Saturday, March 15, 2014
ပဲဆီ နှမ်းဆီ အတုများ နှင့် ကင်ဆာရောဂါ
ယခု မြန်မာနိုင်ငံတွင်နေ့စဉ်နှင့် အမျှစားသုံးနေကြသောစားသုံးဆီများထဲ တွင်ပါဝင်သော အကြောင်းအရာ အချို့ကို တင်ပြလိုပါတယ်။ အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန်ဆပ်ပြာမူန့် ( သို့မဟုတ် ) ဆပ်ပြာတမျီုးမျိုး ထည့်ပြီး ဆပ်ပြာ ထဲမှဟိုက်ဒြောဆိုဒ် ဓါတုပစ္စည်း သည် စားအုန်းဆီထဲ က ခဲစေတက်သောအနည်များအား အောက်ခြေတွင် အနည်ထိုင် စေကြောင်းသိရသည်။
ယနေ့တွင် အလွယ်တကူပင် ၀ယ်ယူနိုင်သော (၂၇)လမ်း၊ (၂၈) လမ်း မှ ကျပ်ငွေ (၂၅၀) ခန့်သာသာ ရှိသော ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓါတုဆေးရည်ကို ထည့်လိုက်သောအခါ ပဲဆီ ၊နှမ်းဆီ အစစ်ထက်ပင် ပိုမွှေးသွား စေပါတယ်။ သို့ပေမဲ့ အဆိုပါ ဆပ်ပြာထဲမှ ဟိုက်ဒရော ဆိုဒ်ဓါတ် နှင့်အက်စစ်ဓါတ်များ သည် ကင်ဆာရောဂါမျိုစုံ ဖြစ်စေပါတယ်။ မြန်မာ့ဆီ ဈေးကွက်မှာ ထွက်သမျှ မြေပဲဆန်တွေကို တရုတ်
နှိင်ငံမှ ဈေးကောင်းပေးဝယ် သွားလို့ ဈေးကွက်လိုအပ်သလောက် ကြိတ်စရာ မြေပဲဆန် မရှိတော့ကြောင်း နှင့် ဈေးကွက်တွင်းမှ ၈၀% နူန်းသော ပဲဆီများ မှာ အနံ့ ထည့်ထားသော ပဲဆိ အတုများဖြစ်နေသည်ဟု
အမည်မဖော်လိုသူ ဆီလုပ်ငန်းရှင် တစ်ဦးမှ CPAM သို့ပြောကြားခဲ့ကြောင်း တင်ဆက်လိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment