Saturday, July 12, 2014
ယာဉ်မောင်းသူများအသက်အန္တရာယ်ကင်းဝေးစေရေးအတွက် မြန်မာနိုင်ငံတွင်Seat Belt (ခါးပတ်)ပတ်ရန်ဥပဒေပြဌာန်းသင့်
မန္တလေးအဝေးပြေးလမ်းမကြီးယာဉ်အန္တရာယ်ဖြစ်နှုန်းကျဆင်းစေရေးနှင့် ယာဉ်မောင်းသူများအသက်အန္တရာယ်ကင်းဝေးစေရေးအတွက် မြန်မာနိုင်ငံသည်တခြားနိုင်ငံများနည်းတူယာဉ်မောင်းစဉ် Seat Balt (ခါးပတ်) ပတ်ရန်ဥပဒေတစ်ခု ပြဌာန်းဆောင်ရွက်သင့်ကြောင်း ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတည်ဆောက်ရေးလုပ်ငန်းစဉ်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဟောပြောပွဲတွင် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းမှ ဟောပြောသွားသည်။
ယာဉ်မောင်းအသက်အန္တရာယ်ကင်းရှင်းရေးတွင်တစ်ခုအပါအဝင်ဖြစ်သည့် Seat Belt ဥပဒေကိုနိုင်ငံ(၁၁) နိုင်ငံတွင် ပြဌာန်းထားသော်လည်း မြန်မာနိုင်ငံတွင် ၎င်းဥပဒေ ပြဌာန်းထားခြင်းမရှိသေးကြောင်းသိရသည်။
“မြန်မာနိုင်ငံမှ ခါးပတ်ပတ်တဲ့အကျင့်အရမ်းနည်းနေတယ်၊ ဖွံဖြိုးဖို့လိုအပ်ပါတယ်၊ ဒီမှာခါးပတ်ပတ်ရင် ကြီးကျယ်တယ်ထင်ကြတယ်။
အထူးသဖြင့်အမြန်မောင်းတဲ့နေရာမှာ၊ အကွေ့ကြီးတဲ့နေရာတွေမှာခါးပတ် ပတ်သင့်တယ်။
နိုင်ငံခြားမှာခါးပတ်မပတ်ရင် ဒဏ်ငွေဆောင်ရတယ်၊ ထိထိရောက်ရောက်အရေးယူတယ်” ဟု ၎င်းကပင် ဆွေးနွေးတိုက်တွန်းပြောကြားခဲ့သည်။
“နေ့စဉ်နဲ့အမျှယာဉ်တိုက်မှုတွေဖြစ်တယ်၊ ကားက (၂)ပတ် (၃)ပတ်လိမ့်သွားတယ်၊ လူမသေဘူး။
အဲ့ဒါဘာကြောင့်လဲဆိုတော့ခါးပတ် ပတ်ထားလို့ တော်တော်ကြီးဖြစ်သွားပေမယ့် ခါးပတ်ပတ်ထားလို့ မသေဘူး။
အဝေးပြေးလမ်းမကြီးမှာAccident ဖြစ်တာပိုများတယ် ဒါကြောင့်ခါးပတ်ပတ်သင့်တယ်။
Information တွေလည်းပေးသင့်တယ်” ဟုပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးဦးကျော်လင်းကပြော သည်။
အဝေးပြေးလမ်းမကြီးယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့်သေဆုံးမှုနှုန်းလျော့ချရေးအတွက် Road Data Law များ၊Seat Belt Law များထားရှိခြင်း၊Safety-beltနှင့်ပတ်သက်သည့်ကောင်စီများဖွဲ့စည်းခြင်း၊ရဲနှင့် ပူးပေါင်း၍ ယာဉ်အန္တရာယ်နှင့်ပတ်သက်သည့်ပညာပေးခြင်း၊အရေးယူခြင်းများစသည်တို့ပြုလုပ်ပေးသင့်ကြောင်း သိရသည်။
This article is provided by Auto World Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment