Saturday, March 22, 2014

Automatic Transmission ကို ထိန်းသိမ်းခြင်း အော်တိုဂီယာများတွင် Trans-mission Fluid သည် အသက်ဖြစ် သည်။ ခရီးမိုင် (၁၀၀၀၀၀) မတိုင်မီ ATF (Auto Transmission Fluid) ဆီကိုလဲလှယ်ပေးရန် ယေဘုယျသတ် မှတ်ထားသော်လည်း အထူးကျွမ်းကျင် သူများ၏အဆိုအရ ခရီးမိုင် (၃၀၀၀၀) မောင်းပြီးတိုင်း ATF ဆီ ကိုလဲလှယ်ပေးသင့်သည်။ ကားထုတ် လုပ်သူ ညွှန်ကြားထားသော ATF ဆီ အမျိုးအစားကို ရွေးချယ်သုံးစွဲသင့် သည်။ ATF ဆီအမျိုးမျိုးရှိသည်။ ထုတ်လုပ်သူရည်ညွှန်းသော ATF အမျိုးအစားကို သုံးစွဲပါမှ Auto Transmission ၏ သက်တမ်းပိုရှည်ပါမည်။ အော်တိုဆီမကောင်းလျှင် အင်ဂျင်သံပါဆူနေတတ်ပါတယ် .. ဆီလဲလှယ်ရာတွင်လည်း ဆီအဟောင်းအလွန်ညစ်နေပါက အဟောင်းထုတ်ပြီး အသစ်ထည့်ပြီးပြန်မောင်းလျှင် ၅ မိနစ်လောက်မောင်းပြီးတာနဲ့ ဆီအသစ်ပါ ညစ်သွားတတ်ပါတယ် .အသစ်လဲပြီးသော်လည်း ထူးမခြားနားအခြေနေဖြစ်တတ်ပါတယ် .. ဒါကြောင့် ဆီအဟောင်းထုတ်ပြီး အတွင်းမှာကျန်ခဲ့တဲ့ အညစ်အကြေးတွေကို စင်အောင် သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ် .. စက်ဖြင့် သန့်ရှင်းရေးမလုပ်သော တစ်ချို့ဝပ်ရှော့များမှာလဲလှယ်မယ်ဆိုပါက ဆီအသစ်ထည့်ုပြီး ခဏပတ်မောင်းပေးပါ .. ပြန်ဖောက်ချလိုက်လျှင် ဆီအဟောင်းလိုပဲညစ်သွားတာ တွေ့ရပါလိမ့်မယ် .. လက်ကျန် အညစ်အကြေးကုန်အောင် သန့်ရှင်းရေးလုပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ် ..

No comments: