Saturday, July 12, 2014
ဝမှာ စတင်ပျိုးထောင်ပေးတဲ့ အချိန်က သိပ်အရေးကြီးပါတယ်။ လူ့ ဘ၀စပြီဆိုတာနဲ့  ပထမဆုံးလုပ်ရမှာက သစ္စာရှိဖို့  စတင်ပျိုးထောင်ရမယ်။
ပြီးရင် လူ့ ပတ်ဝန်းကျင် စည်းမျဉ်း၊ စည်းကမ်းတွေကို ဆက်လက် သင်ယူရမယ်။
သစ္စာတရားဆိုတာ သူများအပေါ်ကို စောင့်သိတတ်ရသလို၊ မိမိစိတ်အပေါ်မှာလည်း သစ္စာရှိရမယ်။ ဆိုလိုချင်တာက ကိုယ့်လုပ်နေတဲ့ အလုပ်
ကို ကိုယ်ကိုတိုင် တန်ဖိုးထားရမယ်။ မိမိဘ၀မှာ မှန်ကန်စွာ ရွေးချယ်နိုင်တဲ့ သတ္တိမျိုး မွေးဖွားနိုင်ရမယ်။
သစ္စာရှိမှ စည်းကမ်းဆိုတာကို ကောင်းကောင်းထိန်းနိုင်ပါမယ်။ လူတစ်ယောက်ဟာ စည်းကမ်းကို တာဝန်တစ်ခုအရ ထိန်းခြင်းထက် မိမိနှလုံး
သားထဲကနေ စောင့်ထိန်းရမယ်ဆိုတဲ့ အသိနဲ့ ထိန်းနိုင်ရမယ်။ ဒါကို ထိန်းနိုင်ဖို့  မိမိနှလုံးသားက သစ္စာတရားကို စောင့်သိတတ်ဖို့ လိုတယ်။
ဒီနေရာမှာ ပြောချင်တဲ့ အရာတိုင်းဟာ မျိုးဆက်သစ်လူငယ်တွေကို အဓိကထားပါတယ်။ သစ်တဲ့ ပစ္စည်းတိုင်းတော့ တန်ဖိုးမရှိဘူးပေါ့။ သို့ သော်
တန်ဖိုးရှိလာအောင်၊ အရည်အသွေးတွေ တက်လာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
True Man
Subscribe to:
Post Comments (Atom)
No comments:
Post a Comment