Saturday, July 12, 2014

Fax ဖက်စ်ပို့ ခြင်းနဲ့  ဘ၀တပါး ကူးပြောင်းပုံ ဆက်စပ်ကြည့်တာပါ။စာတစောင်ကို တပါးသူထံသို့  ဖက်စ် Fax ပို့ ပြီးနောက် ကျနော်တွေးမိသော ဘ၀ကူးပြောင်းပုံကို မျှဝေတာပါ။လက်ခံ မခံ အမြင်ကွဲသူရှိရင်လည်း သဘာဝပဲလို့  သဘောထားပါတယ်။ မိမိစာရွက်ထဲက စာကို တပါးသူကို ဖက်စ် ပို့ ရင် မိမိစာရွက်ကြီးက တပါးသူဆီ ရောက်သွားတာ မဟုတ်ပါဘူး။မိမိစာက ဒီနေရာမှာပဲ ကျန်ခဲ့ပြီး မိမိစာနဲ့  သဘောသဘာဝတူညီတဲ့ စာတရွက်က တပါးသူဆီကို ရောက်သွားတာပါ။မိမိစာ မူရင်းက စာတိုက်က စာရောက်သလိုရောက်သွားတာလား......ဆိုတော့လည်း အဲလို မဟုတ်ပါဘူး။လုံးဝမရောက်ဘူး လား ဆိုတော့လည်း ..အဲလိုပြောလို့  မရပြန်ပါဘူး။..ရောက်တော့ရောက်တယ်..ကိုယ်ပို့ တဲ့အတိုင်း ပုံစံတူရောက်တာမျိုးလို့ပဲ ပြောလို့ ရတာပါ..အဲဒါ သက်မဲ့ဒြပ်ဝတ္ထုကို နမူနာပြတာနော်...သက်ရှိသတ္တ၀ါတွေလည်း ဘ၀ကူးပြောင်းကြရင် ဒီဘ၀က ရုပ်ကလာပ် ခန္ဓာကြီးကို ချန်၇စ်လို့  အသစ်ဖြစ်ရမယ့် ကူးပြောင်းလက်ခံရမယ့် ခန္ဓာအသစ်ကို ချက်ချင်းကူးပြောင်းပစ်ရတာလို့  အဘိဓမ္မာတရားတော်အရ နားလည်နေမိပါတယ်။ချန်ရစ်တဲ့ခန္ဓာဟောင်းဟာ ဟိုဘက်အသစ်ဖြစ်ရမယ့် ခန္ဓာအသစ်ထံ တိုက်ရိုက်မပါသွားသော်လည်း သံသရာအဆက်ဆက် ပြုမူခဲ့တဲ့ ဆိုးကံကောင်းကံတွေက မိမိပြုတဲ့ သတ္တိသဘောနဲ့  အသစ်ခန္ဓာထံ ဆက်လက်သယ်ယူသွားရပါလိမ့်မယ်..ပြိတ္တာဖြစ်မယ့် ကံက မရဏသန္နဇောမှာ အကျိုးပေးစောရင် ပြိတ္တာခန္ဓာအသစ်မှာ ကူးပြောင်းရပါတယ်..အဲဒီအတိုင်းပဲ မိမိပြုတဲ့ ကုသိုလ် အကုသိုလ်ကံအလိုက် အကျိုးပေးသန်တဲ့ကံက ဘ၀သစ်မှာ ဖြစ်ရတာပါ..ချန်ရစ်ခဲ့တဲ့ ရုပ်ကလာပ်အဟောင်းက ဘာနဲ့တူလဲဆိုတော့ ဖက်စ်ပို့ ပြီးတဲ့ မိမိမူရင်းစာရွက်နဲ့ တူတယ်...ဟိုမှာဘက်မှာ အသစ်လက်ခံရတဲ့ လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာတွေက တပါးသူ ဘက်က ဖက်စ်စာရွက်ကို အသစ်သဖွယ် လက်ခံရရှိပုံနဲ့ အလားတူတယ်လို့  တွေးမိယူဆမိပါတယ်..၀ိဿနာဥာဏ် မဂ်ဥာဏ်ဖိုလ်ဥာဏ်ကြောင့် အရိယာအဖြစ်နဲ့  သံသရာပြတ်ခဲ့သည်ပဲထား...နောက်ဆုံးဘ၀ ချန်ထားရမယ့် ခန္ဓာ့ဝန်ဟောင်းကတော့ မိမိမူရင်းဖက်စ်စာရွက်တခုလို့  အမှန်မြင်မိပါတယ်...(အိုးဝေအောင်-၀ါဆိုလပြည့်နေ့ မှာအဘိဓမ္မာတ၇ားအခြေခံပြီး ဥာဏ်ကွန့် မြူးမိသည်)

No comments: