Saturday, July 12, 2014

စွမ်းအားဖြည့်အချိုရည်တွေမှာ နွားထီးရဲ့ ကျင်ငယ်နဲ့  သုတ်ရည်တို့ ကနေ ထုတ်ယူထားတဲ့ ပါဝင် ပစ္စည်းတွေ ပါရှိတယ်လို့ ဆိုပါတယ်။Longhorn Cattle ကုမ္ပဏီကနေ လုပ်ဆောင်ခဲ့တဲ့ လေ့လာ မှုတစ်ရပ်မှာ RED BULL နဲ့  MONSTER တို့ လိုမျိုး ထိပ်တန်းနာမည်ကြီး အားဖြည့်အချိုရည်တွေထဲက တစ်ချို့ ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ သူတို့ ရှာဖွေတွေ့ ရှိခဲ့တဲ့အရာကတော့ သင့်ကို ဗိုက်နာကောင်း နာစေမှာပါ။ အားဖြည့်အချိုရည်တွေမှာ နွားသိုးရဲ့ သုတ်ရည်ပါဝင်နေတယ်လို့  ဆိုတဲ့ သူတို့ ရဲ့ ရှာဖွေတွေ့ ရှိချက်က အမှန်ပဲဖြစ်ပါတယ်။ တော်ရိန်းဓာတ်( Taurine) ဆိုတာဟာ လက်တင်ဘာသာနဲ့ နွားသိုးလို့ အဓိပ္ပါယ်ရတဲ့ (Taurus) ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။၁၈၂၇ ခုနှစ်မှာ သြစတြေးလျလူမျိုးများဖြစ်တဲ့ သိပံ္ပပညာရှင် Friedrich Tiedemann နဲ့ Leopold Gmelon တို့ က သည်းချေရည်ကနေ အဲ့ဒီ တော်ရိန်းဓာတ်ကို သီးခြား ခွဲထုတ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။သိပ္ပံဘာသာစကားမှာတောင် အဲ့ဒါကို အမိုင်နိုအက်ဆစ်(Amino acid – အသားဓာတ်ပါသော အက်ဆစ်ဓာတ်)လို့  ခေါ်ဝေါ်ကြပါတယ်။ ဒါပေမယ့် တော်ရိန်းမှာ Carboxyl အုပ်စု မပါဝင်တာကြောင့် အမိုင်နိုအက်စစ်လို့ အတိအကျ သတ်မှတ်လို့  မရပါဘူး။ တော်ရိန်းဓာတ်ဟာ နွားထီးရဲ့ အသည်း၊ ကျင်ငယ်နဲ့ သုတ်ရည် တို့ မှာ ပါရှိတာပါ။ သေချာတာကတော့ Red Bull လို မျိုး စွမ်းအားဖြည့် အချိုရည်များမှာ အသုံးပြုထားတဲ့ တော်ရိန်းဓာတ်ဟာ အဲ့လိုမျိုး အရင်းအမြစ်တွေကနေ ထုတ်ယူထားတာ ဖြစ်ပါတယ်။ အားဖြည့်အချိုရည်တွေမှာ တွေ့ ရတဲ့ တော်ရိန်းဟာ နွားထီးရဲ့  ဝှေးစေ့များကို ချေဖျက်ပြီး ရရှိလာတဲ့ ထွက်ကုန်ဖြစ်တာကြောင့် သတ်သတ်လွတ်သမားတွေ အတွက် မသင့်တော်ဘူးလို့ စဉ်းစားလို့ ရပါတယ်။ အဲ့ဒီ တော်ရိန်းဟာ နွားသိုးရဲ့ သည်းချေရည်နဲ့  မိခင်ရဲ့  နို့ ရည်ထဲမှာလည်း သဘာဝအလျောက် တွေ့ ရှိရတဲ့ ပါဝင်ပစ္စည်းလည်းဖြစ်ပါတယ်။ Ref:www.3gu.im Treand Myanmar

No comments: