Saturday, March 15, 2014
အသက် ရှည်စေနိုင်သော ဆေးဝါးကောင်း
အသက် အရွယ် အိုမင်းမှုကို အောင်နိုင်ပြီး ၁၅၀ နှစ် အထိ အသက် ရှည်နိုင်တဲ့ ဆေးဝါးဟာ ငါးနှစ် အတွင်း ပေါ်ပေါက် လာတော့ မယ်လို့ Landmark မှ သုတေသီတွေက ဆိုပါတယ်။
အနီရောင်ဝိုင်မှာ တွေ့ရှိရတတ်တဲ့ Resveratrol သူကို ပြုပြင်ထားတဲ့ ဆေးဝါး အသစ်ဖြစ်ပြီး SIRT 1 ခေါ်တဲ့ ပရိုတင်းရဲ့ လုပ်ဆောင်မှုကို မြင့်မား စေကာ အရွယ် နုပျိုနိုင်မယ့် အကျိုး သက်ရောက် မှုကို ရရှိ စေတယ်လို့ ဆိုပါတယ်။ ဒီဆေး ဝါးကို ကင်ဆာ ရောဂါ၊ ဆီးချို ရောဂါနဲ့ နှလုံး ရောဂါ အပါအဝင် ရောဂါ ခံစားရတဲ့ လူနာတွေ အပေါ်မှာ Glaxo Smith Klineဆေးကုမ္ပဏီက စမ်းသပ်မှု ပြုလုပ်ပြီးပြီလို့ သိရပါတယ်။ အယ်လ်ဇိုင်း မားရောဂါ၊ ပါကင်ဆန် ရောဂါ၊ အသည်း အဆီဖုံး ရောဂါ၊ အတွင်း တိမ်ရောဂါ၊ အရိုးပါး ရောဂါ၊ ကြွက်သား သိမ်တာ၊ အိပ်ရေး ပျက်ခြင်း တာနဲ့ ဂျွတ်၊ အဆစ် ရောင် ရောဂါနဲ့ အူမကြီး ရောင်ရမ်းတဲ့ ရောဂါ လိုမျိုး ရောင်ရမ်းမှု ရောဂါတွေ အတွက်လည်း စမ်းသပ် နေပြီလို့ သိရပါတယ်။ အခုပေါ်တဲ့ ဆေးဝါး အသစ်ဟာ ဝိုင်အနီ တစ်ခွက်သောက် တာထက် အဆ ၁၀ဝခန့် အကျိုး သက်ရောက်မှု ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဒီဆေးကို သောက်ဆေး အဖြစ် အသုံးပြု နိုင်သလို လိမ်းဆေး အနေနဲ့လည်း အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။ နှလုံးသွေး ကြောရောဂါကို ကာကွယ်ဖို့ အတွက် Statin ဆေးဝါးကို အသုံးပြု သလိုမျိုး ဒီဆေးဝါးကို အသက် ရှည်ဖို့ အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment