Saturday, March 15, 2014
စိတ်ကျန်းမာရေးနှင့်အားဖြည့်အချိုရည် …….
အရည်အတွက်များပြားစွာထုတ်လုပ်ရောင်းချလာနေသော အားအဖြည့်အချိုရည်များကို ပုံမှန်သောက်သုံးသင့်သည့်ထက် လွန်ကဲစွာသောက်သုံးလျှင် စိတ်ကျန်းမာရေးကို ထိခိုက်စေပါသည် ။ပြည်တွင်းဈေးကွက်တွင်ရှိသောအားဖြည့်အချိုရည်ဘူး ပုလင်းများကို ညပိုင်းအချိန်တွင်သောက်သုံးခြင်းကြောင့် အိပ်မပျော်စေခြင်းဖြစ်စေပါသည် ။
ရက်ရှည်သောက်သုံးခြင်းကြောင့် လူတစ်ယောက်တွင် ဌင်းအားဖြည့်အချိုရည်ကြောင့် ဘေးထွက်ဆိုးကျိုးများစွာနောက်ဆက်တွဲဖြစ်ပေါ်လာနိုင်ပါသည် ။
အားဖြည့်အချိုရည်တွင် လူစိတ်ကိုလန်းဆန်းစေသည့် ဓာတုပစ္စည်းများကြောင့် စွဲလန်းစိတ်ဖြစ်ပေါ်စေပြီး နောက်ပိုင်းတွင် သောက်သုံးမှသာ နေလို့ ကောင်းခြင်း လန်းဆန်းခြင်း အားအင်းများတိုးပွားခြင်း အဖြစ် စိတ်စွဲလန်းခြင်းဖြစ်ပေါ်လာတက်ပါသည် ။ အချိုရည်အတွင်း ပါဝင်နေသော ဓာတုစ္စည်းများကြောင့် စိတ်ကျစေခြင်း ၊ စိတ်ကြွစေခြင်း ဆိုသည့် စိတ်ပိုင်းဆိုင်ရာ စိတ်ကျန်းမာရေးအတွက် ထိခိုက်စေနိုင်သည် ။
စိတ်ကိုလန်းဆန်းလိုလျှင်ဘဲဖြစ်ဖြစ် ပင်ပန်းလိုဘဲဖြစ်ဖြစ် အားဖြည့်အချိုရည်ဘူး ပုလင်းများကို လွန်ကဲစွာသောက်သုံးရန် မသင့်ကြောင်း ကျန်းမာရေးအသိဖြင့် ရေးသားတင်ပြပါသည် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment