Saturday, March 1, 2014

အရိုးပါး အရိုးပွရောဂါ အခမဲ့ စစ်ဆေးပေးသည့်အစီအစဉ်စတင် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များ အတွင်း၌ အရိုးပါး၊ အရိုးပွရောဂါ၊ အရိုးများ၏ အခြေအနေကို အခမဲ့ စမ်းသပ်ပေးမည့် အစီအစဉ်ကို Anlene မှ လုပ်ဆောင် ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ Anlene မှ ရပ်ကွက်များ အတွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် ရယူ၍ ရပ်ကွက်နေ ပြည်သူများ၏ အရိုး အခြေအနေ များကို အခမဲ့ စစ်ဆေးပေးခြင်း၊ Anlene နို့ရည်များ အခမဲ့ တိုက်ကျွေးခြင်း များကို လုပ်ဆောင် ပေးလျက် ရှိသည်။ ''ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီး ရပ်ကွက်ရုံးတွေမှာ လုပ်ဆောင် ပေးတယ်။ ရပ်ကွက် တစ်ခုမှာ တစ်ရက် စစ်ဆေးပေးတယ်။ တခြား ရပ်ကွက်တွေလည်း လုပ်ချင်ရင် ဆက်သွယ်လို့ ရပါတယ်။ အခမဲ့ လုပ်ဆောင် ပေးနေပါတယ်'' ဟု စမ်းချောင်းမြို့နယ် ဟုမ်းလမ်း ရပ်ကွက်အတွင်း အရိုး ရောဂါများကို အခမဲ့ လာရောက် စစ်ဆေးပေးသည့် Anlene မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ရပ်ကွက်များ အတွင်း အရိုး ရောဂါများကို အခမဲ့ စစ်ဆေး ပေးသည့် အချိန်မှာ နံနက် ၁ဝ နာရီခန့်မှ ညနေ ၄ နာရီ အတွင်း အခမဲ့ စစ်ဆေး ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ ပုံမှန် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းများနှင့်အတူ လုံလောက်သော ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ဓာတ်များ ရရှိစေသော ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်နှင့် နေထိုင်မှု အလေ့အထများသည် အရိုးများ ကျန်းမာသန်စွမ်း စေရန်နှင့် အရိုးပွ၊ အရိုးပါး ရောဂါ ဖြစ်ပွားမည့် အလားအလာများကို လျှော့ချရာတွင် ကူညီပေးကြောင်း သိရသည်။ အရိုးများ၏ ကယ်လ်စီယမ် စုပ်ယူ နိုင်စွမ်းနှင့် ကျန်းမာ သန်စွမ်းမှု အတွက် ကယ်လ်စီယမ်၊ မက်ဂနီစီယမ်နှင့် ဗီတာမင်ဒီ တို့မှာ လွန်စွာ အရေးပါကြောင်း၊ ကယ်လ်စီယမ် ဓာတ်သည် သန်မာသော အရိုးနှင့် သွားများကို ကူညီ တည်ဆောက် ပေးကြောင်း၊ မက်ဂနီစီယမ်သည် အရိုးများ၏ ကယ်စီယမ် စုပ်ယူ နိုင်စွမ်းနှင့် ကြာရှည် ထိန်းသိမ်း ထားနိုင်စွမ်းကို ထောက်ပံ့ပေးကြောင်း သိရသည်။ အရိုးများ အခြေအနေကို Anlene မှ အခမဲ့ စစ်ဆေးရာတွင် စစ်ဆေးသူ၏ ခြေထောက်ကို အရက်ပြန် ပက်ဖျန်း၍ စစ်ဆေးသည့် စက်ပေါ်တင်ပြီး မနာမကျင် စစ်ဆေး၍ ရကြောင်း သိရသည်။ ''စစ်ဆေးလို့ အနုတ် ၂ ဒသမ ၅အတွင်းကို အရိုးပွ ရောဂါ ရနေပြီး အနုတ်၂ ဒသမ ၅ ကနေ အနုတ် ၁ အတွင်းဆိုရင် အရိုးပါး နေပြီ။ အနုတ် ၁ ကနေ အပေါင်း၂ အတွင်းဆိုရင် ပုံမှန် အခြေအနေပဲ။ အရိုးပါး၊ အရိုးပွ ရောဂါက သက်ကြီးပိုင်း တွေမှာ အဖြစ် များတယ်'' ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ ထက်ေ

No comments: