Saturday, March 22, 2014
ရုတ်တရက် နှလုံးအတိုက်ခိုက် ခံရခြင်း)
အဓိပ္ပာယ်။ ။ ခန္ဓာကိုယ်အတွင်း နှလုံးနဲ့သွေးမှ အောက်ဆီဂျင် လုံလောက်စွာမရရင် ရုတ်တရက် နှလုံးအတိုက်ခိုက် (Auto Myocardial Injord) ခံရတတ်ပါတယ်။ ဒီလိုဆိုရင် နှလုံးဟာ
တဖြည်းဖြည်းနီလာပြီး အဆီအနှစ်များ ပိုမိုစုပုံလာတဲ့အတွက် သွေးကြောနံရံတွေက တဖြည်းဖြည်း မာကျောလာတယ်။ တဖြည်းဖြည်း အစိုင်အခဲဖြစ်လာကာ အောက်ဆီဂျင် လုံလောက်စွာ မရတဲ့အခါ တစ်သျှူးပျက်စီးခြင်းတွေ ဖြစ်ပေါ်စေတယ်။ ဝေဒနာခံစားချိန် ၁၅ မိနစ်ထက်မကြာဘဲ နဂိုနေမြဲပြန်ရောက်နိုင်ပေမဲ့ နှလုံးကြွက်သား အစိတ်အပိုင်း တစ်ခုပျက်စီး ပြီးရင် နှလုံးအတိုက် ခံရ ခြင်းဖြစ်စေတတ်တဲ့အတွက် လုံးဝပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။
လက္ခဏာများ။ ။ ခန္ဓာကိုယ်အတွင်း နှလုံးတိုက်ခိုက် မခံရမီရင် ဘတ်အတွင်း မသက်မသာဖြစ်၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ညှစ်ထားသကဲ့သို့ ရင်ဘတ်အလယ်၌ ခံစားရကာ နာကျင်မှုဝေဒနာများ ဖြာထွက်လာပြီး နှလုံး သို့မဟုတ် ပခုံးမှ မေးရိုး၊ လက်မောင်းအထိ ရောက်ရှိလာနိုင်တယ်။
ကြွက်သားများ ထွက်လာပြီး မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ ချွေးပြန်ပြီး အသက်ရှူမဝခြင်း၊ ရင်ဘတ်တစ်ခုလုံး ကြိုးချည်ထားသကဲ့သို့ ခံစားရခြင်း၊ နှလုံးကြွက်သား ကျုံ့နိုင်၊ ဆံ့နိုင်သည့် စွမ်းအားနည်းလာပြီး နှလုံးက လိုသလောက်မညှစ်နိုင်လို့ အသက်ရှူမဝဖြစ်ကာ နှလုံးအားနည်းသည့် အခြေအနေသို့ ရောက်နိုင်တယ်။ ဝေဒနာရှင်ဟာ ရုတ်တရက် အထိုင်၊ အထမှာ မူးဝေနိုင်တယ်။
ကုသခြင်း။ ။ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရပြီး နှလုံးနဲ့ သွေးကြောအတွင်း ပိတ်ဆို့မှုကြောင့် နှလုံးကြွက်သား ပျက်စီးတဲ့အတွက် ဆေးရုံအမြန်ပို့ရန်နဲ့ အရေးပေါ် ဆေးကုသမှု ခံရန်၊ အနားယူရန်လိုအပ်တယ်။ ဆေးရုံမှာ နှစ်ပတ်လောက် အနားယူ၊ သက်သာလာပြီး သွေးလန့်ခြင်း (Shock) မရှိရင် အီးစီဂျီ (ECG) ရိုက်၊ အက်ကို (Echo) ရိုက်၊ သွေးကြောမျှင် သွေးပိတ် တဲ့နေရာမှာ သွေးကြောပုံဖော်စက် (Angio-gram) ရိုက်ကြည့်ခြင်းဖြင့် ပိတ်နေတဲ့နေရာကို ချဲ့ပေးခြင်း၊ ဖယ်ထုတ်ခြင်း၊ လေဆာဖြင့်ပစ်ခြင်း၊ လေဖြင့်မှုတ်ခြင်းတို့ဖြင့် ကုသနိုင်ပါ တယ်။ နှလုံးခုန် နှုန်းမြန်ခြင်း၊ နှေးခြင်း၊ ရောနှောခြင်း၊ နှလုံးခုန်နှုန်းမြန်လိုက်၊ နှေးလိုက် ဖြစ်ခြင်း၊ နှလုံးအဆို့ရှင် အားနည်းခြင်းတို့လည်း နှလုံးတိုက်ခိုက် မှုမှာ ဖြစ်ပေါ်စေနိုင်တဲ့ အတွက် နှလုံးခုန်နှုန်း မှန်၊ မမှန် စောင့်ကြည့်သင့် ပါတယ်။
သတိပြုရန်။ ။ နှလုံးရောဂါရှင်များ သတိပြုရန်မှာ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရမှုခံရပြီးရင် ကောင်းစွာ အနားယူရတယ်။ ပုံမှန်လုပ်ငန်းခွင်ကို ဖြည်းဖြည်းခြင်းဝင်ရမယ်။ အားကစားနဲ့ လှေကားတက်တာ၊ ပြေးတာတို့ ပေါ့ပေါ့ပါးပါး ပြုလုပ်ရမယ်။ အမြင့်တက်ခြင်း၊ အလုပ်ပြင်း ထန်စွာလုပ်ခြင်း မလုပ်ရပါ။
ဓာတ်စာ။ ။ အစားအစာအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတို့ စားနိုင်တယ်။ အသင့်အမြန် အစားအစာ ''စနပ်'' များဖြစ်တဲ့ ဟမ်ဘာဂါ၊ ပီဇာမုန့်၊ အာလူးကြော် ရှောင်ရမယ်။ အစာကြေခဲတဲ့ ဒန်ပေါက်၊ ထောပတ်ထမင်းရှောင်ရမယ်။ ဝက်ဆီ၊ ဆီအုန်း၊ ပြန်ကြော် ဆီအစား မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ သုံးသင့်တယ်။ နေ့စဉ်နာရီဝက် လေ့ကျင့်ခန်း (ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ရမယ်။ အိပ်ရေး ဝအောင်အိပ်ရမယ်။ စိတ်ဖိစီးမှုလျှော့ချရမယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment