Saturday, March 15, 2014

ဝ သူတို့က ပိန် သူများထက် အသက်ပိုရှည်နိုင် ဝသူတွေဟာ ပိန်သူတွေထက် အသက်ပို ရှည်နိုင် တယ်လို့ ဂျာမန်မှ ကျွမ်းကျင်သူ တွေက ဖော်ထုတ် ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝသူတွေဟာ စိတ်ဖိစီးမှု များရင် သူတို့ရဲ့ ဦးနှောက်က အသုံးပြုကာ ဖြေရှင်းတတ် ကြပါတယ်။ တစ်နည်းကတော့ အစာစားကာ ဝလာကြပြီး တခြားနည်းလမ်း ကတော့ အစာ မစားဘဲ ပိန်သွား ကြတာပဲဖြစ် ပါတယ်။ အစ စားသူ တွေရဲ့ဦး နှောက်က အာဟာရ ဓာတ် တွေပို မိုရရှိ တတ်ပါ တယ်။ အစာမစားဘဲ ပိန်သူတွေရဲ့ ဦးနှောက်ကတော့ သူတို့ ရဲ့အာဟာရအတွက် ကြွက်သားနဲ့ ကိုယ်တွင်းအင်္ဂါ ကနေ ရယူရပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကျန်းမာရေး အတွက် အန္တရာယ် များပြီး ဝသူတွေထက် အသက် ပိုတိုရတယ်လို့ သုတေသီတွေက ကောက်ချက် ချပါတယ်။ စိတ်ဖိစီးမှု များတဲ့ဝသူတွေကို သေချာဂရုစိုက် ကြည့်ရင် သူတို့ဟာ စိတ်ဖိစီးမှု ရှိတယ်လို့ မထင်မှတ်ရ ပါဘူး။ သူတို့ဟာ ဖိစီးမှုကို ရင်ဆိုင်ဖြေ ရှင်းနိုင်ကြပါ တယ်။ ဖိစီးမှုဒဏ်ကို ခံနိုင်ရည် ရှိသွားတတ်ကြပါ တယ်။

No comments: