန် ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ် ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ် ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချ နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
Credit Good Health
အိန္ဒိယနိုင်ငံတွင် ယခုအချိန်ထိ ကိုးကွယ်နေဆဲဖြစ်သော
ဂျိန်းဘာသာနှင့် ဂျိန်းဘုရား မဟာဝီရအကြောင်းသိကောင်းစရာ
======================
ဂျိန်းဘုရား မဟာဝီရသည် ၀ဇ္ဇီတိုင်း၊ ဝေသာလီမြို့၊ လိစ္ဆ၀ီမင်းမျိုးမှ မင်းသား တစ်ပါးဖြစ်သည်။
မဟာဝီရကို ၀ဇ္ဇီတိုင်း၊ ဝေသာလီမြို့အနီး ကုဏ္ဍိကရွာတွင် မခင်ဦးနာဋ္ဋ၊ မိခင်ဒေါ်တရိရှလတို့မှ မီးရှုသန့်စင် ဖွားမြင်သည်။ ငယ်နာမည်မှာ နာဋ္ဋ၏သားဖြစ်သောကြောင့် ‘နာဋ္ဋပတ္တ’ဖြစ်၏။ နိဂဏ္ဍဂိုဏ်းသို့ ၀င်ရောက်လာသောအခါ နိဂဏ္ဍ ဟုလည်းထပ်၍ အမည်ရပြန်သည်။ ထို့ကြောင့် သူ့ကို အများအားဖြင့် နိဂဏ္ဍနာဋ္ဋပုတ္တ ဟုပင်ခေါ်ကြသည်။
မဟာဝီရ၏ မိခင် ဒေါ်တရိရှလသည် ဝေသာလီပြည်၊ လစ္ဆ၀ီမင်းသား ဦးဆေတက ၏ နှမဖြစ်ပြီး ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းကြီး၏ မိဖုရား ဒေါ်ဆေလန ၏ ညီမလည်းဖြစ်သည်။
မဟာဝီရသည် နှမ၀မ်းကွဲတော်စပ်သူနှင့် အိမ်ထောင်ပြုပြီး သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ထို့နောက် အိမ်ထောင်ကို စွန့်၍ အသက် (၃၀)အရွယ်တွင်တောထွက်ခဲ့သည်။တောထွက်သည့်အခါနိဂဏ္ဍ
ဂိုဏ်းဝင်ဘုန်းကြီးများကဲ့သို့ပင် အ၀တ်မ၀တ်ဘဲကျင့်ခဲ့သည်။
နိဂဏ္ဍဂိုဏ်းသားတို့၏ ကျင့်စဉ်ဖြစ်သော အဟိံသစသောအကျင့်များကို (၁၂)နှစ်ကြာကျင့်ကြံအားထုတ်ခဲ့သည်။ မဟာဝီရသည် နိဂဏ္ဍခေါင်းဆောင် သေပြီးနောက် နိဂဏ္ဍခေါင်းဆောင် ဘုရားအဖြစ်နှင့် ကိလေသာငြိမ်းကြောင်းနှင့် အောင်မြင်ရေးတရားများကို ဟောပြခြင်းကြောင့် ‘ဂျိနဗုဒ္ဓ-ဂျိန်းဘုရား မဟာဝီရ’ ဟူ၍ ကျော်ကြားထင်ရှားလာခဲ့သည်။
ဂျိန်ဒ၀ါဒသည် ဗုဒ္ဓ၀ါဒနှင့် အတူပေါ်ထွန်းခဲ့သည်ဟု စာပေများတွင်ဖော်ပြကြသည်။ သို့ရာတွင် ဂျိန်းဝါဒ သုတေသီများက ဂျိန်းဝါဒသည် ဗုဒ္ဓ၀ါဒမတိုင်မှီကတည်းကပင် ပေါ်ထွက်ခဲ့သော ၀ါဒဖြစ်၍ ဂျိန်းဘုရားများ အများအပြားပင်ရှိခဲ့သည်ဟု ဆိုကြသည်။ ဂျိန်းဂိုဏ်း၌ ဂျိန်းဆရာပေါင်း (၂၄)ဦးရှိပြီး ပထမပုဂ္ဂိုလ်မှာ ‘ရသဘဒေ၀’ ဖြစ်သည်။ နောက်ဆုံးပုဂ္ဂိုလ်မှာ ဘီစီ (၆)ရာစုတွင်ဗုဒ္ဓနှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သူ ဂျိန်းဘုရား မဟာဝီရပင်ဖြစ်သည်။
မဟာဝီရသည် ဂျိန်းဝါဒ၊ ဂျိန်းဘာသာကို စတင်တည်ထောင်ခဲ့သူတော့ မဟုတ်ပေ။ သူ့ဆရာ ပရရှ်ဝနာထ်(Parshvanath) တည်ထောင်ခဲ့သော ၀ါဒဖြစ်သည်။ ပရရှ်ဝနာထ်သည် သူနှင့် သူ့တပည့်ဘုန်းကြီးများအား အ၀တ်သင်္ကန်းကို ၀တ်ရုံရန်ခွင့်ပြုခဲ့သည်။ သို့သော် မဟာဝီရသည် ဂိုဏ်းခေါင်းဆောင် ပုဂ္ဂိုလ်ဖြစ်လာသောအခါ ရှေးဟောင်း နိဂဏ္ဍ (နှောင်ကြိုးကင်းပြီးသူ) ဂိုဏ်းကိုပြန်လည် အသက်သွင်းပြီး သူ့တပည့်ဘုန်းကြီးများကို အ၀တ်သင်္ကန်း လုံးဝ မ၀တ်ရန် အမိန့်ထုတ် ပညတ်လိုက်သည်။
ထို့ပြင် သံသရာမှ လွတ်မြောက်အောင်အတွက် ဒုက္ခခံရမည်ဟုဆိုကာ ‘အတ္ထကိလာမထနုယောဂ’(ခန္ဓာကိုယ်ကို ညှင်းပန်းနှိပ်စက်သော) အကျင့်များကို ကျင့်ဖို့ဟောကြားပြီး ခန္ဓာကိုယ်ကို ညှင်းဆဲမှ ကိလေသာတဏှာစိတ်များ ကင်းပြတ်၍ ချမ်းသာစွာနေရမည်ဟု ဟောကြားသည်။ ဒုက္ခတထောင်ကျင့်လျှင် ကံဟောင်းတထောင် ကုန်မည်ဟု ဆိုကာ မြေကြီးပေါ် (သို့မဟုတ်) ဆူးခက်ပေါ် အိပ်ခြင်းစသည့် ပြင်းထန်သော အကျင့်များကို ကျင့်ရန်ဟောကြားသည်။
ရေသည် ပိုးမွှားပါရှိသဖြင့် ရေကို စစ်ပြီးမှ သောက်သုံးရမည်။ ထို့အတူလေသည် ပိုးမွှားပါရှိသဖြင့် ပါးစပ်ကို အ၀တ်ဖြင့် ပိတ်ထားရမည်။
မြေသည်လည်း ပိုးမွှားများရှိနေသဖြင့် ဖိနပ်မစီးရဟု ပညတ်လိုက်သည်။
တပည့်သာဝက ဘုန်းကြီးယောက်ျားများကိုလည်း ကိလေသာပြတ်အောင် ယောက်ျားအင်္ဂါဇာတ်ကို လက်ဝါး၊ ဒုတ်၊ သံမှိုစသည်များနှင့် ညှင်းဆဲရမည်ဟု ပညတ်လိုက်သည်။( လူမိန်းမ၊ နတ်၊ တိရစ္ဆာန်များ ကိလေသာပြတ်အောင် ညှင်းဆဲနည်းကိုကား မသိရှိပါ)။
ဂျိန်းဘာသာဝင်များသည် အဓိကအားဖြင့် အဟိံသ ကျင့်ဝတ်ကို လိုက်နာကျင့်သုံးကြရသည်။ အဟိံသ အကျင့်ဆိုသည်မှာ သူ့အသက်ကို မညှင်းဆဲရ၊ မနှိပ်စက်ရဟု ဆိုလိုသည်။ အဟိံသတရားကို အထိမ်းအမှတ်အဖြစ် စကြာလေ့ထောင့်ကွက်ပြုပြီး ဂျိန်းရုပ်ပွါးရင်ဘတ်ပေါ်မှာရေးဆွဲကြသည်။ ကျောင်းဆောင် စသည်များ၌လည်း ရေးဆွဲကြသည်။
ဂျိန်းဘာသာတွင် ဒိဂမ္ဗရ-အ၀တ်မ၀တ်သောဂိုဏ်း၊ ဆီတမ္ဗရ-အ၀တ်ဖြူဝတ်သောဂိုဏ်းဟု ဂိုဏ်းနှစ်ဂိုဏ်းရှိသည်။
ဗုဒ္ဓ(သိတော်မူသောဘုရား)နှင့် ဇိန(အောင်တော်မူသောဘုရား) အမည်တို့သည် သိဒ္ဓတ္ထနှင့်သော်လည်းကောင်း၊ နာဋ္ဋပုတ္တနှင့်သော်လည်းကောင်း၊ အခြားသော ပုဂ္ဂိုလ်နှင့်သော်လည်းကောင်း၊ အသိဥာဏ်ရှိသသူ၊ အောင်မြင်ပြီးသူ၊ ဘယ်သူနှင့်မဆို သက်ဆိုင်သော အမည်များဖြစ်သည်။
ယခုအခါ ဗုဒ္ဓဟူသောအမည်သည် သိဒ္ဓတ္ထမင်းသား၏ အမည်ဖြစ်လာပြီး ဇိန(ကုလားအသံ ဂျိန) ဟူသောအမည်သည် နာဋ္ဋပတ္တ၏ အမည်ဖြစ်လာသည်။ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များသည် အ၀တ်မ၀တ်သော ဂျိန်းဘုန်းကြီးများကို ငါတို့နှင့် ဆန့်ကျင်သူ တိတ္ထိဟူ၍ ပြောဆိုခေါ်ဝေါ်ကြသလို ဂျိန်းဘုန်းကြီးများကလည်း ဗုဒ္ဓဘာသာရဟန်းတော်များကို ငါတို့နှင့် ဆန့်ကျင်သူ တိတ္ထိဟူ၍ ပြန်ပြီး ခေါ်ဝေါ်ပြောဆိုကြသည်။
မဟာဝီရကို
၁။ နိဂဏ္ဍ
၂။နာဋ္ဋပုတ္တ
၃။ ဂျိန
၎။မဟာဝီရ ဟူ၍ အမည်လေးမျိုးခေါ်ဝေါ်ကြသည်။ မဟာဝီရ ဂျိန်းဘုရားသည် မလ္လတိုင်း ပါဝါမြို့၌ ဗုဒ္ဓထက်စော၍ကွယ်လွန်(ပရိနိဗ္ဗာန်စံ)သွားခဲ့သည်။
ဂျိန်းဘာသာဝင်များသည် မဟာဝီရ(ဂျိန)ကို ဗုဒ္ဓဆင်းထုတော်အတိုင်း အတုယူ၍ ရုပ်ထုလုပ်ကာ ပူဇော်ကြသည်။
စေတနာဖြင့်
ဓမ္မဒါယာဒ အရှင်နန္ဒသာရ(မဇ္ဈိမဒေသ)
(၄-၃-၂၀၁၄)
……………………………………………………………………………..
Ref: သြဘာသ(ဦး)၊မဇ္ဈိမဒေသ၊မြို့ရွာများမှ သမိုင်းရုပ်ကြွင်းပုံလွှာများ
နန္ဒာသိန်းဇံ၊လူကိုချည်းကပ်သောနည်းလမ်းမျာ၏ ချွတ်ယွင်းချက်နှင့်
တွေဝေသောအတွေးအခေါ်များ။
(ဂျိန်းဘုန်းကြီးများ ညီလာခံ
ပါကင်ဆန်ရောဂါ အကြောင်း ...........
ပါကင်ဆန် (Parkinson ) ရောဂါဆိုတာ ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာဖြစ်သော ရောဂါတစ်မျိုးပါ ။ ဇရာတရားကြောင့် အသက်ကြီးသည့် လူကြီးပိုင်းများတွင် အဖြစ်များသောရောဂါလည်းဖြစ်ပါသည် ။ အသက်ကြီးရင့်လာသည့်နှင့်အမျှ ခန္ဓာကိုယ့်သည် ငယ်ရွယ်စဉ်ကဲ့ လှုပ်ရှားဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ လေးလံနှေးကွေးလာခြင်း ၊ တုန်တုန်ရီရီများဖြစ်ပေါ်လာပါသည် ။ အသက်အရွယ်အပိုင်းခြားကြောင့် အသက်ကြီးရင့်သည့် သူများတွင် အာရုံကြောများအားနည်းလာခြင်း ဦးနှောက်နာ့ဖ်ကြောတွေ ပျက်ဆီးယိုယွင်းလာခြင်းတို့ ကြောင့် ပါကင်ဆန်ဆိုသည့်ရောဂါကို အသက်ကြီးပိုင်းအရွယ်များတွင် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည် ။
ရောဂါလက္ခဏာများမှာ ခြေတွေလက်တွေ မှာရှိသည့် ကြွက်သားနေရာတွေများ တင်းတင်းဖြစ်ပြီး ကွေးရဆန်ရမကောင်းဖြစ်လာခြင်းကြောင့် လမ်းလျှောက်သည့်အခါ ခြေလက်တွဲလျှောက်ရတာ ခက်ခဲမှု့ တွေဖြစ်လာမယ် ။
လက်တွေ ခြေတွေ တုန်တုန်ရီရီဖြစ်လာမယ် ။ လက်ခြောက်လေးတွေ တုန်တုန်ခါခါနေသည့်အချိန်ဆိုရင် ရောဂါအနေဖြင့် အဆိုးဆုံးဖက်သို့ ရောက်ရှိသည့် အချိန်ပိုင်းတွင် အဖြစ်များပါသည် ။
မိမိကိုယ်တိုင်ပင် မတ်တပ်ရပ်ဖို့ ပင် အနေအထားအဖြစ်သို့ ရောက်ရှိလာပြီး ရပ်လိုက်ရင်ဖြင့် လဲသွားမည့် အနေအထားအဖြစ်ဖြစ်ပေါ်လာပါသည် ။ ထိုအချိန်မျိုးတွင် လဲခြင်းဖြစ်ပေါ်လာပါက အရိုးကျိုးခြင်း အရိုးအက်ခြင်း ဖြစ်ပြီး အိပ်ယာထက်ပေါ်တွင် လဲနေရသည့်အနေထားဖြစ်ပြီး မိမိကိုယ်တိုင်ပင် လမ်းပင် မလျှောက်နိုင်တော့ဘဲ တွန်းလှည်းဖြင့် သွားလာရသည့် အနေအထားအဖြစ်သို့ ပင် ဖြစ်ပါသည် ။
ပါကင်ဆန်ရောဂါဖြစ်ပါက ကုသရန် မလွယ်ကူသော ရောဂါတစ်မျိုးလည်းဖြစ်ပါသည် ။
လူနာကို အမျှင်များသောအစားအစာများကို ကျွေးပါ ၊ အဆီအဆိမ့်များသော အစားအစာများလုံးဝရှောင်ပေးပါ ၊ မပင်ပန်းသော ကိုယ်လက်လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးပါ ၊ စိတ်ပျော်ရွှင်စေသော စကားများဆိုခြင်း ပြသပေးခြင်းလုပ်ဆောင်ပေးပါ ၊ စိတ်တည်ငြိမ်စေရန် တရားအလုပ်ပေးပါ ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မကြာမကြာတွေ့ ဆုံ စကားပြောပြောခြင်းဖြင့် စိတ်ဓာတ်ခွန်အားကို ပေးပါ ။
အနှစ်ချုပ်အနေဖြင့် ပြောလိုသည်မှာ သက်ကြီးအရွယ် ဇရာအိုသောအချိန်ခါမှာ ပါကင်ဆန်ရောဂါစွဲကပ်သည်လူနာကို မိသားစုဝင် သားသမီးများ ၊ဆွေမျိုးများနှင့် ကျန်းမာရေး စောင့်ရှောက်သူများ တို့ သည် အသက်ကြီးရွယ်အို ဘဝတွေဆိုပြေစေဖို့ အတွက် နှလုံးသားလှ စိတ်ကောင်းများ ဖြင့် ကြင်ကြင်နာနာ ကူညီဖေးမ စေတနာထားကာ စောင့်ရှောက်ပေးကြပါ ။
အသက်ရာကျော် ရှည်ပါစေ
ကလေးငယ် များနှင့် ပတ်သက် ပြီးသိ သင့်သော အရာများ
ကလေးကို လက်ဆွဲပြီး ပင့်ခေါ်သွား တာမျိုးတွေ၊ စိတ်မရှည်လို့ ကလေးရဲ့ လက်ကို တရွတ်တိုက်ဆွဲ သွားတာမျိုး ပြီးတော့ ကလေးကို ပင့်ချီတဲ့ အခါကြရင် လက်နှစ်ဖက်က နေစပြီး ပင့်ချီတာ မျိုးတွေ ဟာကလေးတွေ အတွက်တော့ လက်အဆစ်တွေမှာ ဆိုးရွားလွန်းတဲ့ ဒါဏ်တွေဖြစ်နိုင် တယ်ဆိုတာ လေ့လာတွေ့ရှိ ထားပါတယ်။ အရွယ်မရောက် သေးတဲ့ ကလေးတွေရဲ့ အရိုးတွေဟာ အင်မတန်နုနယ် လွန်းပါတယ်။
ဒါကြောင့် လူကြီးတွေက လမ်းလျှောက်ထွက်တဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်
ရဲ့ အရပ်နဲ့  တိုင်းပြီး ကလေးကိုလက်ဆွဲပြီးသွား တာကို အတတ်နိုင်ဆုံး
ရှောင်ကျဉ် သင့်ပါတယ်၊ ပြီးတော့ ကလေး လက်နှစ်ဖက် ကိုဆွဲပြီး လေထဲ ဝေ့ ကစားတာ များကိုလဲ ရှောင်ကျဉ် သင့် ပါတယ်။ အဓိက ကတော့ ကလေး ဘက်ကို ဆွဲသော အရာ အားလုံး ဖြစ်နိုင် လျှင်ရှောင် ကျဉ် သင့် ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကလေးရဲ့  အရိုး အဆစ်တွေ ပြုတ်ပြီး သာမှန်ထက်မ သန်စွမ်းတာ မျိုးတို့၊ အဆစ်မြစ်နာ ကျင်ခြင်း ဝေဒနာ တွေကိုအရွယ်ရောက် တဲ့အခါကျရင် မလွဲမသွေ ခံစားနိုင်ပါ တယ်။
ဒါကြောင့် ပတ်ဝန်းကျင်မှာ မြင်တွေ့ရ ရင်လည်း လက်ဆင့် ကမ်းမျှဝေ ပေးကြပါလို့ တိုက်တွန်း ရေးသား လိုက်ရပါတယ်။
ရုတ်တရက် နှလုံးအတိုက်ခိုက် ခံရခြင်း)
အဓိပ္ပာယ်။ ။ ခန္ဓာကိုယ်အတွင်း နှလုံးနဲ့သွေးမှ အောက်ဆီဂျင် လုံလောက်စွာမရရင် ရုတ်တရက် နှလုံးအတိုက်ခိုက် (Auto Myocardial Injord) ခံရတတ်ပါတယ်။ ဒီလိုဆိုရင် နှလုံးဟာ
တဖြည်းဖြည်းနီလာပြီး အဆီအနှစ်များ ပိုမိုစုပုံလာတဲ့အတွက် သွေးကြောနံရံတွေက တဖြည်းဖြည်း မာကျောလာတယ်။ တဖြည်းဖြည်း အစိုင်အခဲဖြစ်လာကာ အောက်ဆီဂျင် လုံလောက်စွာ မရတဲ့အခါ တစ်သျှူးပျက်စီးခြင်းတွေ ဖြစ်ပေါ်စေတယ်။ ဝေဒနာခံစားချိန် ၁၅ မိနစ်ထက်မကြာဘဲ နဂိုနေမြဲပြန်ရောက်နိုင်ပေမဲ့ နှလုံးကြွက်သား အစိတ်အပိုင်း တစ်ခုပျက်စီး ပြီးရင် နှလုံးအတိုက် ခံရ ခြင်းဖြစ်စေတတ်တဲ့အတွက် လုံးဝပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။
လက္ခဏာများ။ ။ ခန္ဓာကိုယ်အတွင်း နှလုံးတိုက်ခိုက် မခံရမီရင် ဘတ်အတွင်း မသက်မသာဖြစ်၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ညှစ်ထားသကဲ့သို့ ရင်ဘတ်အလယ်၌ ခံစားရကာ နာကျင်မှုဝေဒနာများ ဖြာထွက်လာပြီး နှလုံး သို့မဟုတ် ပခုံးမှ မေးရိုး၊ လက်မောင်းအထိ ရောက်ရှိလာနိုင်တယ်။
ကြွက်သားများ ထွက်လာပြီး မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ ချွေးပြန်ပြီး အသက်ရှူမဝခြင်း၊ ရင်ဘတ်တစ်ခုလုံး ကြိုးချည်ထားသကဲ့သို့ ခံစားရခြင်း၊ နှလုံးကြွက်သား ကျုံ့နိုင်၊ ဆံ့နိုင်သည့် စွမ်းအားနည်းလာပြီး နှလုံးက လိုသလောက်မညှစ်နိုင်လို့ အသက်ရှူမဝဖြစ်ကာ နှလုံးအားနည်းသည့် အခြေအနေသို့ ရောက်နိုင်တယ်။ ဝေဒနာရှင်ဟာ ရုတ်တရက် အထိုင်၊ အထမှာ မူးဝေနိုင်တယ်။
ကုသခြင်း။ ။ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရပြီး နှလုံးနဲ့ သွေးကြောအတွင်း ပိတ်ဆို့မှုကြောင့် နှလုံးကြွက်သား ပျက်စီးတဲ့အတွက် ဆေးရုံအမြန်ပို့ရန်နဲ့ အရေးပေါ် ဆေးကုသမှု ခံရန်၊ အနားယူရန်လိုအပ်တယ်။ ဆေးရုံမှာ နှစ်ပတ်လောက် အနားယူ၊ သက်သာလာပြီး သွေးလန့်ခြင်း (Shock) မရှိရင် အီးစီဂျီ (ECG) ရိုက်၊ အက်ကို (Echo) ရိုက်၊ သွေးကြောမျှင် သွေးပိတ် တဲ့နေရာမှာ သွေးကြောပုံဖော်စက် (Angio-gram) ရိုက်ကြည့်ခြင်းဖြင့် ပိတ်နေတဲ့နေရာကို ချဲ့ပေးခြင်း၊ ဖယ်ထုတ်ခြင်း၊ လေဆာဖြင့်ပစ်ခြင်း၊ လေဖြင့်မှုတ်ခြင်းတို့ဖြင့် ကုသနိုင်ပါ တယ်။ နှလုံးခုန် နှုန်းမြန်ခြင်း၊ နှေးခြင်း၊ ရောနှောခြင်း၊ နှလုံးခုန်နှုန်းမြန်လိုက်၊ နှေးလိုက် ဖြစ်ခြင်း၊ နှလုံးအဆို့ရှင် အားနည်းခြင်းတို့လည်း နှလုံးတိုက်ခိုက် မှုမှာ ဖြစ်ပေါ်စေနိုင်တဲ့ အတွက် နှလုံးခုန်နှုန်း မှန်၊ မမှန် စောင့်ကြည့်သင့် ပါတယ်။
သတိပြုရန်။ ။ နှလုံးရောဂါရှင်များ သတိပြုရန်မှာ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရမှုခံရပြီးရင် ကောင်းစွာ အနားယူရတယ်။ ပုံမှန်လုပ်ငန်းခွင်ကို ဖြည်းဖြည်းခြင်းဝင်ရမယ်။ အားကစားနဲ့ လှေကားတက်တာ၊ ပြေးတာတို့ ပေါ့ပေါ့ပါးပါး ပြုလုပ်ရမယ်။ အမြင့်တက်ခြင်း၊ အလုပ်ပြင်း ထန်စွာလုပ်ခြင်း မလုပ်ရပါ။
ဓာတ်စာ။ ။ အစားအစာအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတို့ စားနိုင်တယ်။ အသင့်အမြန် အစားအစာ ''စနပ်'' များဖြစ်တဲ့ ဟမ်ဘာဂါ၊ ပီဇာမုန့်၊ အာလူးကြော် ရှောင်ရမယ်။ အစာကြေခဲတဲ့ ဒန်ပေါက်၊ ထောပတ်ထမင်းရှောင်ရမယ်။ ဝက်ဆီ၊ ဆီအုန်း၊ ပြန်ကြော် ဆီအစား မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ သုံးသင့်တယ်။ နေ့စဉ်နာရီဝက် လေ့ကျင့်ခန်း (ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ရမယ်။ အိပ်ရေး ဝအောင်အိပ်ရမယ်။ စိတ်ဖိစီးမှုလျှော့ချရမယ်။
ရက်ပိုင်းက လမ်းဘေးမှာရပ်ထားတဲ့ ကားတစ်စီးကနေ “၀ုန်း” ဆိုတဲ့ ပေါက်ကွဲမှု နဲ့အတူ မှန်ကွဲစ တွေ လွှင့်စင်ကျလာတာကို မျက်မြင်တွေ့ခဲ့ရပါတယ်…။ ကားရဲ့ နောက်မှန်ကြီး တစ်ချပ်လုံး ကြေမွသွားပါတယ်…။ ကားပေါ်မှာ နဲ့ ဘေးဘီတွေမှာ လူရှိ မနေတာက ကံကောင်းပါတယ်…။ ပေါက်ကွဲမှုရဲ့ အသံဟာ သိပ်ပြီးကျယ်လောင်တာ မဟုတ်တာရယ်…၊ လူသွားလူလာနည်းတဲ့ လမ်းမှာဖြစ်တာရယ်…၊ ကားပိုင်ရှင်က ကားကို အိမ်ရှေ့ နေပူထဲရပ်ထားပြီး အိမ်ထဲမှာရှိနေတာရယ်ကြောင့် အနီးအနားက တချို့တွေလောက်သာ ဒီကိစ္စကို သိခဲ့ကြတာပါ…။ နောက်ပြီး ရိုးရိုးသာမန် အက်စီးဒင့်မို့ ဘယ်သူကမှ ဒီကိစ္စကို အထူးတလည် သဘောမထားခဲ့ကြပါဘူး…။
ကျနော်နဲ့ခင်မင်နေတာမို့ အနားကိုသွားပြီး လေ့လာကြည့်တော့ တစ်စစီကြေမွ ပျက်စီးပြီး ဖွာထွက်နေတဲ့ Leather Spray ဗူးကိုတွေ့ရပါတယ်…။ ဟုတ်ပါတယ်..၊ ကားရဲ့ နောက်ဘက် ဒက်ရှ်ဘုတ် မှန်အောက်မှာ မနက်က အနည်းငယ် အသုံးပြုပြီးသား Leather Spray ဗူးကို တင်ထားခဲ့ရာက နေရောင်တိုက်ရိုက်ထိမိပြီး အပူချိန်လွန်ကဲလာလို့ ပေါက်ကွဲခဲ့တာပါ…။ ကားပိုင်ရှင်ရဲ့ သမီးလေးဟာ အမြဲတမ်း ကားနောက်ခန်းထဲမှာ ဆော့နေတတ်ပေမဲ့ အခုဒီ spray ဗူးပေါက်ကွဲတဲ့ အချိန်မှာ ရှိမနေတာက ကံကောင်းလွန်းပါတယ်…။
ဒီတော့ ဒီဖြစ်စဉ်ကို အများနမူနာယူပြီး သတိထားစေချင်တာကြောင့် ဒီ post ကို ရေးတင်လိုက်တာပါ..။ အခုနောက်ပိုင်း ကားတွေကလည်း အသစ်တွေဖြစ်လာတယ်..၊ ကားနဲ့ ပတ်သက်တဲ့ Accessories တွေကလည်း ဆန်းသစ်များပြားလာပါတယ်..။ ဆန်းသစ်လာတဲ့ Accessories တွေကို အသုံးပြုသူတွေအနေနဲ့ သတိနဲ့ယှဉ်ပြီး အကျိုး နဲ့ အပြစ်ကို ခွဲခြားသိ နားလည်စေချင်ပါတယ်..။ အခုနောက်ပိုင်းဝင်လာတဲ့ ကားဘီး ပေါက်ခဲ့ရင် ဖြုတ်ပြီး ဖာစရာမလိုတော့သလို..၊ လမ်းခရီးမှာ မဖြစ်မနေ ခရီးဆက်ဖို့အတွက် လေပေါင် ၁၀ ကျော်ပါတဲ့ ဘီးဖာဆေးရည်တွေဈေးကွက်ထဲ ရောက်နေတာတွေ့ရမှာပါ..။ ဘီးပေါက်ခဲ့ရင် ဘားတိုင် ကနေ အဲ့ဒီဆေးရည်ကို ဖိနှိပ်ပြီးထည့်ရုံနဲ့ ဘီးလည်းဖားပြီးဖြစ်သလို လုံးဝပြားသွားတဲ့ ဘီးတောင်မှ လေပေါင် ၁၀ လောက်ရှိလာမှာမို့ ခရီးဆက်ချင်သပဆို ဆက်လို့ရတဲ့ Gas ပါတဲ့ ဆေးရည်မျိုးပါ…။ နောက်ပြီး Air Fresher တွေ..၊ တာယာ ပေါ့လစ်ဆေးရည်တွေ.. စတာတွေဟာ Gas ပါတဲ့အတွက်ကြောင့် သတိထားသုံးစေချင်ပါတယ်…။
အဲ့ဒီ Gas ပါတဲ့ ဗူးတွေမှာ သူတို့ကို အသုံးပြု ထားသိုရမယ့် လမ်းညွှန်တွေပါ ပါတယ်..။ အသုံးပြုပုံကို Directions ဆိုပြီး ဖော်ပြထားတတ်သလို..၊ သတိထား ထားသိုရမှာကိုတော့ Precautions ဆိုပြီး စသဖြင့် သတိပေးထားပါတယ်…။ အဲ့ဒီ ဗူးတွေကို အပူ(မီး)..၊ မီးတောက်..၊ မီးပွား စတာတွေနဲ့ ဝေးတဲ့နေရာမှာ ထားပါ…။ အေးတဲ့နေရာမှာ ထားသိုပါ..၊ ခြောက်သွေ့ တဲ့နေရာမှာ ထားပါ…၊ နေရောင်တိုက်ရိုက် ထိတွေ့တဲ့ နေရာမှာမထားပါနဲ့…၊ အပူချိန်(40°C, 35°C …) စသဖြင့် သတိပေးထား တတ်ပါတယ်…။ ဒီတော့ 40°C ဆိုရင် နွေရဲ့သိပ်ပူတဲ့ အချိန်ရယ်..၊ လှောင်ပိတ်နေတဲ့ ကားအတွင်းပိုင်းဆိုရင် အပူချိန်ပိုပြီး တဖြေးဖြေးမြင့် တက်လာတတ်တာကို သတိပြုရပါ့မယ်..။ နေရောင် တိုက်ရိုက် မထိနိုင်တဲ့နေရာတွေမှာ ထားသိုရမှာပါ…။ ဖြစ်နိုင်ရင် အသုံးပြုပြီး Air Fresher..၊ Leather Spray..၊ တာယာ ပေါ့လစ်ဆေးရည် စတာတွေ လက်ကျန်ရှိနေသေးရင် အိမ်မှာထားခဲ့တာက အကောင်းဆုံးဖြစ်မှာပါ..။ မဖြစ်မနေ ကားနဲ့ တစ်ပါးတည်းယူသွားမယ် ဆိုရင်တောင်မှ နေရောင် တိုက်ရိုက်မထိနိုင်တဲ့ နေရာမျိုးမှာ ထည့်သွင်းယူဆောင်သွားပါလို့ အကြံပြုရင်း….၊ အားလုံးသတိထားဆင်ခြင်နိုင်စေဖို့ တင်လိုက်တာပါ…။
အားလုံးသတိနဲ့ယှဉ်ပြီး အပြစ် နဲ့ အကျိုး ခွဲခြားသိနိင်ကြပါစေ လို့ ဆန္ဒပြုရင်း….
ပန်းသီးစားသုံးခြင်းဖြင့် ရရှိသောကောင်းကျိုး(၁ဝ)ချက်
**********************************
တစ်နေ့ပန်းသီးတစ်လုံးစားလျှင် ဆရာဝန်ပင်မလိုဟု အနောက်တိုင်း ဆိုရိုးရှိသည်။ သို့ရာတွင် ပန်းသီးမှရရှိသော ကောင်းကျိုးများကိုမူ တိကျစွာ မပြောနိုင်ပေ။ အောက်ဖော်ပြပါအချက်များသည် ပန်းသီးစားသုံးခြင်း ၏ဆိုရိုးကို ထောက်ခံသောရလဒ်များပင်ဖြစ်သည်။
၁။ အရိုးကိုကာကွယ်ခြင်း
------------------------
Flavanoid ဒြပ်ပေါင်းသည် သွေးဆုံးပြီး အမျိုးသမီးများ၏အရိုး သိပ်သည်းဆကို မြင့်မားစေသည်ဟု ပြင်သစ်သုတေသီများက ဆိုသည်။ အဆိုပါ ဒြပ်ပေါင်းသည် ပန်းသီး၌သာပါရှိသည်။ ထို့အပြင် ပန်းသီးတွင်ပါသည့် Boron ဒြပ်ပေါင်းသည်လည်း အရိုးများကို ခိုင်မာစေသည်။
၂။ ပန်းနာရင်ကျပ်ရောဂါမှကာကွယ်ခြင်း
---------------------------------
မကြာသေးမီက လေ့လာစမ်းသပ်ချက်အရ ပန်းသီးဖျော်ရည်ကို နေ့စဉ် သောက်သုံးသော ကလေးများသည် တစ်လတစ်ကြိမ်သာ သောက်သော ကလေးများထက်ပန်းနာဝေဒနာခံစားရမှုမှလျော့နည်းစေသည်ဟု သိရသည်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၌ ပန်းသီးများများ စားသုံးသူများနှင့်ပန်းသီး မစားသောသူများကို နှိုင်းယှဉ်ကြည့်ပါက မွေးဖွားလာသော ကလေးများတွင် ပန်းသီးစားသုံးမှုများသော မိခင်၏ကလေး၌ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှုနည်းပါးကြောင်း တွေ့ရသည်ဟုဆိုသည်။
၃။ အယ်လ်ဇိုင်းမားရောဂါမှကာကွယ်ခြင်း
-------------------------------
အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ ကြွက်များ နှင့်စမ်းသပ်ချက်အရ ပန်းသီးတွင်ပါဝင်သော quercetin ဒြပ်ပေါင်းသည် ဦးနှောက်ဆဲလ်များရှိ Free radical များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ယင်းသည် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုလျော့ကျစေသည်ဟု ဆိုသည်။
၎။ ကိုလက်စထရောကျဆင်းစေခြင်း
-----------------------------
တစ်နေ့လျှင် ပန်းသီးနှစ်လုံးစားသုံးပါက သွေးတွင်းအဆီဓာတ်ကို ၁၆ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်ကြောင်း သိရသည်။
၅။ အဆုတ်ကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း
-----------------------------------
သုတေသီများ၏ လေ့လာချက်အရ ပန်းသီးစားသုံးသောသူ ၁ဝဝဝဝ တွင် အဆုတ်ကင်ဆာဖြစ်ပွားမှု ၅ဝ ရာခိုင်နှုန်း လျော့ကျစေသည်။
၆။ ရင်သားကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း
-------------------------------------
Cornell တက္ကသိုလ်မှ စမ်းသပ်ချက်အရ တစ်နေ့ ပန်းသီးတစ်လုံးနှုန်း အကျွေးခံရသော ကြွက်များတွင် ရင်သားကင်ဆာဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း ကာကွယ်ကြောင်း တွေ့ရသည်ဟုဆိုသည်။ အဆိုပါကြွက်များကို တစ်နေ့ ပန်းသီးသုံးလုံးကျွေးသောအခါ ၃၉ ရာခိုင်နှုန်းအထိ ကာကွယ်ကြောင်း၊ တစ်နေ့ခြောက်လုံးအထိကျွေးလျှင် ၄၄ ရာခိုင်နှုန်း ကာကွယ်စေကြောင်း စမ်းသပ်တွေ့ရှိရကြောင်း သိရသည်။
၇။ အူမကြီးကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း
----------------------------------------
အဆိုပါတက္ကသိုလ်၏ လေ့လာချက်အရ ပန်းသီးဖျော်ရည်တိုက်ကျွေးခဲ့သော ကြွက်များ၌ အူမကြီးကင်ဆာဖြစ်ပွားမှုမှ ၄၃ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးကြောင်း လေ့လာတွေ့ရှိရသည်။ ပန်းသီးရှိ Pectin ဒြပ်ပေါင်းသည် အူလမ်းကြောင်းတစ်လျှောက်ရှိ အစာခြေစနစ်ကို အထောက်အကူပြုရုံမက အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ်ပေးသည်။
၈။ အသည်းကင်ဆာဖြစ်ပွားမှုလျော့နည်းစေခြင်း
-----------------------------
ပန်းသီးအခွံပါ ရောကြိတ်ထားသည့် ဖျော်ရည်သောက်သုံးပါက အသည်းကင်ဆာဖြစ်ပွားမှုကို ၅၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးသည်။
၉။ ဆီးချိုသွေးချိုကို ထိန်းညှိပေးခြင်း
-----------------------------------
လူ့ခန္ဓာကိုယ်ရှိ ဂလာကျူတိုးနစ်အက်စစ်ကို ပန်းသီးတွင်ပါဝင်သည့် Pectin ဒြပ်ပေါင်းက အထောက်အပံ့ပေးခြင်းဖြင့် ဆီးချိုသွေးချိုကို ထိန်းညှိပေးသည်။
၁ဝ။ ကိုယ်အလေးချိန်တက်မလာအောင် ကာကွယ်နိုင်ခြင်း
----------------------------------------------
ကိုယ်အလေးချိန်လျှော့နေစဉ် အချိန်အတွင်း ပန်းသီး သို့မဟုတ် သစ်တော်သီး သုံးလုံးစားသော အမျိုးသမီးများသည် မစားသော အမျိုးသမီးများထက် ကိုယ်အလေးချိန်ကျနှုန်း ပို၍မြန်ဆန်ကြောင်းကို ဘရာဇီးသုတေသီတို့က လေ့လာချက်အနေဖြင့် ဖော်ပြထားသည်။
ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ
ထမင်းစားစား ပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင် ချက်များ ဖြစ်ပါတယ်။
၁။ ဆေးလိပ် မသောက်ရ
ထမင်းစားစား ပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက် တာနဲ့ ညီမျှတယ်လို့ သက်သေပြ ထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက် ချင်တယ် ဆိုရင် တောင်မှ အစာ စားပြီးချင်း မသောက်သုံး သင့်သေးပါဘူး။
၂။ အသီးချက်ခြင်း မစားရ
အချို့က ထမင်းစားပြီးရင် အချိုတည်း အနေနဲ့ သစ်သီးဝလံ တို့ကို ချက်ချင်း စားကြပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံ တတ်ပါတယ်။ ဒါကြောင့် ဝမ်းလေထိုးလေအောင် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။
၃။ လက်ဘက်ရည် မသောက်ရ
လက်ဘက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစားစားပြီး လက်ဘက်ရည် သောက်ရင် စားထားတဲ အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲ သွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။
၎။ ခါးပတ် မလျော့ရ
အချို့က အစားစား နေတုန်းတော့ ဘာမှ မလုပ်ပဲနဲ့ အစားစားပြီးမှ ခါးပတ် လျော့တတ် ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်း ပိတ်တာတွေ ဖြစ်တတ်ပါတယ်။
၅။ ရေမချိုးရ
ထမင်းစားပြီး တကယ် ရေမချိုး သင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းက သွေးကို ခြေဖျား၊ လက်ဖျားအပြင် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေ ပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့ အတွက် အစာမကြေခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။
၆။ လမ်းမလျှောက်ရ
အစားစားပြီးချင်း လမ်းတစ်ရာ လျှောက်ရင် အသက်၁၀၀ နေရမယ် ဆိုတဲ့ ဆိုရိုးတောင် ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲံ အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့ အတွက် စားသုံးလိုက်တဲ့ အစားစာမှ အာဟာရဓာတ်များကို အစာချေဖျက် စနစ်က လုံလောက်စွာ မဆုပ်ယူနိုင်ပါတယ်။ အခြားသော အကျိုးဆက်များလည်း ရှိနေ ပါသေးတယ်။
၇။ ချက်ချင်း မအိပ်ရ
အစား စားပြီးချင်းလည်း ချက်ချင်း မအိပ်သင့်ပါဘူး။ ချက်ချင်း အိပ်လိုက်ရင် အစာချေဖျက်မှု စနစ်က ကောင်းကောင်း အလုပ်မလုပ် တော့ပါဘူး။ အူလမ်းကြောင်းကိုလည်း သက်ရောက်မှု ရှိပါတယ်။ ဝမ်းထဲကို Gastric acid တိုးစေပါတယ်။
အထက်ပါ ၇ ချက်ကတော့ ခန္ဓာကိုယ် အာဟာရ ဓာတ်အတွက် စားသုံးတဲ့ အနှပ်တိုင်းမှာ ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်တယ်လို့ သိရပါတယ်။
တွဲဖက် မသောက်သုံး သင့်သော ဗီတာမင်နှင့် ဆေးဝါးများ
(၁)ဗီတာမင် B12 နှင့် ကလိုရမ် ဖန်နီကောလ် (Chloramphenicol) ကလိုရမ် ဖန်နီကောလ် ဆေးက သွေးနီဥ များရဲ့ ရင့်ကျက်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် သွေးအားနည်း ရောဂါကြောင့် သောက်သုံးရသော ဗီတာမင် B12 ရဲ့အာနိသင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။
ကလိုရမ် ဖန်နီကောလ် အစား အခြား ပိုးသတ်ဆေးများကို သုံးပါ။ (၂) ဗီတာမင် A နှင့် Mineral oil Mineral oil က ခန္ဓာကိုယ်မှ ဗီတာမင် A စုပ်ယူမှုကို အနှောင့်အယှက် ပေးပါတယ်။ ဆေးဝါးများကို အချိန်ခြားပြီး သောက်သုံးပါ။
(၃)ဗီတာမင် B6 နှင့် လီဗိုဒိုပါ (Levodopa) ဗီတာမင် B6 က Levodopa ၏ဇီဝရုပ်ဖြစ် ပျက်မှုကို တိုးမြင့်စေတဲ့ အတွက် ဦးနှောက် အတွင်းမှာ ထိုဆေးဝါး ပမာဏရောက် ရှိမှု နည်းပါး သွားပါတယ်။ ထိုဆေးဝါးများကို တွဲဖက် မသောက်သုံးရပါ။
(၄) ဗီတာမင် D နှင့် အတက်ကျ ဆေးဝါးများဖြစ်သော ဖီနန်တွိုင်း (Phenytoin)၊ ဖီနိုဘာဘီတယ်လ် (Phenobarbital) အတက်ကျဆေး များက ဗီတာ မင် D ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို လှုံဆော် ပါတယ်။ ရလဒ်အဖြစ် ကယ်လ်စီယမ် ပမာဏ လျော့နည်းသွားပြီး အရိုးပျော့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။
အတက်ကျ ဆေးဝါးများ သောက်သုံးနေတဲ့ လူနာများဟာ နေရောင်ခြည်နှင့် ထိတွေ့ဖို့ လိုအပ်ပါတယ်။ ကယ်လ်စီယမ်ြွကယ်ဝတဲ့ အစားအစာ တွေကိုလည်း စားသောက်ပေးဖို့ လိုအပ် ပါတယ်။
အူမကြီး ရောင်ရမ်းမှု ဖြစ်စေသည့် အကြောင်းများ
==========================
- ပါမောက္ခ ဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး) -
အူမကြီးရောင်ရမ်းတာက အဖြစ်များပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြဲတွေ့နေရပါတယ်။ လူနာတွေက အူမကြီး ရောင်ရမ်းမှု ဖြစ်ရင် အထူးကု ဆရာဝန်နဲ့ လာပြလေ့ရှိပါတယ်။ အူမကြီး ရောင်ရမ်းမှု ဖြစ်စေတဲ့ အကြောင်း အများကြီး ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းကတော့.....
ပိုးမွှား၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုး (Parasite) တွေကြောင့် ဖြစ်တတ်ပါတယ်။
အစားအသောက်ဟာ မသန့်ရှင်းတဲ့ အစားအသောက် ဖြစ်ရင်၊ အပူအစပ်စာ စားမိရင်၊ ပိုးပါဝင်ရင် အူမကြီး ရောင်ရမ်းတတ်ပါတယ်။ အထူးသဖြင့် တချို့လူတွေမှာ အသုပ်၊ အချဉ်နဲ့ အစပ်စာတွေ စားမိရင် ဖြစ်တတ်ပါတယ်။
တချို့ဓါတ်ပစ္စည်း (Chemical) တွေနဲ့ မတည့်တာမျိုးပါ။
ကိုယ်နဲ့ မတည့်တဲ့ ဓါတ်ပစ္စည်းပါတဲ့ အစာတွေကို စားမိရင် အူမကြီးရောင်တတ်ပါတယ်။ တချို့လူတွေမှာ ပင်လယ်စာကို စားမိရင် ပင်လယ်စာနဲ့ မတည့်တာကြောင့် ဝမ်းပျက်တာနဲ့ အော့အန်တာတွေ ဖြစ်တတ်သလိုမျိုးပါပဲ။
တချို့လူတွေကျတော့ အသက်ကြီးလာတဲ့အခါ သွေးကြောကျဉ်းပြီး သွေးမဝတာကြောင့် အူရောင်တတ်ပါတယ်။
ဒါကို Ischaemic Colitis လို့ ခေါ်ပါတယ်။ ဒီရောဂါ အမျိုးအစားက နိုင်ငံခြားသားတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေမှာလည်း အဖြစ်များပါတယ်။
အူမကြီးရောင်တာက မျိုးရိုးဗီဇနဲ့လည်း ပတ်သက်မှု ရှိပါတယ်။
မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ အူမကြီး ရောင်ရမ်းတာက သူများထက်ပိုပြီး ဖြစ်လွယ်တတ်ပါတယ်။
တချို့ဆေးဝါးတွေကြောင့်လည်း အူမကြီး ရောင်တတ်ပါတယ်။
အူမကြီးရောင်ရင် အများအားဖြင့် ဝမ်းဗိုက်ဘယ်ဘက်ခြမ်းက အောင့်တာ များပါတယ်။ ဘယ်ဘက်ခြမ်းမှာ အောင့်ရင် ကပ်ပါးပို့ (Amoebiasis) ကြောင့် ဖြစ်တာ များပါတယ်။ ဝမ်းဗိုက်အပေါ်ဘက် အောင့်တာဆိုရင်တော့ သွေးကြောကျဉ်းလို့ သွေးမဝတဲ့ အခြေအနေကြောင့် အူမကြီးရောင်တာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ခြေမှာ နာတယ်ဆိုရင် အူအတက်ရောင်တာနဲ့ လွဲမှားတတ်ပါတယ်။
အူမကြီး ရောင်ရမ်းမှုနဲ့ ပတ်သက်ပြီး အထူးသိစေချင်တာက အူမကြီး ရောင်တာက နာတာရှည် ဖြစ်နေရင် ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝမ်း မကြာခဏ ပျက်တယ်၊ ဝမ်းသွားရင် သွေးပါတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။ အူမကြီးကို မှန်ပြောင်းနဲ့ ကြည့်တဲ့ စစ်ဆေးမှုး (Colonoscopy) ခံယူသင့်ပါတယ်။ လိုအပ်ရင် ကုသမှုကို အမြန်ဆုံး ခံယူသင့်ပါတယ်။
Ref : ပါမောက္ခ ဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး
စိတ်ကျန်းမာရေး အတွက် ကျင့်သုံး လိုက်နာရမည့် အချက် ၁၀ ချက်
စိတ်ကျန်းမာရေး အတွက် ကျင့်သုံး လိုက်နာရမယ့် အချက် ၁၀ ချက်ဆိုပြီး နိုင်ငံတကာ စိတ်ရောဂါ ပညာရှင်များက ယခုလို တိုက်တွန်း ထားပါတယ်။
၁။ အကောင်းမြင်ပေးပါ။
၂။ အသက်ရှင်သမျှ ကာလပတ်လုံး ဆက်တိုက် လေ့လာ သင်ကြားမှု ပြုလုပ်ပါ။
၃။ အမှားများမှ အဖြေရှာပြီး သင်ခန်းစားယူပါ။
၎။ နေ့စဉ် ကိုယ်ကာယ လေ့ကျင့်ခန်း တစ်ခုခု ပုံမှန် ပြုလုပ်ပါ။
၅။ မလိုအပ်သော အရာများဖြင့် ဘဝကို မရှုပ်ထွေးစေပါနှင့်။
၆။ အရှုံးမပေးပါနှင့်။ ဘဝ၏ အောင်မြင်မှုကို မာရသွန်ပြေးလမ်း တစ်ခုအဖြစ် မှတ်ယူပါ။
၇။ မိမိ၏ အရည်အချင်းကို စမ်းစစ်၍ ကိုယ်တိုင် လေ့ကျင့်ပြုစုပျိုးထောင်ပါ။
၈။ မိမိပတ်ဝန်းကျင်ကို နားလည်ပေးနိုင်အောင် ကြိုးစားပါ။
၉။ ဘဝအတွက် ပန်းတိုင်ထားရှိပြီး အိပ်မက်ကို အကောင်အထည်ဖော်ပါ။
၁၀။ ဘာသာရေး လေ့လာလိုက်စားကျင့်ကြံအားထုတ်ပါ။
စက္ကန့် ၃၀ အတွင်းမှာ ခေါင်းကိုက်မှုကို ပျောက်အောင်ကုမယ်
တကယ်လွယ်ပြီး အလွန်ကောင်းမွန်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ဆေးပညာရှင် တစ်ဦးက
ပြောပြခဲ့တာ ဖြစ်ပါတယ်။
အဲဒါကတော့ လက်မနဲ့ လက်ညိုးနှစ်ခုကြားကို ခပ်တင်းတင်းလေး ဖျစ်လိုက်ပါ။ ပြီးရင် ဆွဲပေးပါ။ ချေပေးပါ။
အဲလိုနည်းနဲ့ စက္ကန့် ၃၀ လုပ်ပေးလိုက်ပါ။ ခပ်တင်းတင်းလေး လုပ်ဖို့တော့ လိုအပ်ပါတယ်။
ခေါင်းကိုက်နေရင် ဒါမှမဟုတ် အကြောတွေ တက်နေရင် သက်သာလာ ပါလိမ့်မယ်။ လက်မနှင့် လက်ညိုးနှစ်
ခုကြားက ဦးခေါင်းကြောကို တိုက်ရိုက်ရောက်ရှိ စေသော နေရာဖြစ်လို့ ဖြစ်ပါတယ်။ ပုံတွင် ကြည့်ကာ
လုပ်နိုင်ပါတယ်။ သူငယ်ချင်းတွေ သိအောင် ရှယ်လုပ်ပေးပါ။
၁ ပတ်အတွင်း B ပိုး လုံးဝပျောက်စေမယ့် နည်းလမ်းကောင်း
တကယ်ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည်မျှဝေ
ပေးလိုက် ရပါတယ်။ ငွေကြေးအမြောင်အများ မကုန်သည့်အတွက် အဆင်ပြေ
စေမှာ ဖြစ်ပါတယ်။
ရောဂါကုထုံး
(၁) စပါးလင် လိုအပ်ပါတယ်။
(၂) ၎င်းကိုရေစင်အောင် ဆေးကြောပါ။
(၃) ပြုတ်လိုက်ပါ။
(၄) ၎င်းပြုတ်ရည်ကို တစ်နေ့ကို သုံးကြိမ်သောက်ပေးပါ။
(၅) သောက်ရမည့် ခွက်ကတော့ လက်ဖက်ရည် သောက်ခွက် ဖြစ်ပါတယ်။
တစ်ပတ်ကြာသည့် အခါတွင် B ပိုးပျောက်ကင်း သွားမည် ဖြစ်ပါတယ်။
ပဋ္ဌာန်း (၂၄) ပစ္စည်း အနက် အဓိပ္ပါယ်
===================
(မသိရှိသေး၊ မရသေးသော သူတွေ ရရှိ သိရှိစေရန် ကောင်းမြတ်သောဆန္ဒဖြင့်တင်ပြခြင်း)
၁။ဟေတုပစ္စယော
ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း– ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌– မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)
၂။အာရမ္မဏပစ္စယော
အာရုံ ၆-ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကြိုးတန်း တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သော သူတို့အား ထခြင်း ရပ်ခြင်း သွားခြင်းကိစ္စကို ပြီးစေသကဲ့သို့ အာရုံသည် စိတ်စေတသိတ်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူးပြုတတ်သောတရား။
၃။အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တနည်း– စကြ၀တေးမင်းသည် အထွတ်အထိတ် အချုပ်အချာ အာဏာတန်းခိုးဖြင့် တပါးသောသူတို့၏ ကြီးသောသတ္တိကို တားမြစ်၍ တိုင်းနိုင်ငံသူ၊ နိုင်ငံသားတို့အား အကြီးအကဲ အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (ပစ္စယုပ္ပန်တို့အား အကြီးအမှူးဖြင့်) ကျေးဇူးပြုတတ်သောတရား။
၎။ အနန္တရပစ္စယော
အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သေားတရား။ တနည်း– စကြာဝတေးမင်း၏ နတ်ရွာ လားခြင်းသည် သားကြီး ရတနာအား မင်းအဖြစ် အဘိသိတ်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ (တဆက်တည်း) ကျေးဇူးပြုတတ်သောတရား။
၅။သမနန္တရပစ္စယော
ကောင်းစွာအခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– စကြာဝတေးမင်း၏ အရည၀ါသီ တောထွက်တော်မူ၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကောင်းစွာအခြားမဲ့ အခြားမရှိ ကျေးဇူးပြုတတ်သောတရား။
၆။သဟဇာတပစ္စယော
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဆီမီးသည် မိမိတောက်သည်နှင့် တပြိုင်နက် အတူတကွ အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်းတရားတို့သည် မိမိတို့ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ပစ္စယုပ္ပန်အကျိုးတရားတို့ကိုလည်း တပြိုက်နက် အတူတကွ ဖြစ်ပေါ်လာစေအောင် ကျေးဇူးပြုတတ်သောတရား။
၇။အညမညပစ္စယော
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ တနည်း– သစ်သားသုံးခွ တိဒဏ္ဍသည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။
၈။နိဿယပစ္စယော
မှီရာ တည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မြေကြီးသည် သစ်ပင်အစရှိသည်တို့အား မှီရာတည်ရာဖြစ်သဖြင့် ကျေးဇူးပြုသကဲ့သို့ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
၉။ဥပနိဿယပစ္စယော
အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မိုးတွင်းသုံးလပတ်လုံး ရွာသော မိုးကြီးသည် ထိုမိုးကို မှီကုန်သော သစ်ပင် သတ္တ၀ါ အစရှိသည်တို့အား အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (အားကြီးသောအကြောင်းအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား။
၁၀။ပုရေဇာတပစ္စယော
ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။
၁၁။ပစ္ဆာဇာတပစ္စယော
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– လင်းတငယ်တို့၏ အာဟာရ၌ ချင်ခြင်း စေတနာသည် နောက်မှဖြစ်၍ ထင်းရှားရှိသောကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ အရှင်ဗာကုလ ရဟန္တာလောင်းသည် မွေးခါစ နို့စို့အရွယ် အခါက သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ ရေနစ်၍မသေ။ ထိုသို့မသေရခြင်းမှာ နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလအား မသေစေရန် အကျိုးပြုသောကြောင့်တည်း။
၁၂။အာသေ၀နပစ္စယော
အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ရှေးရှေး၌ ထုံအပ်သောနံ့သာသည် နောက်နောက်၌ ထုံအပ်သောနံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ၄င်း၊ ရှေးရှေးသင်အပ်သော ကျမ်းဂန်သည် နောက်နောက် သင်အပ်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ၄င်း အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
၁၃။ကမ္မပစ္စယော
စီရင်ခြင်း သံဝိဓာနကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာနကိစ္စဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည် အညွန့်အညှောင့်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
၁၄။ဝိပါကပစ္စယော
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ချမ်းအေးသော လေသည် ချမ်းအေးသော အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကံတို့၏ အကျိုးအဖြစ်ဖြင့် (ငြိမ်းသက်သည်ဖြစ်၍) အထောက်အပံ့ပြုမှုဖြင့် ကျေးဇူးပြုသတ်သောတရား။
၁၅။အာပာာရပစ္စယော
ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ထောက်ကန်သောတိုင်သစ်သည် အိမ်အဟောင်းအား မြဲမြံခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ထောက်ပံ့တတ်)ဆောင်တတ်သောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
၁၆။ဣန္ဒြိယပစ္စယော
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– တစ်နိုင်ငံ တစ်ပြည်တည်း၌ အသီးသီးဆိုင်ရာ ကိစ္စတာဝန်ကို ပေးအပ်ခံရသည့် အစိုးရသောလက်အောက်ခံ မင်းတို့သည် (အချင်းချင်း ထိုအစိုးရသော သတ္တိကို မဖြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌ အစိုးတရ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
၁၇။ဈာနပစ္စယော
ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ တနည်း– တောင်ဖျား သစ်ပင်ဖျားသို့ တတ်၍ ကြည်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ ကပ်၍ရှုတတ်သော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
၁၈။မဂ္ဂပစ္စယော
ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဤမှာဘက်မှ ထိုမှဘက်သို့ ကူးသောသူသည် ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့ ၎င်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ဆောင်ပို့ ထွက်မြောက်ကြောင်း အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
၁၉။သမ္ပယုတ္တပစ္စယော
ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– နို့ရည်၊ ထောပတ်၊ ပျား၊ သကာဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ အတူတကွ ယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။
၂၀။ဝိပ္ပယုတ္တပစ္စယော
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ခြောက်ပါးသော အရသာသည် အချင်းချင်း မနှီးမနှော မရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။
၂၁။အတ္ထိပစ္စယော
ပစ္စုပ္ပန်၌ ထင်ရှာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ဟိမ၀န္တာတောင်မင်းသည် မိမိကိုမှီသောအားဖြင့် သစ်ပင် မြက်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
၂၂။နတ္ထိပစ္စယော
မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ညဥ့်၏ ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
၂၃။ဝိဂတပစ္စယော
ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– နေ၏ ၀င်ခြင်းသည် လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
၂၄။အ၀ိဂတပစ္စယော
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း အစရှိသည်တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏မကင်းသော အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
စေတနာဖြင့်
ဓမ္မဒါယာဒ အရှင်နန္ဒသာရ(မဇ္ဈိမဒေသ
ဒေါ်ကြိုင်ကြိုင်နဲ့ သမီးများ အကြောင်း
=========================
မြန်မာ့တပ်မတော်မှာ ဗိုလ်ဘ၀ဟာ သန်း ရွှေ နဲ့ မိသားစုအတွက် ငယ်ကျွန်သက်သက်မျှသာ ဖြစ်ပါတယ်။ တနိုင်ငံလုံး မကြားချင်မှ အဆုံးဖြစ်နေတဲ့ သန်းရွှေ နဲ့ သူသမီး တိုင်းလုံးကျော်မတွေ အကြောင်းကို ပြောရင် မိုးမဆုံမြေမဆုံး ပြောကုန်နိုင်မထင်ပါဘူး။
အကျင့်ကောင်းလားဆိုတော့ သူခိုးဂျပိုးတွေ ကတောင် မင်္ဂလာပါ ဆရာမလို့ အလေးပြုရလောက်တဲ့သူတွေ။ ဉာဏ် တွေကလည်း အတော်ဆုံးသမီးတော်က အသက် ၃၀ မှ ဆယ်တန်း အောင်သတဲ့။ တယောက် က လောက် နဲ့  တရုတ်ပြည် သွားပြီး ခပ်တည်တည်နဲ့ ပီအိပ်ခ်ျဒီ ဆိုတာလုပ်နေပြန်သေးတယ်။ မိခင်ကြီး ဖြစ် သူကလည်း ပညာရေးမှာ မခေဘူးမဟုတ်လား။ တခါက ဒေါ်ကြိုင်ကြိုင်ကြီး တရုတ်သွားတုံးက တရုတ် ၀န်ကြီး ကို Kyaing Kyaing is My name လို့ ခပ်တည်တည် မိတ်ဆက်တော် မူသတဲ့။ စကားပြန်လုပ်တဲ့သူက မရယ်မိအောင် မနည်းအောင့်နေရသတဲ့။ အစည်းဝေးပြီးတော့ အိမ်သာထဲမှာ အ၀သွားရယ် ခဲ့ရဘူးသတဲ့။ ခင်ညွန့် လက်ထက်က ထောက်လှမ်းရေးအရာရှိကြီးတဦး ( ဗိုလ်မှူးကြီးအဆင့် ) ရဲ့ အဓိကတာဝန်က ဒေါ်ကြိုင် ကြိုင် အတွက် ကာရာအိုကေ ဆိုဖို့ အတွက် ဖွင့်- ပိတ်- ရွှေး အလုပ်တွေကို နေ့စဉ် တာဝန်ထမ်းရွက် နေရတာ သတဲ့ ဗျား၊၊
တိုင်းလုံးကျော်မ တွေအကြောင်း ကို ပြောရမယ်ဆိုရင် -
တခါက သန်းရွှေသမီးတွေကို ငွေဆောင် ကိုသွားတယ်။ သောင်ပြင်မှာ အရာရှိတွေက စက်ဘီးတွေနင်းရတယ်။ သူတို့က နောက်ကနေ စီးတယ်။ ဗိုလ်သင်တန်း ဆင်းပွဲတိုင်းမှာ ဗိုလ်လောင်းတွေ ရွေးလေ့ရှိတယ်။ သူသမီး တွေအတွက် ဗိုလ်လောင်းလေးတွေကို လိုက်ကြည့် တာလို့ စစ်တပ်အသိုင်းဝိုင်းက ဆိုတယ်။ သူတို့ လုပ်တိုင်း မခံတဲ့ စစ်ဗိုလ် တယောက်ပေါ်ဘူးတယ်။ ဒီစစ်ဗိုလ်ကို သူသမီးတယောက်ကကြိုက်တယ။် စစ်ဗိုလ်က မကြိုက် ဘူး၊ ဒါကြောင့် နယ်ကို အပို့ ခံရတယ်။ အချုပ်ချခံရတယ်။
တခါက ဟင်္သာတ က သာသာနဗိမာန်ဖွင့်ပွဲကို သန်းရွှေ ၊ ကြိုင်ကြိုင် နဲ့ တိုင်းလုံးကျော် မ တွေ သွားကြတယ်။ တိုင်းမှူးတွေက သန်းရွှေနဲ့ ကြိုင်ကြိုင်ကို အနီးကပ် စောင့်ရှောက်နေရတဲ့ အချိန်မှာ တိုင်းမှူးကတော်နဲ့ ဗိုလ်မှူး ကတော်တွေက သန်းရွှေ သမီးတွေကို ပြုစုရဖို့ အမိန့် ကျလာတယ်။တိုင်းမှူးကတော် က ဗိုလ်ကတော်တွေကို အစည်းဝေးခေါ်တယ်။ အစည်းအဝေးဆိုတာက ပြုစုနည်းကို တိုင်းမှူးကတော် ကိုယ်တိုင် ဦးဆောင်ပြီး သင်တန်း ပေးမယ်လို့ဆိုတယ်။ အားလုံးသင်တန်းတက်ကြရတယ်။ သင်တန်းကာလ ၃ ရက်ကြတယ်။ သင်တန်း ထဲမှာ ပါတာတွေကတော့
၁- ခေါ်မှသွားရမယ်။
၂- မလှမ်းမကမ်းမှာ ရပ်နေရမယ်။
၃- ဖြတ်သွားရင် ခေါင်းငုံ့ ထားရမယ်။ ( လက် မပိုက်ထားရဘူး။ လက်အုပ်ချီစရာမလိုဘူး၊ )
၎- သောက်ရေတွေ ဘာတွေကပ်ရင် လက်ကိုပြောင်နေအောင် ဆေးကြောရမယ်။
၅-တစ်ရှူးပေပါနဲ့ အဖုံးကို ကိုင်ပြီးဖွင့်ရမယ်။ တစ်ရှူးပေပါနဲ့  ပုလင်းကိုကိုင်ရမယ်။ တစ်ရှူးပေပါနဲ့  ဖန်ခွက်ကိုကိုင်ရမယ်။
၆- လက်နှစ်ဖက်နဲ့ ပေးရမယ်။
၇- သန်းရွှေသမီးတွေ ရဲ့ ခန္ဓာကိုယ်ကို ဖက်လှဲတကင်း မလုပ်ရ။
၈- လက်ဆွဲ မနှုတ်ဆက်ရ ။
စတဲ့ဆောင်ရန် အချက်အလက်တွေ ပါတယ်။ တိုင်းမှူးကတော်က သင်တန်းဆင်း မိန့် ခွန်းမှာ အစွမ်းကုန် ပြုစု စောင့်ရှောက်ဖို့နဲ့ ယောက်ျား ကိုယ်ပိုင်နံပတ် အမေးခံရရင်တော့ သတိသာ ထားကြပေရော့ ကောင်မတို့လို့ မိန့်  ကြားခဲ့တယ်။
ရှောင်ရှားနိုင်ဖို့ ဘယ်သမီးက စိတ်ဆတ်တော်မူတယ်။ ဘယ်သမီးက ထတယ်။ ဘယ်သမီးက သောက်စားကြီး တယ်။ ဘာကြိုက်တယ် စတာတွေကို ကြိုတင် တစ်ကြိုမေးခွန်းပေးထားတယ်။ သူသမီးတွေထဲမှာ မပေါက် ဆို တာ က အော်ကြောလန် လို့သိရတယ်။ တိုင်းမှူးကတော်တိုင်း လက်လန်တယ်။ တရုတ်ပြည်ဆိုင်ရာ မြန်မာ သံအမတ်ကို ဆေးလိပ်ခွက်နဲ့ ပေါက်ဖူးတာလည်း သူပဲလို့ ဆိုတယ်။ ဒီကောင်မက တိုက်တန်းနစ်ရုပ်ရှင်ထဲက ကိတ် ၀င်းစလက်နဲ့ တူတယ်လို့ပြောရင် သိပ်သဘောကျတယ်လို့ ဆိုတယ်။
တိုင်းမှူးကတော် ၊ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးကတော် တို့ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကိုလည်း အမျိုးသားညီလာခံ ကွန်စီတီကျူးရှင်းလို အစည်း ဝေးမှာ စနစ်တကျခွဲ ထားတယ်လို့သိရတယ်။
၁- တိုင်းမှူးကတော် တာဝန်မှာ ဒေါ်ကြိုင်ကြိုင် ကားပေါ်မှ ဆင်းလာတာနဲ့ ထီးနဲ့ ပြေးပြီး ကြိုရန်
၂- ဗိုလ်မှူးကတော်များရဲ့ တာဝန်မှာ သန်းရွှေသမီးများ ကားပေါ်မှ ဆင်းတာနဲ့ ထီးနဲ့ ပြေးကြိုရန်
၃- ဗိုလ်ကြီးကတော်များမှ တိုင်းလုံးကျော်မများရဲ့  အထုတ်ပိုးများကိုဆွဲရန် နှင့် တန်းစီ နေရာယူရပ်နေရန် လိုတာကိုအကုန်လုပ်ပေးရန် ။
၎- ဗိုလ်ကတော်များရဲ့ တာဝန်မှာ ထမိန်ခေါက် ၊ အိုးခွက်ပုဂံဆေးရန်တို့ ဖြစ်ပါတယ်။
ဒီခရီးစဉ်ထဲက တိုင်းလုံးကျော်မတွေ က ဗိုလ်ကတော်လေးတွေကို အနိုင်ကျင့် နှိပ်စက်ခဲ့ ပုံတခုကို ပြောခြင်ပါတယ်။ တိုင်းလုံးကျော်မထဲက တယောက်က သာနာဗိမ္မာန်ဖွင့်ပွဲ ကြည့်ပြီး အပြန်မှာ တည်းခိုခန်းကို သဘော အလိုတော်မကျဖြစ်တယ်။
တောဆန်တယ်။ ဟိုဟာ မရှိဘူးလား၊ ဒီဟာ မရှိဘူးလားဖြစ်လာတယ်။ ပြဿနာရှာတော့တယ်။ သူနဲ့ သက် တူ ရွယ်တူ ဖြစ်တဲ့ ဗိုလ်ကတော်လေးကို မဲတယ်။ ပြီးတော့ခြေထောက်ကို ရေဆေးခိုင်းတယ်။ ဗိုလ်ကတော်လေးက ရေစလုံ ယူလာပြီး ခြေထောက်ကိုဆေးပေးရတယ်။ ရေစိုနေတဲ့ ခြေထောက်ကို သုတ်ခိုင်းတယ်။ ကံမကောင်း ချင်တော့ ခြေထောက်ကို သုတ်စရာ မျက်နှာသုတ်ပုဝါ မရှိဖြစ်တယ်။
စားပွဲပေါ်မှာရှိတဲ့ တစ်ရူးပေပါနဲ့ ခြေထောက်ကို သုတ်ပေးလို့ ဒေါသူပုန် ထတော့တယ်။
သူမ က ဒီလို ခိုင်းစေတာတွေကို ပါးစပ်ကနေခိုင်းတာမဟုတ်ပဲ Body Language နဲ့ ခိုင်းသွားတာ ဖြစ်တယ်လို့ ဗိုလ်ကတော်လေးက ဆိုပါတယ်။ ဗိုလ်ကတော်လေးရဲ့  ယောက်ျား ကိုယ်ပိုင်နံပတ်ကို မေးသွားပါတယ်။
နောက် ဖြစ်ရပ်တခုကတော့ ပဲခူးကို သန်းရွှေ နဲ့  သမီး တသိုက် က ပဲခူးကိုသွားတယ် ။ ပဲခူးကိုရောက်တော့ ည အိပ် မယ်ဆို တယ်။ သမီးတွေက အတွင်းခံ တွေပါမလာဘူး လို့ပြောတယ်။ တပ်မမှူးကတော်က အလိုက် သိစွာနဲ့  ရန်ကုန်ကို ဗိုလ်တွေ လွှတ်ပြီး အတွင်းခံ ဗေါင်းဗီတွေ ကမန်းကတန်းတက် ၀ယ်ကြ ရတယ် လို့ဆိုပါတယ်။
ပြန်လာတော့ မျက်နှာမရခြေထောက်ရကြတယ်။ အကောင်းစားတွေ မ၀ယ်လာလို့ ဒေါပွသတဲ့။
ဒေ၀ါရွှေ ဆိုတဲ့ အရူးမကလည်း တမှောက်ပါ။ သူမ ကြည့်လို့မရတဲ့ စစ်ဗိုလ်ဆိုရင် ၀ရံဒါကနေ ရေနွေးပူနဲ့  လောင်းချသတဲ့။ ထမင်းစားရင်း ရန်ကုန်မြို့ကြီးကို ပတ်ကြည့်ချင်တော်မူသတဲ့ ဒီတော့ ကားဒရိုင် လုပ်တဲ့ စစ်သားက သူသမီးကိုကားပေါ်တင် ထမင်းပွဲနဲ့ ကားပေါ်တင်ကားကို ညင်သာစွာ မောင်းပေးခဲ့ရသတဲ့။
သန်းရွှေသမီးတွေရဲ့ နောက်ညစ်လုံး တခုကတော့ အင်းလေးကို သွားလည်ကြတယ်။ ညသန်းခေါင်ကြီး ကျမှ မုန့်ကျွဲသဲ စားချင်တယ်လို့ သမီးတော်တွေက ချဉ်ခြင်းတတ်ကြတယ်။
ဒီတော့ တိုင်းမှူးကတော်တွေ မျက်လုံးပြုး မျက်ဆံပြူးဖြစ်ရတယ်။ တိုင်းမှူးကတော်တွေ မျက်လုံးပြူးရင် ဗိုလ် တွေက ရှိတာ အကုန်ပြူး ရတော့တာပဲ။
ညတွင်းခြင်း မုန့်ကျွဲသဲ ကြိုကြရသတဲ့။
သမီးတော်တွေရဲ့  စီးပွားရေးတခုကလည်း ရန်ကုန်မြို့ ကို ပတ် အကောင်းဆုံးရတနာဆိုင်တွေကို ရုပ်ဖျက်ပြီး လှည့်ကြည့် လေ့ရှိတယ် ဆိုတယ်။ ကြိုက်တဲ့ပစ္စည်းကို မှတ်ထားတယ်။ ပြီးရင် ဗိုလ်ချုပ်ကတော် ၀န်ကြီး ကတော်တွေကို အလှည့်ကျဆင့်ခေါ်ပြီး ၀ယ်ခိုင်းတယ်။ ဆက်ကြေး သဘောပေါ့ ။ ၀န်ကြီးကတော်တွေကလည်း ခိုးစားနေကြတာကို သူတို့သိတယ်လေး။ တနေ့ကြတော့ မြို့ တော်ဝန် ဦးကိုလေးရဲ့ ဇနီး ဒေါ်ခင်ခင်ကို ဆင့်ခေါ်တယ်။ အက်ဖက်အမ်အိုင် မှာ ရှိတဲ့ ပုလဲဆွဲကြိုးကို ၀ယ်ခိုင်းတယ်။
ဒေါ်ခင်ခင်ကလည်း ပုလဲဆွဲကြိုးကို အကြွေးနဲ့ ယူပြီး ၀ယ်ပေးလိုက်ရတယ်။
ဒါက ကျန်တဲ့ သူတွေလည်း ခံနေကြရတာလို့ သိရတယ်။ သူတို့က စိန်နဲ့ ပုလဲ ကို သိပ်ကြိုက်ကြတယ် ဆိုတယ်။ သူတို့စာနဲ့ လှမ်းခေါ် ရင်တော့ ငွေထုတ်ပြီးတော့သာသွားလိုက်ပေတော့လို့ ၀န်ကြီးကတော်လောက မှာ လက် တို့ပြီး ပြောကြတယ်။
သန်းရွှေ မြေးအကြောင်းကလည်း အားလုံးသိပြီးပါပြီ။ မသိသေးတဲ့အချက်လေး တခုကို ထပ်ဖြည့် လိုက်ပါတယ်။ မဟာ တပ်မတော်သားကြီးတွေ သိစေချင်လို့ပါ။
ဒီကောင်လေးကို မျောက်မူးလဲ လို နောက်ကွယ်မှာခေါ်ကြတယ်။ ဒီကောင်လေးက သူနာရီကို ရေထဲ မှာ ဖျောက်ခဲ့တယ်။ ဒီတော ညသန်းခေါင်ကျမှ တိုင်းမှူးကို နာရီတလုံးဝယ်ပေးရမယ်လို့ ဆိုတယ်။ တိုင်းမှူးက ည သန်းခေါင် မျောက်လောင်းလေးကို ခေါ်ပြီး မော်လမြိုင်မြို့ ထဲက နာရီရောင်းတဲ့အိမ်ကို တံခါးခေါက်ပြီး ရောင်း ခိုင်းတယ်။ ကောင်လေးက သူကြိုက်တဲ့နာရီ တစ်ဒါဇင်လောက် ပိုက်ဆံမပေးပဲ မသွားတော်မူတော့တယ်။ နာရီ ဖိုးကို တိုင်းမှူးကလည်း မပေးဘူး။ နာရီဆိုင်က ခံလိုက်ရသတဲ့။
တခါက ပြည် ကို သူတို့ မိသားစု သွားကြတယ်။ ကားတန်းကြီးနဲ့ သွားတယ်။ သွားရင်းနဲ့ ဒုတိယဗိုလ်မူးကြီး က တော် တယောက်က အောက်ကျ နောက်ကျ ပြုစုမူတွေ မလုပ်ပဲ ခတ် မှန်မှန်နေမိတဲ့ အတွက် သူမကို ပြည်နဲ့ ရန်ကုန်သွားတဲ့ကားလမ်းမမှာတယေက်ထဲချန်ထားခဲ့ပါတယ်။
အော် ဗမာ့ တပ်မတော်သားတွေရဲ့ ဒို့တာဝန် အရေးသုံးပါး ဆိုတာ ဒါပါလား။
မယ်တော်ကြီးရဲ့  သား အရာရှိ အရာခံ အကြပ် လောင်းလေး တွေ သိဖို့ တင်ပြလိုက်ရပါတယ်ခင်ဗျား။
သင့် ကျန်းမာရေး (ကင်ဆာရောဂါ)
ကင်ဆာရောဂါဟာ ယခင် ကတည်းက ရှိခဲ့တဲ့ ရောဂါပါ။ အခုလို ရောဂါ ရှာဖွေတဲ့ နည်းစနစ်များ၊ ဓာတ်မှန်၊ စီတီစကင်၊ အာထရာစောင်း (Ultrasound) နဲ့ အမ်အာအိုင် ပေါ်လာတဲ့ နောက် ရောဂါကို ကြိုတင်သိမြင်ခွင့် ရသလို လူတွေရဲ့
နေထိုင်မှုနဲ့ စားသောက်မှု ပုံစံ ပြောင်းလဲလာလို့ ကင်ဆာရောဂါ ဖြစ်သူတွေ ပိုများ လာရတာပါပဲ။
အစားအသောက်နဲ့ ဆက်စပ်နေတာ ပြောရရင် ယခင်က ဓာတုဆေးလွတ်၊ သဘာဝ မြေသြဇာ လွတ်တဲ့ ဆန်စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးစတဲ့ အော်ဂဲနစ် သီးနှံတွေ စားသုံးနေရာက စိုက်ပျိုး မွေးမြူရေးတွေမှာ ပိုးသတ်ဆေး၊ မြေသြဇာ၊ ကြီးထွားနှုန်း၊ အထွက်တိုးနှုန်း ပိုကောင်းအောင် ဓာတ်မြေသြဇာတွေ သုံးလာကြတယ်။ ဓာတ်မြေသြဇာ ရွက်ဖျန်းဆေးတို့၊ ပေါင်းသတ်ဆေးတို့ဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုဆေးဝါးများ ပါသလို မသုံးသင့်တဲ့ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်တဲ့ အရက်၊ အချိုရည်အမျိုးမျိုး၊ ဟင်းချိုမှုန့်၊ ကြက်သားမှုန့် တို့ကြောင့် ကင်ဆာရောဂါ ဖြစ်နှုန်း မြင့်မားလာ စေတယ်။
အသင့်အမြန်စား အစားအစာ (Snack) များ၊ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာမုန့်တွေ ကလည်း သွေးထဲမှာ ကိုလက်စထရောများ လာစေတဲ့ အတွက် အသည်းအဆီဖုံး၊ အသည်းရောင်နာ၊ အသည်းကြွပ်နဲ့ အသည်း ကင်ဆာ ဖြစ်စေပြီး ဆီမှာပြည့်ဝဆီ၊ ဝက်ဆီ၊ ဆီအုန်း၊ နှစ်ခါပြန်ကြော်ဆီနဲ့ ဆိုးဆေးသုံးတာ၊ အချိုဓာတ်ရအောင် ဟင်းချိုမှုန့် အသုံးများတာတွေ အပြင် မှိုတက်နေတဲ့ အယ်ဖာတောက်ဆင် (Alphatoxin)တွေကြောင့် ကင်ဆာဖြစ်နိုင်သလို ငရုတ်သီး၊ မြေပဲဆန်၊ ကွမ်းသီးတို့ အစားများတဲ့ မြန်မာတွေဟာ အသည်းကင်ဆာ ဖြစ်တာ မြင့်တက် လာတယ်။
ခုချိန်မှာ အသည်းရောင် စီနဲ့ဘီ ကူးစက်မှုဟာ တော်တော်လေး မြင့်လာတယ်။ ရောဂါရှိသူနဲ့ လိင်တူလိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါရှိသူနဲ့ မုတ်ဆိတ်ရိတ်၊ လက်သည်းညှပ်၊ ပန်းကန်ခွက်ယောက် အတူတူ သုံးခြင်းများ၊ မသန့်သော ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခြင်း၊ သွားနုတ်၊ သွားဖာခြင်းကြောင့် အသည်းရောင်ဘီနဲ့ စီပိုးများ ကူးစက်ကာ ယင်းမှနာတာရှည် အသည်းရောင်ရောဂါ၊ အသည်း ကြွပ်ဆတ်နာ၊ အသည်းကင်ဆာ ဖြစ်လာရတယ်။ လူတိုင်းဖြစ်နိုင်ရင် အသည်းရောင်ဘီ ကာကွယ်ဆေး ထိုးထား သင့်တယ်။ ရောဂါဖြစ်လာရင် ပျောက်ကင်းအောင် ကုသ သင့်တယ်။ ကြိုတင် ကာကွယ်ခြင်း အပိုင်းမှာ အစားအသောက်များကို ဂရုပြု စားသောက်ပြီး ကယ်လိုရီဓာတ် များသော အစာများ၊ ကိုလက်စထရော တက်တဲ့ အစာများ ရှောင်ရမယ်။ မှိုတက်တဲ့ ပစ္စည်းနဲ့ ချက်ထားတဲ့ ဟင်းများ ရှောင်ပါ။ ရေဆာရင် အချိုရည် မသောက်ဘဲ ရေသောက်ပါ။ အရက်၊ ဘီယာ၊ အချိုရည်ရှောင်ပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။ နေ့စဉ်နာရီဝက်ခန့် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ပါ။ အပြေး လမ်းလျှောက်နဲ့ စက်ဘီးစီးပါ။ ဖြစ်နိုင်ရင် အိမ်သား အားလုံး အသည်းရောင်ဘီ ကာကွယ် ဆေးထိုးနှံ ထားကြဖို့ လိုပါတယ်။ ။
ဒေါက်တာလွင်သန့် (ဆေး-၂)
မြ၀တီ
1:05pm.
ရင်ဘတ်အောင့်ခြင်း
===========
ရင်ဘတ်အောင့်ခြင်း (Chest Pain) သည် ရင်ဘတ် အလယ်တည့်တည့်နေရာ တခုတည်း၌ အောင့်ခြင်းကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ် တခုလုံးသာမက ရင်ဘတ်နှင့် ဆက်စပ်လျက်ရှိသည့် တခြား အစိတ်အပိုင်းများအထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်းအားလုံးကို ဆိုလိုပါသည်။ ရင်ဘတ်အောင့်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြားသတ်မှတ်ခြင်း (Diagnosis) ကိုလုပ်ပြီးမှသာ မည်သည့်ရောဂါ အမျိုးအစား ဖြစ်သည်ကို သတ်မှတ်နိုင်မည် ဖြစ်ပါသည်။
သို့သော်လည်း ရင်ဘတ်အောင့်သည့် ဝေဒနာကို မကြာခဏ ခံစားနေရသူ တချို့သည် ရောဂါကိုဆရာဝန်နှင့် ပြပြီး ရောဂါအဖြေမရှာပဲ မိမိကိုယ်မိမိ နှလုံးရောဂါ (သို့) အစာအိမ်ရောဂါ စွဲကပ်နေသည်ဟု ထင်မှတ်နေကြပြီး ပတ်ဝန်းကျင်မှ အကြံပေးသည့် မိမိ သန်ရာ နည်းများဖြင့် ကုသနေကြသည်ကို မကြာခဏ ကြားသိနေရပါသည်။ ထို့ကြောင့် ရင်ဘတ်အောင့်သည့် ဝေဒနာကို ခံစား နေသူများ အားလုံး အတွက် ဗဟုသုတလို့ငှာ Dr Warwick Carter ရေးသားသည့် Home Doctor ထဲမှ ကောင်းနိုးရာများကို ကောက်နှုတ်၍ ပြုစု တင်ပြ လိုက်ပါသည်။
စမ်းသပ်တွေ့ရှိမှု
ရင်ဘတ်အောင့်ခြင်းသည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီး ဖြစ်ပါက အရေးကြီးသဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံအကူအညီကို ချက်ချင်းလိုအပ်နိုင်ပါသည်။ တခြားအင်္ဂါအစိတ်အပိုင်းများဖြစ်သည့် အစာပြွန်၊ ရင်အုံအရိုး၊ နံရိုး၊ နှလုံးသွေးလွှတ်ကြောမကြီး၊ သွေးလွှတ်ကြောငယ်များ၊ သွေးပြန်ကြောနှင့် နာ့ဗ်ကြောများ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင့် ကျောရိုးဆစ်များ စသည့် အစိတ်အပိုင်းတခုခုတွင် ပြဿနာရှိပါကလည်း ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အကြောင်းရင်းမတူသည်ကို အခြေခံ၍ အောင့်သည့် အခြေအနေများမှာလည်း စူး၍အောင့်ခြင်း၊ ကိုက်၍အောင့်ခြင်း၊ ပျော့လွန်းမပြင်းလွန်းအောင့်ခြင်းနှင့် ဖြိကပ်၍အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပြီး ဆက်တိုက် သို့မဟုတ် အကြိမ်ကြိမ်မကြာခဏ အောင့်ခြင်းများ ဖြစ်နိုင်ပါသည်။ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ကြောင့် စအောင့်နိုင်ပြီး အောင့်သည့်အချိန်တွင် အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားဝင်ခြင်း၊ ပါးစပ်ပျက်ခြင်း စသည့် လက္ခဏာများ တွဲပါလာနိုင်ပါသည်။ ဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါခွဲခြားသတ်မှတ်ပေးမှသာ ရောဂါကို အမျိုးအစားကို မှန်ကန်စွာ သိရှိနိုင်မည်ဖြစ်သည်။
ရောဂါ စစ်ဆေးသတ်မှတ်ခြင်း (Diagnosis)
ဆရာဝန်သည် ရောဂါကို အတိအကျ သိရှိရန်အတွက် အရိုးကို ကောင်းစွာစစ်ဆေးနိုင်သည့် ဓါတ်မှန်ရိုက်ခြင်း၊ အရိုးနှင့် တချို့ တစ်ရှူးများကိုပါ မြင်တွေ့နိုင်သည့် CT scan, နှလုံးအလုပ်လုပ်ပုံကို ကောင်းစွာမြင်တွေ့နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ်အလုပ်လုပ်နိုင်မှုကို စမ်းသပ်စစ်ဆေးသည့်သည့် Lung Function Test, ခန္ဓာကိုယ်ထဲသို့ ပါးစပ်မှတဆင့် ကင်မရာထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါဝင်နိုင်သည့် စမ်းသပ်မှုကို တခု (သို့) တခုထက်ပို၍ှ ပြုလုပ်ပြီး သတ်မှတ်လေ့ရှိပါသည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည့်ရောဂါ ဇက်မြစ်ကို အတိအကျသိမှသာ ထိရောက်သည့် ကာကွယ်ကုသမှုကို ပေးနိုင်မည် ဖြစ်သည်။
ရင်ဘတ်အောင့်ခြင်းကို အဖြစ်များစေသည့် အကြောင်းရင်းများ
(၁) Injury
ရင်ဘတ်ဒါဏ်ရာ ရရှိသောအခါ ရင်ဘတ်၌အညိုအမဲစွဲ၍ နံရိုးကျိုးခြင်း၊ ကြွက်သား (သို့) အရွတ်များ စုတ်ပြဲခြင်း စသည့် တခုခုကြောင့် ရင်ဘတ် နေရာ အနံ့ပြားကို အောင့်စေပြီး လှုပ်ရှားပါက ပိုဆိုးပါသည်။
(၂) Viral infection
ဗိုင်းရပ်ကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် များသော အားဖြင့် ကြွက်သားများကို ရောင်စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်း ဘက်တွင် ရှိသော ကြွက်သား အဆွယ်အပွား များကို ကိုက်ခဲ နာကျင်စေပါသည်။
(၃) Arthritis
ကျောရိုးဆစ်၌ အရိုးကြေပြီး နာ့ဗ်ကြောများအား ဖိညှပ်ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမကပဲ နာ့ဗ်ကြောများ ပြန့်နံ့သည့် ဘေး တဖက်တချက် နှင့် အရှေ့ဘက် အထိနာကျင်စေနိုင်သည်။ ကိုယ်အနေအထား ပြောင်းပါက ပိုမိုနာကျင်စေပါသည်။
(၄) Myocardial Infaction
နှလုံးရောဂါသည် ကော်လက်စထရောလ် ကြောင့် ဖြစ်ပေါ်လာသည့် အဆီဖတ်များမှ နှလုံးကြွက်သားအား သွေး ထောက်ပံ့ပေးနေသည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့ စေသောအခါ ဖြစ်စေပါသည်။ နှလုံးသည် ခန္ဓာကိုယ်တခုလုံးကို အောက်စီဂျင်နှင့် အာဟာရ ရောက်အောင် တွန်းပို့ပေးနေသော အင်္ဂါဖြစ်ပါသည်။ ထိုအခြေအနေတွင် နှလုံးကြွက်သားကိုယ်တိုင်မှာပင် အောက်စီဂျင်နှင့် အာဟာရ မရတော့ သောကြောင့် ကျုံ့လိုက် ကြွလိုက် မလုပ်နိုင်တော့သောအခါ သွေးကိုခန္ဓာကိုယ်တခုလုံးသို့ ရောက်အောင် မတွန်းပို့ ပေးနိုင် တော့ပဲ နှလုံးရော ခန္ဓာကိုယ်ပါ အောက်စီဂျင်ပြတ်လပ်ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ နှလုံးကြောင့်ဖြစ်သော ရင်ဘတ် အောင့်ခြင်းသည် လည်ပင်း၊ မေး (သို့) လက်မောင်း ( ဘယ်ဘက်၌ ပိုဖြစ်သည်) စသည့် ရင်ဘတ်နှင့် ဆက်စပ် နေသည့် မည်သည့် နေရာတွင်မဆို ဖြစ်နိုင်သော်လည်း ပုံမှန် အားဖြင့် ဘယ်ဘက်ရင်ဘတ်၊ အရှေ့ ဘက် လည်ပင်း အောက်၊ ရင်ဘတ်အလယ်တည့်တည့်နှင့် ပုခုံး အရှေ့ခြမ်းတို့၌ အဖြစ် များ ပါသည်။ အောင့်သည့်ပုံစံမှာ စူး၍ အောင့်ခြင်းမျိုးမဟုတ်ပဲ ဖိနှိပ်ပွတ်တိုက်ခံရခြင်း (သို့) အလွန်အမင်း ကိုက်ခဲစေသည့် အောင့်ခြင်းမျိုးကို ခံစားရသည်။ ထို့အပြင် နှလုံးကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်းသည် ခန္ဓာကိုယ်လှုပ်ရှားခြင်း၊ အနေအထားပြောင်းခြင်း၊ အစား စားခြင်း၊ ချောင်းဆိုးခြင်း ကြောင့် ပိုမိုနာကျင်စေခြင်း မရှိပါ။ နှလုံးကြောင့်ဖြစ်သည်ဟု ယူဆပါက ချက်ချင်း ဆရာဝန်နှင့် ဆေးရုံ အကူအညီ အရေးပေါ် လိုအပ်နိုင်ပါသည်။
(၅) Angina
ရင်ကြပ်လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ်ခံထားရသည့် အောင့်ခြင်းမျိုးကို ခံစားရပါသည်။ များသောအားဖြင့် ရင်ဘတ် အလယ် တည့်တည့် တွင် ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစားလုပ်နေချိန်နိုင် ရုတ်တရက်ဖြစ်လာနိုင်ပြီး အနားယူလိုက်ပါက သက်သာ သွားလေ့ရှိသည်။
(၆) Pneumonia
အဆုပ်ပွခြင်း သည် အဆုပ်ကို အဓိကဖွဲ့စည်းထားသည့် လေအိတ်အသေးများ ( Alveoli) တွင် ဘတ်တီးရီးယား ကူးစက်ရောဂါပိုးများ ၀င်ရောက်နေသည့် ရောဂါဖြစ်ပါသည်။ နှာခေါင်းမှ ရှူသွင်းလိုက်သော အောက်စီဂျင်များကို အဆုပ်လေအိတ်နံရံရှိ ဆံချည်မျှင် သွေးကြောများ မှတဆင့် နှလုံးသို့ပို့ဆောင် ရပြီး နှလုံးမှတဆင့် အောက်စီဂျင်ကို သွေးက ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေး ရပါသည်။ အဆုပ်ပွ သောအခါ လေအိတ်များတွင် ဘတ်တီးရီးယားကြောင့် လေအိတ်တခုလုံး (သို့) လေအိတ်နံရံရှိ ဆံချည်မျှင် သွေးကြောများ ပျက်စီးနိုင်ပြီး အဆုပ်ပုံမှန် အလုပ်မလုပ်နိုင်ပဲ အဖျားဝင်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ရင်ဘတ် အောင့်ခြင်းတို့ကို ဖြစ်စေ ပါသည်။ မကုသပါက ဘတ်တီးရီးယားများ အဆုပ်တခုလုံး ပြည့်သွားနိုင်သောကြောင့် လေအိတ်များ ပျက်စီးပြီး ခန္ဓာကိုယ်အား အောက်စီဂျင် မပေးနိုင်သောကြောင့် အသက် ဆုံးရှုံးနိုင်ပါသည်။
(၇) Pleurisy
အဆုတ် အမြှေးပါး ရောင် လျှင် ရင်ဘတ်အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေနိုင်၍ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းနှင့် လှုပ်ရှားခြင်း တို့ကြောင့် ပိုအောင့်နိုင်ပါသည်။
(၈) Reflux oesophagitis
အစာအိမ် ရောဂါတခုခုကြောင့် ရင်ဘတ်အောင့်နိုင်ပါသည်။ အစာအိပ်တွင် ဟိုင်ဒရိုကလိုရစ် အက်ဆစ်ပါရှိပြီး အစာအိမ်အား ထူထဲသော အချွဲများဖြင့် ကာကွယ်ထားပါသည်။ အကယ်၍ အစာအိမ်ရောဂါ ရှိသူများတွင် အစာအိမ် ပုံမှန်အလုပ်မလုပ်နိုင်သောကြောင့် ယင်းအား အစာအိမ်နံရံရှိ ချွဲများမှ ကာကွယ်မှုမပေးနိုင်သည့်အခါ အက်ဆစ်များမှ အစာအိမ်နံရံသို့ ရောက်ရှိလောင်ကျွမ်းနိုင်ပြီး ပူ၍နာကျင်ခြင်းနှင့် အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။
(၉) Tietze syndrome
ရင်အုံရိုး အနောက်ဘက်ရှိ နံရိုးနှင့်ဆက်ထားသော အရွတ်တခု (သို့) တခုထက်ပို၍ ရောင်ခြင်းကို ဖြစ်စေပြီး ပူ၍နာကျင်ခြင်းကြောင့် ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေပါသည်။
(၁၀) A blood clot
သွေးခဲ တခုခုသည် သွေးကြောအတွင်း၌ မျောပါနေလျင် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ပိတ်ဆို့နိုင်ပါသည်။ ထို သွေးခဲ သည် အဆုပ်တွင်းရှိ အဓိကသွေးလွှတ်ကြောတခုခုအား ပိတ်ဆို့သောအခါ ( Pulmonary embolus) ကို ဖြစ်စေပြီး ပိတ်ဆို့ခံရသော အဆုပ် ၏ အစိတ်ပိုင်းကို ပျက်စီးစေခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေပါသည်။
ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင်သည့် တခြားအကြောင်းရင်းများ
(၁) အဆုပ်အပြင်ဘက်ရှိ ရင်ဘတ်ထဲတွင် လေခိုနေခြင်း (Pneumothorax )၊
(၂) နာ့ဗ်ကြော၌ ဗိုင်းရပ်ပိုးဝင်ရောက်နေခြင
်း (Shingles)၊
(၃) အဆုပ်ပျက်စီးခြင်း (Bronchiectasis)၊
(၄) နှလုံးကြွက်သားသို့ ပိုးဝင်ခြင်း (Myocarditis)၊
(၅) မွေးရာပါ နှလုံး၏ဖွဲ့စည်းပုံ ပုံမမှန်ခြင်း၊
(၆) နှလုံးအဆို့ရှင် အလုပ်မလုပ်ခြင်း ၊
(၇) အဆုပ်တွင်း တနေရာရာ၌ ကင်ဆာရှိနေခြင်း၊
(၈) နှလုံးရောဂါအတွက် အလွန်အမင်း စိုးရိမ်နေခြင်း (Cardiac neuroses)၊
(၉) ရင်ဘတ်နံရံ ရောင်ခြင်း၊
(၁၀) သည်းခြေအိတ်တွင် ရောဂါဝင်၍ ရောင်ခြင်း (Cholecystitis) စသည်တို့ကြောင့်လည်း
... ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေ နိုင်ပါသည်။
မည်သူမဆို မည်သည့်အကြောင်းကြောင့် ရင်ဘတ်အောင့်သည်ဖြစ်စေ ရင်ဘတ်အောင့်သည့် ဝေဒနာကို တစ်ကြိမ်ထက်မက ခံစားရပါက အန္တရယ်ရှိနိုင်သည်ကို နှလုံးမူ၍ ရောဂါကို အတိအကျသိရှိရန်နှင့် အချိန်မီကာကွယ်၊ ကုသနိုင်ရန် ဆရာဝန်နှင့် မဖြစ်မနေ တွေ့သင့် ပါသည်။ မိမိ ကိုယ် မိမိ အစာအိမ်ရောဂါ (သို့) နှလုံးရောဂါ ဖြစ်နေသည်ဟု ယူဆနေသူများအနေဖြင့်လည်း ထိုရောဂါများ အမှန်တကယ် ရှိနေပါက ဆရာဝန်ညွှန်ကြားချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲနေခြင်းသည် ရောဂါကို ပျောက်ကင်းစေမည် မဟုတ်သည့်အပြင် ပိုမို ပွားလာစေရန် မွေးထားသည်နှင့်ပင် တူနေသဖြင့် အန္တရယ် ကြီးမား လှကြောင်းကို သတိပေးရင်း မိမိ၏ ကျန်းမာရေးကို ထိရောက်စွာ ကာကွယ် စောင့်ရှောက်ကြပါရန် အကြံပြု တင်ပြအပ်ပါသည်။
Credit - Public Health in Myanmar
ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ
✰ ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ ?
❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ။
ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။
❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူ
တချို့ ကျန်းမာရေးချို့တဲ့ တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ ။ နဂိုက
ခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်း
ကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူက
သွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။
အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။
❉ အရက်သောက်ပြီး နောက် ရေမချိုးသင့်
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကို တားဆီးတယ်။
ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ် ။ အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်း
ပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။
❉ အစားဝအောင်စားပြိး နောက် ရေမချိုးသင့်
အစားဝအောင်စားပြိး နောက် ရေချိုးရင် တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့
ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်
သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။
❉ အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်
ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။
❉ အဖျားရှိတဲ့အခါရေမချိုးသင့်
အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာ ခန္ဓာကိုယ်က အားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။
*** ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........ .♡♡♡
လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။
အထုးသဖြင့် အလွန်ပုတဲ့မြန်မာပြည် ၊ ထိုင်း ။ မလေး မှာရှိတဲ့သူငယ်ချင်းများပိုပြီးသတိထားသင့်ပါတယ် ။ (ဦးနှောက်သွေးကြောပြတ်ခြင်း ။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )
သူငယ်ချင်းတို့ရောဒီလိုအခြေအနေမျိုးမှာရေချိုးဖုးရင်တော့သတိထားသင့်ပါတယ် လို့မျှဝေရင်းသူငယ်ချင်းများအားလုံးကျန်းမာပါစေ~~.♡♡♡
နွားနို့၏ ရောဂါ ကာကွယ်နိုင်သော အစွမ်းများ
17.3.204
နွားနို့မှာ ကျန်းမာရေး အကျိုးကျေးဇူး အမျိုးမျိုး ရှိတဲ့အနက် ရောဂါ ကာကွယ်နိုင်စွမ်း ရှိတာကိုလည်း အောက်ပါအတိုင်း လေ့လာ တွေ့ရှိရပါတယ်။
သွေးဖိအားကို ထိန်းပေးနိုင်ခြင်း
သွေးတိုးနေတဲ့ လူတွေကို ဆားပါဝင်မှု နည်းတဲ့ အစားအသောက်တွေ စားသုံးဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ ရှိပါတယ်။ လေ့လာမှု အမျိုးမျိုးအရ သွေးတိုးရောဂါ ရှိသူတွေမှာ နေ့စဉ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပြီး အဆီမပါတဲ့ နွားနို့ နှစ်ဖန်ခွက် သောက်ပေးတာကြောင့် သွေးဖိအား လျော့ကျမှု ရှိတာကို တွေ့ရပါတယ်။ နွားနို့ထဲမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် သတ္တုဓာတ်တွေကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်တာ ဖြစ်ပါတယ်။
အရိုးများကို သန်စွမ်းစေခြင်း
နွားနို့ထဲမှာပါတဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင်နဲ့ ပရိုတင်းဓာတ်တွေဟာ အရိုးတွေကို သန်စွမ်းကျန်းမာ ဖွံ့ဖြိုးစေပါတယ်။ နွားနို့ကို ပုံမှန် သောက်တာကြောင့် အရိုးအက်နိုင်ခြေနဲ့ အရိုးပါး ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ကင်းဝေးစေခြင်း
အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မှန်မှန် သောက်သုံးတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နွားနို့ သောက်တာကြောင့် ခန္ဓာကိုယ်က ကယ်လ်စီယမ် ပမဏ များများ ရရှိကာ နှလုံးရောဂါထတာ (Heart Attack) မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးထဲမှာ မလိုလားအပ်တဲ့ ကိုလက်စထရော အဆီဓာတ်ကို လျော့ကျစေတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
ဆီးချို သွေးချို ရောဂါကို ကာကွယ်ပေးခြင်း
ဆီးချို သွေးချို ရောဂါဟာ အရွယ်ရောက်သူတွေမှာ အဖြစ်များတဲ့ ရောဂါပါ။ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းကို သောက်တာက အမျိုးအစား (၂) ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။
အဝလွန်မှု မဖြစ်အောင် ကာကွယ်ခြင်း
အဆီနည်း နို့ကို ပုံမှန်သောက်တာကြောင့် အာဟာရဓာတ် ပြည့်ဝစေပြီး ဗိုက်ပြည့်ကာ အဆာခံစေပါတယ်။ နွားနို့ထဲမှာ ပါတဲ့ ကယ်လ်စီယမ်ဓာတ်ကလည်း ခန္ဓာကိုယ် အဆီတွေကို လျော့ကျစေတာကြောင့် အဝလွန် ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
ကင်ဆာရောဂါ အန္တရာယ် လျော့ကျခြင်း
အူမကြီးကင်ဆာ ဒါမှမဟုတ် ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်ဟာ ပုံမှန် အဆီနည်းနို့ သောက်တာကြောင့် လျော့ကျစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းထဲမှာ ပါတဲ့ ကယ်လ်စီယမ်နဲ့ CLA (Conjugated Linolenic Acid) ဟာ ခန္ဓာကိုယ်ကို အူမကြီးနဲ့ ရင်သားကင်ဆာ ဖြစ်နှုန်း လျော့ကျအောင် ကူညီပေးပါတယ်။
သွားကျန်းမာရေးကို ကောင်းမွန်စေခြင်း
နွားနို့ထဲမှာ ကေစင် (Casein) ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ဒီပရိုတင်းဓာတ်ဟာ သွားကြွေလွှာ မျက်နှာပြင်ကို အကာအကွယ် ပေးထားပါတယ်။ နွားနို့ထဲမှာ ပါတဲ့ ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဓာတ်ဟာလည်း သွားတွေကို သွားပိုးစားမှု မဖြစ်အောင် အကာအကွယ် ပေးနိုင်ပါတယ်။
ကြယ်စင်
Ref: Good Health
Automatic Transmission ကို ထိန်းသိမ်းခြင်း
အော်တိုဂီယာများတွင် Trans-mission Fluid သည် အသက်ဖြစ် သည်။ ခရီးမိုင် (၁၀၀၀၀၀) မတိုင်မီ ATF (Auto Transmission Fluid) ဆီကိုလဲလှယ်ပေးရန် ယေဘုယျသတ် မှတ်ထားသော်လည်း အထူးကျွမ်းကျင် သူများ၏အဆိုအရ ခရီးမိုင် (၃၀၀၀၀) မောင်းပြီးတိုင်း ATF ဆီ ကိုလဲလှယ်ပေးသင့်သည်။ ကားထုတ် လုပ်သူ ညွှန်ကြားထားသော ATF ဆီ အမျိုးအစားကို ရွေးချယ်သုံးစွဲသင့် သည်။ ATF ဆီအမျိုးမျိုးရှိသည်။ ထုတ်လုပ်သူရည်ညွှန်းသော ATF အမျိုးအစားကို သုံးစွဲပါမှ Auto Transmission ၏ သက်တမ်းပိုရှည်ပါမည်။ အော်တိုဆီမကောင်းလျှင် အင်ဂျင်သံပါဆူနေတတ်ပါတယ် ..
ဆီလဲလှယ်ရာတွင်လည်း ဆီအဟောင်းအလွန်ညစ်နေပါက အဟောင်းထုတ်ပြီး အသစ်ထည့်ပြီးပြန်မောင်းလျှင် ၅ မိနစ်လောက်မောင်းပြီးတာနဲ့ ဆီအသစ်ပါ ညစ်သွားတတ်ပါတယ် .အသစ်လဲပြီးသော်လည်း ထူးမခြားနားအခြေနေဖြစ်တတ်ပါတယ် .. ဒါကြောင့် ဆီအဟောင်းထုတ်ပြီး အတွင်းမှာကျန်ခဲ့တဲ့ အညစ်အကြေးတွေကို စင်အောင် သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ် .. စက်ဖြင့် သန့်ရှင်းရေးမလုပ်သော တစ်ချို့ဝပ်ရှော့များမှာလဲလှယ်မယ်ဆိုပါက ဆီအသစ်ထည့်ုပြီး ခဏပတ်မောင်းပေးပါ .. ပြန်ဖောက်ချလိုက်လျှင် ဆီအဟောင်းလိုပဲညစ်သွားတာ တွေ့ရပါလိမ့်မယ် .. လက်ကျန် အညစ်အကြေးကုန်အောင် သန့်ရှင်းရေးလုပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ် ..
လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ
18.3.2014
ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။
သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။
ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။
ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ် ပါဝင်ပြီး လူကြီး တစ်ယောက်အတွက် နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက်ပမာဏ ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ လေးပတ်တာလောက် ဆားလျှော့ စားတာကြောင့် သွေးဖိအား ကျဆင်းပြီး လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ လျော့ကျ သွားတယ်လို့ လေ့လာမှု အရလည်း တွေ့ရှိထားပါတယ်။ ဆားလျှော့စားပြီး ငှက်ပျော်သီးနဲ့ ဟင်းနု နယ်ရွက်လို ပိုတက်စီယမ် မြင့်မားစွာ ပါဝင်တဲ့ အစာ စားတာကြောင့် သွေးဖိအား ထိန်းချုပ်နိုင်ပြီး လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဆီးချိုရောဂါ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန် စားသုံးရန် ………
*အုပ်စု ( ၁ ) လုံးဝရှောင်ရမည့် အစားအစာများ ။
သကြားနှင့် သကြားပါဝင်သော အစားအသောက်များ အားလုံးကို လုံးဝ (လုံးဝ )ရှောင်ရပါမည်။
သကြား ၊ ဂလူးကို့ စ် ၊ ကြံသကာ ၊ ထန်းလျက် ၊ ယိုအမျိုးမျိုး ၊ ချိုချဉ် ၊ ချောကလက် ၊ အိုက်စ် ကရင် ၊ လမုန့်  ၊ ထိုးမုန့် ၊ မလိုင်မုန့်  ၊ အဖျော်ယမကာ အမျိုးမျိုး ၊ စည်သွပ်အမျိုးမျိုး
*အုပ်စု ( ၂ ) ကြုက်သလောက် စားသုံးနိုင်သော အစားအစာများ ။
ဤ အစားအသောက်များကို မိမိနှစ်သက်ပါက စိတ်တိုင်းကျ စားသုံးနိုင်သည့်အပြင် ဗိုက်ဝ အောင်လည်း စားနိုင်ပါသည် ။
(၁) စိမ်းစိုသော ဟင်းရွက် အမျိုးမျိုး ။
ဗူးရွက် ၊ ကန့် စွန်းရွက် ၊ မန်ကျည်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဆူးပုတ်ရွက် ၊ မြင်းခွါရွက် ၊ ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပွင့် ၊ ပန်းမုံလာ ၊ ကိုက်လန်ရွက် ၊ မုန်ညင်းရွက် များ ။
(၂ ) မချိုသော အသီးအမြစ်များ ။
ခရမ်းချဉ်သီး ၊ သံပုရာသီး ၊ ရှောက်သီး ၊ ဆီးဖြူသီး ၊ မျှစ် ၊ မုန်လာဥဖြူ ၊ ဗူးသီး ၊ ဂေါ်ရခါးသီး ၊ ခရမ်းသီး ၊ ကင်းပုံသီး ၊ ခဝဲသီး ၊ ရုံးပတီသီး ၊ ဂွေးချိုသီး ၊ သလဲသီး ။
( ၃ ) သား / ငါး များ ။
ကြက် ၊ ဘဲ ၊ ဆိတ် ၊ အမဲ ၊ ဝက် ၊ ငါး ၊ ပုဇွန် ၊ ကြက်ဥ ၊ ငုံးဥ ။
( ၄ ) ကော်ဖီ / လက်ဖက်ရည် ။
သကြား ၊ နို့ ဆီ ၊ နို့ မှုန့်  မသုံးရ ။ ဆက်ကရင် နှင့် အခြားအချိုတုများ သုံးနိုင်ပါသည် ။ နို့ ကိုလည်း အသင့်အတင်း သုံးနိုင်ပါသည် ။
*အုပ်စု ( ၃ ) သင့်တင့်သော အတိုင်းအတာထိသာ စားသင့်သော အစားအစာများ ။
ဤအစားအသောက်များသည် ကစီဓါတ်အများဆုံး ပါရှိပါသည် ။မိမိနှင့် သင့်တော်သော တစ်နေ့ အတွက် ကစီဓါတ် ယူနစ် ပမာဏကို ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည် ။ ( မိမိဖြစ်နေသော အခြေအနေအလုံးစုံသိသောမြင်သော ဆရာဝန်များကို ပြောကြားခြင်းဖြင့် အကုအညီယူပါ )
(၁) ဆန်နှင့်ပြုလုပ်သော အစားအစာများ -
ထမင်း ၊ ဆန်ပြုတ် ၊ မုန့် တီ ၊ မုန့် ဟင်းခါး ၊ ဆန်ခေါက်ဆွဲ ၊ ကောက်ညှင်း ။
(၂ ) ဂျုံ နှင့်ပြု့ လုပ်ထားသော အစားအစာများ -
ခေါက်ဆွဲ ၊ ပေါင်မုန့်  ၊ နံပြား ၊ ဂျပါတီ ၊ ပူတီ ၊ ဘီစကစ် ၊ အီကြာကွေး ၊ ထပ်တရာ ၊ ပလာတာ ၊ စမူဆာ ၊ ပေါက်စီ ။
( ၃ ) ကစီဓါတ်များသော အသီးနှင့်ဥများ -
အားလူး ၊ ရွှေဖရုံ ၊ ကန်စွန်းဥ ၊ ပိန်းဥ ၊ ခါကြက်ဥ ၊ ပဲအမျိုးမျိုး ၊ နာနတ်သီး ၊ လိမ္မော်သီး ၊ သရက်သီး ၊ဌက်ပျောသီး ၊ ပိန္နဲသီး ၊ မာလကာသီး ၊ သြဇာသီး ၊ ဒူးရင်သီး ၊ စိမ်းစားဥ ။
လက်နာနာဖြင့် ရေးသားမျှဝေပါသည် Mg Mandalay
ကျေးဇူးကို ချေလို့မရ၊ ထေလို့မရ”
လူတစ်ယောက်ဟာ ကိုယ့်ကိုထမင်းတစ်နပ်ကျွေးလိုက်တယ်။ သူကတစ်
ထောင်ဖိုးကျွေးတယ် ဆိုပါစို့။ ကိုယ်ကနှစ်ထောင်ဖိုး ပြန်ပေးလိုက်တယ်ဆိုရင်
သူကျွေးလိုက်တဲ့ပစ္စည်းရဲ့ အထောက်အပံ့ အစဉ်အဆက်သည် ရပ်သွားပါ့မ
လား၊ (မရပ်သွားပါဘုရား) ဒါဖြင့်မှတ်ပါ။ ကျေးဇူးကို ချေလို့မရဘူးနော်။ ဒီလို
နော် နားလည်ပြီလား။
ကျေးဇူးချေတယ် ဆိုတဲ့စကားကို မပြောရဘူး။ ကျေးဇူးဆိုတာ မချေကောင်း
ဘူး။ ငွေနဲ့လည်းချေလို့ ထေလို့ မရပါဘူး။
ဘုရားက ကျေးဇူးသိတယ်၊ ကျေးဇူးဆပ်ရာမည်တယ်လို့သာဟောတာ။ ကျေ
တယ်လို့ မပြောဘူးနော်။ ကျေးဇူးကို မချေကောင်းဘူး။ မထေကောင်းဘူးလို့
မှတ်ပါ။
ဘုရားဟောတယ်။ ငယ်စဉ်က မိခင်ရဲ့ နို့ရည်တစ်စက်၊ ဖခင်ရဲ့ ပြူစုမှုတစ်ချက်
လေးဟာ၊ အဲ့ဒီကျေးဇူးတွေဟာ ခုထိ ထောက်ပံ့တုန်းဘဲတဲ့။ ဘုရားရဲ့ဥာဏ်
တော်နဲ့မို့မြင်နိုင်တာနော်။ ပဋ္ဌာန်းထဲမှာ ပါတယ်။ နတ္ထိပစ္စယောလို့ပြတယ်။ အ
ဟာရက ဥပနိဿယပစ္စယောနော်။ အားကြီးတဲ့ မှီရာအထောက်အပံ့နော်။
ဟိုကျတော့နတ္ထိပစ္စယောလို့ခေါ်တယ်။ ထောက်ပံ့ပေးခဲ့တယ်။ ဒါပင်မယ့်မရှိ
တော့ဘူး။ လက်ဆင့်ကမ်း သဘောမျိုးလို့ မှတ်ရမယ်။ သေသေချာချာမှတ်ပါ။
ဒါကြောင့် ကျေးဇူးကို ဆက်ကြည့်တဲ့အခါ ငယ်ငယ်ထဲက မိခင်နို့ရည်တစ်စက်
ဖခင်ရဲ့ ပြုစုမှု တစ်ချက်လေးဟာ ခုချိန်ထိ ရှိတယ်လို့ မှတ်ရမယ်။ အင်မတန်
ကျေးဇူးကြီးတယ်နော်။
ဒါကြောင့် အမိကိုလက်ဝဲ၊ အဖကို လက်ယာ (သို့မဟုတ်) ပခုံးနှစ်ဖက်ပေါ်မှာ မိဘကိုတင်ပြီး နှစ်ပေါင်းတစ်ရာအထိ လုပ်ကျွေးအုံးတဲ့ ကျေးဇူးဆပ်ရာမမည်
သေးဘူးလို့ ဒီလို ဆိုတယ်နော်။
ပိုင်းလော့ဆရာတော်ဘုရားကြီး
Buddhavasa Tiloka
ဆင်းတုကိုးကွယ်နေလို့  ဘာအကျိုးရှိမှာလဲတဲ့လား
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကေ
ာအကျိုးရှိပါမလား။ ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကား တွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။ ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေ မေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
(၁) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
(၂) ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
(၃) ဥဒ္ဒိဿစေတီ…သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ် ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုး ပူဇောနိုင်တယ်။
(၄) ပရိဘောဂစေတီ…မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။
ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်း ပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိ ဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။ စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူး များပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကို ကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေး ဇူးတော် များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်အခါ ကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူး ကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။
ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲ မှုများသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရား ဟောကြားညွှန်ပြ ခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား၊ သစ္စာလေး ပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့  မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။ ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါ တော့မလဲ။
(ဒေါက်တာမင်းတင်မွန်)
ပြောရရင်တော့ Alarm Clock လိုပါပဲ ...
သတိမရှိပဲအိပ်ပျော်နေတဲ့ အခါ
အချိန်မှီ နိုးထနိုင်အောင် Alarm Clock လေးတွေဆောင်ထားရသလို၊
ဒါန၊ သီလ၊ ဘာဝနာ များကိုမေ့လျော်ပြီး နိုးလျက်နဲ့ အိပ်ပျော်နေတဲ့လူသားများအဖို့ ဗုဒ္ဓရုပ်ပွါးဆင်းတုတော်များကိုမြင်ပြီး
သတိများကပ်၍ လောဘ ဒေါသ မောဟ များကို ထိမ်းနိုင်ရန်အဖို့သော်လည်းကောင်း၊
ကုသိုလ်စိတ်များနိုးကြားနေအောင် သော်လည်းကောင်း၊
မေတ္တာ ဘာဝနာ များပွါးများနိုင်အောင် သော်လည်းကောင်း၊
မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်အောင် သော်လည်းကောင်း ဗုဒ္ဓရုပ်ပွါးဆင်းတုတော်များသည် သတိ-Alarm များပေးနေတတ်၏
“စိတ်ဓာတ်မကျပါနဲ့”
••••••••••••••••••••
လူတိုင်းမှာ ပြဿနာရှိတယ်။
ပြဿနာကင်းတဲ့ လောကဆိုတာ မရှိပါဘူး။
ကျွန်ပ်တို့အားလုံး ဟာ လောက မှာရှိတဲ့
အရာအားလုံးကို ပြည့်ပြည့်စုံစုံ ချောချောမွေ့မွေ့နဲ့
ပြီးသွားလိမ့် မယ်လို့ ဘယ်သူမှ မျှော်လင့်လို့မရပါဘူး။
လောကအခြေအနေအားလုံးဟာအမြဲတမ်း
သင့်ဘက်မှာ မရှိပါဘူး။ဒါကို သဘောပေါက်ဖို့လိုပါ တယ်။
သဘာဝအင်အားစုဖြစ်တဲ့ နေရောင်ချည်၊ မိုး၊ လေ၊
လရောင်တွေဟာ လူတွေအတွက် အကူအညီဖြစ်တယ်၊
အသုံးကျတယ်ဆိုသော်လည်း လိုအပ်တာထက်
လွန်ကဲလာပြီဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။
ပြဿနာတွေကြုံတွေ့တိုင်းမှာ တော်တော်များများဟာ
စိတ်ဆင်းရဲကြတယ်။ ဒါဟာ “မှားယွင်းတဲ့ဖြေရှင်းချက်”ပါပဲ။
အခက်အခဲတွေ့လာရင် အဲဒီအခက်အခဲကို
ဖြေရှင်းဖို့ အတွက် အရင်ဆုံး စိတ်ဆင်းရဲနေတာကို
ဖြေလျှော့ဖို့ ဆုံးဖြတ်ရမယ်။
ပြဿနာဖြစ်လာရင်
“ငါဟာ ပြဿနာတွေပြည့်နေတဲ့ လောကထဲ
ရောက်နေတာပဲ။ ဒီတော့ ပြဿနာဆိုတာ
တစ်နေ့ မဟုတ်တစ်နေ့ ကြုံမှာပဲ” လို့ စဉ်းစားလိုက်ပါ။
ပြဿနာဆိုတာ “တစ်ကိုယ်ကောင်းဆန်မူ၊
လိုချင်ဆန္ဒပြင်းပြမှု”တွေကြောင့် ဖြစ်တာပါ။
“တစ်ကိုယ်ကောင်းဆန်မူ၊ လိုချင်အားကြီးမှု”ကြောင့်
ပြဿနာဖြစ်တယ်။ ပြဿနာဖြစ်တော့
စိတ်ဆင်းရဲတယ်။ ဒီတော့ အကြောင်းဖြစ်တဲ့
တစ်ကိုယ်ကောင်းဆန်တဲ့စိတ်လေးတွေ
အရင်ဆုံးနှိမ်နင်းရမယ်။
နောက်ပြီး သူများရဲ့ ပြဿနာတွေနဲ့ ယှဉ်ကြည့်ပါ။
အော် သူတို့လည်း ပြဿနာရှိကြတာပဲ။
အချို့ဆိုရင် ငါ့ထက်တောင် များသေးတယ်။
ငါတစ်ယောက်တည်း ဖြစ်နေတာမဟုတ်ဘူးလို့
တွေးလိုက်ပါ။
♦ပြဿနာကြောင့် မပျော်ရွှင်တဲ့အခါ လောကကြီးဟာ
ငါနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါလားလို့
ထင်ကောင်းထင်လိမ့်မယ်။
♦ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံး
ပြိုလဲနေတယ်လို့ ထင်မယ်။
♦ဘ၀လမ်းဆုံးဖို့ နီးနေပြီ လို့ ထင်လိမ့်မယ်။
♦သို့သော်လည်း သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေ ကို
သေချာဂရုစိုက်ပြီး ကောင်းတဲ့ အချက်တွေကို
ရေတွက်ကြည့်လိုက်တဲ့အခါ အံသြစွာပဲ သင်ဟာ
သူများထက် ပိုကောင်းနေတာကို တောင်
တွေ့ကောင်းတွေ့ရပါလိမ့်မယ်။
တရုတ်စကားပုံလေးတစ်ခုကတော့....
“If you have a big problem, try to reduce it to a small problem.
If you have a small problem, try to reduce it to no problem.”
♦သင့်မှာ ပြဿနာကြီးရှိနေရင် သေးအောင်
ကြိုးစားပါ။ သေးရင် လုံးဝမရှိအောင် ကြိုးစားပါ။
ကိုယ့်ကိုယ်ကို ယုံကြည်မူရှိပါ။
ပြဿနာတစ်စုံတစ်ခုနဲ့ ကြုံရင် အဲဒီပြဿနာကို ကျော်လွှားဖို့
နည်းလမ်း ကတော့ သေချာပေါက်ရှိမှာပဲ လို့တွေးပါ။
ဝမ်းမနည်းပါနဲ့။ဖြေရှင်းစရာနည်းလမ်းမရှိတောင်မှ
ဝမ်းနည်းစရာမလိုပါ။
ဘာကြောင့်လိုဆိုရင် ၀မ်းနည်းခြင်းဟာ
သင့်ပြဿနာကို မဖြေရှင်းနိုင်လို့ပါပဲ။
- (ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ)
အမေရိကန်ချွေးမ ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )
------------------
အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။
(၁) မစားရင် အဆာခံပါ
----------------------
မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။
ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။
(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့သူနေရသက်တောင့်သက်သာရှိတယ်ဆိုရင်
ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။
အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး
ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။
တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး "မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။
သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။
ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့အထိ
ကျောင်းဆောင်ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။
တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။
စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။
"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား"
ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။
"ဟုတ်ကဲ့..."
သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။
ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို တရုတ်အစားအစာပြင်ဆင်ဖို့ စူစန်ကပြောတယ်။
ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိရလိုက်တယ်။ ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။
အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။ အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင်ပါတယ်။
ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး "ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြတယ်မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ" လို့ပြောတယ်။
လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက "မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။"ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ" စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။
မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက်မိတယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။
အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။ ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။
နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွားတို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။ ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။
မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။
အဲဒီမှာ ထော်ဘီက သတိလေးနဲ့ "မေမေ... သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?" လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး
"မရဘူး သား..."
"ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?"
"ရတာပေါ့..." နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။
အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေတဲ့ ထော်ဘီကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။
မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန်ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစားစရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။
နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။
(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်
-------------------------
တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေက မြက်ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။
ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်
တယ်။စစချင်းမှာထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီဟာ
ဘေးမှာရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။
အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ်ချိန်မရလိုက်ဘူး။
မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ ဒါကို စူစန်က "နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?" လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြတယ်။ နောက်တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။
ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ်တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံခဲ့ဘူး။
တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။
ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က
ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။
တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေးတွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး... လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတော့တယ်။
ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေတာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ "မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်" လို့ဆိုတယ်။
"ကစားချင်ရင် သူတို့ကို သွားရှာလေ..."
"မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။
"မရဘူး... ခုနက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်"
ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာသွားမှန်း မသိပါဘူး... ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ကစားနေတာကို တွေ့လိုက်ပြန်ပါတယ်။
(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်
-----------------------
စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို ဧည့်သည်တွေလာတော့
ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။
ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။
နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်းဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။
ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။
"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော်လိုက်ပါ"
စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။ အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က "ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး ကျွန်မကိုတားခဲ့တယ်။
တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ "မေမေ... သားမှားပြီ" လို့ သူဆိုတယ်။
စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က "ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်" လို့မေးတယ်။
"သိပါတယ်"လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။
တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ "ကမ္ဘာစစ်ဖြစ်အောင်" ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက်က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။
အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။
"ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။ သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ ငြင်းခုန်တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်"
"ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး"
စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့ "သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?" လို့မေးတယ်။
ဒါကို စူစန်က စဉ်းစားပြီး "ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။
အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကိုကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ
မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး "ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့"လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။
စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့်
ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။ တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။
အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျူးဘဲမနေနိုင်ခဲ့ပါဘူး။
ကလေးတွေကိုသွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရာမှာအမေရိကားမိခင်တွေဆီ
ကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်။
------------------
creditးနိုင်းနိုင်းစနေ
ဆံပင် ကျန်းမာ လှပဖို့ မှီဝဲရန် အစားအစာ ၃ မျိုး
ဆံပင် အလှအပ အတွက် စားသုံးသင့်တဲ့ အစားအစာ ၃ မျိုးကို စုစည်း ဖော်ပြ ပေးလိုက် ရပါတယ်။
၁။ ဆောလမွန်ငါး
ဆော်လမွန်ငါးမှာ ပရိုတိန်းဓာတ် အပြည့်အဝ ပါဝင် ပါတယ်။ Omega-3 Fatty အက်ဆစ်၊ သံဓတ်၊ ဗိုက်တာမင် B12, D တို့ ပါဝင်ပြီး ဆံပင် ကျန်းမာရေး အတွက် အင်မတန် အထောက်အကူ ပြုပေးတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Omega-3 fatty အက်ဆစ်ဟာ ဆံပင်ခြောက်သွေ့ခြင်းမှ ကာကွယ် ပေး ပါတယ်။
၂။ ကြက်ဥ
ကြက်ဥမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ် နဲ့ ဗီတာမင် B ဓာတ်ဟာ ဆံပင် ကျွတ်ခြင်းမှ ကာကွယ်ပေး ပါတယ်။
၃။ ဂေါ်ဖီပန်း
ဂေါ်ဖီပန်း မှာ ဗီတာမင် A၊ ron, potassium, calcium, magnesium, and omega-3 fatty acids တို့ ပါဝင်ပြီး ဆံပင်သန်စေတဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။
ဒီတော့ ဆော်လမွန်၊ ကြက်ဥ၊ ဂေါ်ဖီပန်း တို့ကို ပုံမှန် စားသုံး ပေးခြင်းဖြင့် ဆေး မှီဝဲစရာ မလိုပဲ ဆံပင်ကို လှပ၊ နက်မောင် သန်စွမ်းစေမှာ ဖြစ်ပါတယ်။
သိထားရမည့် အိမ်တစ်အိမ်၏ ပိုးမွှားအများဆုံးနေရာ ၆ ခု
မီးဖိုချောင်ဘေစင်အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို
ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။
အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။
သွားပွတ်တံ
တစ်နေ့နှစ်ကြိမ်ခန့် ပါးစပ်ထဲထည့်တတ်တဲ့ သွားပွတ်တံမှာ ပိုးကောင်ပေါင်းများစွာက အခွင့်အရေးတွေကို စောင့်ပြီး ချောင်းမြောင်း နေပါတယ်။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ဆေးပြီးရင် အဲဒီအစိုအတိုင်းပဲ ထားတတ် ကြပါတယ်။ ဘက်တီးရီးယားတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ပေါက်ဖွား တတ်ကြပါတယ်။ ဒါကြောင့် သွားတိုက်တံကို သုံးပြီးရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ ဒီနေရာဟာ အိမ်သာနဲ့ဝေးတဲ့နေရာလည်း ဖြစ်ရပါမယ်။ အိမ်သာကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ ပြန့်ထွက်လာတတ်တဲ့ ပိုးကောင်တွေဟာ ရေချိုးခန်းတစ်ဝိုက်မှာ အနည်းဆုံးနှစ်နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ နေမကောင်းဖြစ်ပြီးတဲ့ အခါတိုင်းမှာလည်း သွားပွတ်တံကို လဲပေးသင့်ပါတယ်။
ဆားဘူးနှင့် ငရုတ်သီးဘူး
ကျွန်မတို့ အိမ်ရဲ့ အညစ်ညမ်းဆုံး နေရာတွေဟာ ထမင်းစားပွဲခုံပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ ငရုတ်သီး၊ ဆားဘူးတို့လိုမျိုး အကိုင်အတွယ်များတဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ပြင်ဆင်ပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့ အခါတွေမှာ ခုံကို သန့်ရှင်းရေးလုပ်တိုင်း ဒီဘူးတွေကိုပါ အဝတ်နဲ့ သုတ်ပေးရပါမယ်။ ပိုမွှားတွေ ပြန့်ပွားတာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လက်ကိုမကြာခဏ ဆေးပေးခြင်းပါပဲ။
ရီမုတ်
ဒီပစ္စည်းလေးဟာ ကြမ်းပြင်ပေါ် ကျနေနိုင်သလို ဆိုဖာတွေ ကြားမှာလည်း ညပ်နေနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းက ထွက်လာတဲ့ပိုးမွှားတွေ စုပုံနေတတ်ပါတယ်။ ရီမုတ်တစ်ခုတည်းကိုပဲ တစ်အိမ်သားလုံးက သုံးစွဲကြပါတယ်။ ဒါကြောင့် အိမ်ရှိ လူတိုင်းဟာ ပိုးကောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်ပါတယ်။ ရီမုတ် ၅၀ ရာခိုင်နှုန်းမှာ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေ အဓိကရှင်သန်တတ်ပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ချွတ်ဆေးအနည်းငယ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးသင့်သလို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်တွေမှာ လက်ဆေးပေးဖို့ လိုအပ်ပါတယ်။
ကွန်ပျူတာကီးဘုတ်
ကွန်ပျူတာနားမှာ အစာစားမယ်၊ နှာချေမယ်၊ စားရင်း လက်မဆေးရသေးခင် သုံးနေမယ် ဆိုရင် ကီးဘုတ်ဟာ ရောဂါပိုးတွေ စုဝေးရာ နေရာကြီး ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ E-Coli နဲ့ Staph ပိုးကောင်တွေ စုဝေးနေတတ် ပါတယ်။ ကီးဘုတ် ၃၃ ခုမှာ လေးခုက ပိုးတွေအများအပြားရှိနေတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအနားမှာ မဖြစ်မနေ အစာစားရမယ် ဆိုရင်လည်း အစာအစအန တွေ မကျန်ပါစေနဲ့။ အရက် ဒါမှမဟုတ် ချွတ်ဆေးကိုသုံးပြီး သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း မှာ Mouse ကိုပါ သန့်ရှင်းပေးပါ။
ရေချိုးခန်း
ကျွန်မတို့ကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။
ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေ တတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။ မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်း စဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။
သိပြီးသူများရော မသိသေးတဲ့မိတ်ဆွေများပါ အထွေထွေဗဟုသုတရအောင် တင်ပြပေးလိုက်ပါတယ် ..
(၁) ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးပေါ်မှာ မော်တော်ယာဉ်ပေါင်း ၁
ဘီလီယံကျော်သွားလာနေပါတယ်.
(၂) နေ့စဉ်နေ့တိုင်း တစ်ရက်ကို ကားအစီးရေ ၁၆၅၀၀၀
လောက်ထုတ်လုပ်နေပါတယ်
(၃) တစ်နာရီ မိုင် ၆၀ နှုန်းမောင်းပြီး လကမ္ဘာ ကိုသွားမယ်ဆို အနိမ့်ဆုံး ၆လ
ကြာမြင့်နိုင်ပါတယ်
(၄) သာမန်ကားတစ်စီး မှာ အစိတ်အပိုင်း ပေါင်း ၃၀၀၀၀
ဝန်းကျင်နဲ့ဖွဲ့စည်းထားပါတယ်
(၅) ယနေ့ နာမည်ကျော် Super ကားတွေထုတ်လုပ်နေတဲ့
Bentley/Audi/Lamborghini/Bugatti/Ducati/Porsche
အားလုံးကို ဂျာမနီ ကားကုမ္ဗဏီတစ်ခုဖြစ်တဲ့ Volkswagen
ကပိုင်ဆိုင်ပါတယ် ..
လစာဝင်ငွေပေါ်မှာ
တစ်နေရာတည်းမှ ရရှိသောဝင်ငွေဖြင့် မစားသုံးပါနဲ့ ။
နောက်ထပ်ရင်းနှီးမြှုပ်နှံဖို့ တစ်နေရာစာအတွက်လည်း ကြိုးစားပါ။
သုံးစွဲခြင်းအတွက်
မလိုအပ်တဲ့အရာတစ်ခုကို ယခုသင်ဝယ်လိုက်မိရင်
မကြာခင်မှာ လိုအပ်တဲ့အရာဝတ္ထုတစ်ခုကို ၀ယ်ယူဖို့ အတွက်
ပြန်ရောင်းရနိုင်ပါတယ်။
စုဆောင်းရာတွင်လည်း
သုံးဖြုန်းပြီးမှ စုဆောင်းခြင်းကိုမလုပ်ပါနဲ့ ။
စုပြီးမှ သုံးတဲ့အကျင့်ကိုလုပ်ပါ။
ဘေးအန္တရာယ်အတွက်
သင့်ခြေထောက်နှစ်ချောင်းနဲ့  မြစ်ရဲ့အနက်ကို သွားတိုင်းတာမျိုးကိုရှောင်ပါ။
ရင်နှီးမြှုပ်နှံတဲ့အခါ
ကြက်ဥတွေကို ခြင်းတစ်ခုထဲ အကုန်ပေါင်းထည့်ထားသလို မလုပ်ပါနဲ့ ။
မျှော်လင့်ချက်အတွက်
ရိုးသားမှုဆိုတာ အကောင်းဆုံးဆုလဒ်ဖြစ်လို့ 
လူတိုင်းအတွက် သင်မရိုးသားသင့်ပါဘူး။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ -
*ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်*
Consumer Protection Association ( Myanmar )
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ -
*ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်..
အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ၀ယ်ဝယ် ၊ လက်ဖက်ရည်၊ ကော်ဖီ ၊ အသုပ်စုံတွေ ၊ ထုံချိုင်းတွေ ၊ အကြော်စုံတွေ ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း ( Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ ( Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ် ။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။
ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း ( Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့ ။
*အချဉ်ရည်နဲ့ ကင်ဆာရောဂါ
အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ် ၊ အစာအိမ် အူလမ်းကြောင်း ၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း ( H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။
*နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ
ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။
*အချိုရည်နှင့် ဂျယ်ရီများ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ
ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။
*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ
တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။
*ကော်ဖီမစ်များ ( Coffeemix)
ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၄င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။
*အရောင်ချွတ်ထားသော အစားအသောက်များ
နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ၀ါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။
*ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ
တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အ၀ါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။
*သတိထားသင့်သော အသီးအနှံများ
ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။
ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။
အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။
ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။
*ပဲဆီ၊နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား
အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ၀ယ်ထားတဲ့ ၂၅၀ကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။
ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈၀% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း
*အချိုမှုန့်နှင့် ကြက်သားမှုန့်များ
အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။
ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။
စားသုံးသူ ကာကွယ်ရေး အသင်းသို့ ၀င်ရောက်လိုသူများ….
ဆက်သွယ်အကူအညီတောင်းခံလိုသူများနှင့်…
လှူဒါန်းလိုသူများ…
အသင်းရုံး ၁
စာရေးဆရာ ဗအုပ်ခိုင်( သဘာဝ သမားတော် အသည်းအထူးကု)
မင်းစေတီလမ်း၊ မင်းစေတီ စာကြည့်တိုက်ရှေ့၊ အင်းစိန်မြို့နယ်။ ဖုန်း 01-644090/ 09-421121890
အသင်းရုံး ၂
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး ၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - 01-661732
*ဇီဝိတ ဒါနဆေးကုခန်းတွင် သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို အခမဲ့ ကုသပေးပါသည်။
*တည်နေရာ
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း 01-661732
*မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်ကို ကုသိုလ်ဖြစ် ပြန်လည် ရိုက်ကူး တင်ပြပါသည်။
Subscribe to:
Posts (Atom)