Saturday, July 12, 2014

အထူးသတိ ရန်ကုန်ကို ခွင်တခုရောက်နေပြီ---- အချိန်ပိုင်းအလုပ်တဲ့ အားတဲ့အချိန် အားတဲ့နေရာမှာ လုပ်နိုင်တယ်။ ရမယ့်ဝင်ကလည်း တစ်လကို သိန်းချီတယ်။ အဲ့ဒီခွင်က ဘာလဲဆိုတော့ အွန်လိုင်းကြော်ညာတဲ့။ ထိုင်းမှာတော့ အွန်လိုင် က လုပ်လို့ ရတယ်။ ကိုယ်အိမ်မှာ ပြန်လုပ်လို့ လည်းရတယ်။ အနည်းဆုံး တရက် ဘတ် 500 ဆိုပြီးဖိတ်ခေါ်တယ်။ ရုံးကတော့ လူအထင်ကြီးလောက်တဲ့ တိုက်ကြီးနဲ့  သင်တန်းခန်းမနဲ့ ။ စိတ်ဝင်စားသူရောက်လာရင် ၀င်ကြေးပေးရတယ်၊ သင်တန်းစပေးရတယ်၊ ပြီးရင် အလုပ်လုပ်မယ်ဆိုရင် အစမ်းအဖြစ် ကြော်ညာတွေကို အီးမေးလ် ပို့ ခိုင်တယ်၊ ကိုယ်က အီးမေးလ်များများပို့  နိုင်ဖို့ ဆိုပြီးပါလာတယ်။ ဒီတော့ ကိုယ်မှာရှိတဲ့ အီးမေးလ်တွေကို ပို့  အသိဆီက တောင်းနဲ့ ပေါ့ ။ အဲ့ဒီတော့ ကိုယ့်ဆီက အီးမေးလ်တွေ အားလုံး အဲ့ဒီကုမ္ပဏီက ရသွားတယ်။ နောက်ပြီး ဟိုချိန်းဒီချိန်းနဲ့  အလုပ်မဖြစ်မှန်းသိ ရောင်လည်လည်ဖြစ်ပြီး ဆက်မလုပ်ဖြစ်တော့ဘူး။ ဒီတော့ ကိုယ့်ဆီမှာရှိတဲ့ မိတ်ဆွေတွေ အီးမေးလ်တွေ အားလုံး သူတို့ ရသွားတယ်၊ သင်းတန်းခလိုလို ၀င်ကြေးကလည်း နေ့ စဉ်လိုလိုရတော့ ကုမ္ပဏီက အလုပ်ဖြစ်ကိုယ်က အလုပ်မဖြစ်ပေါ့။

No comments: