Saturday, July 12, 2014

နေအိမ်ဘေးအန္တရာယ်ကင်းရှင်းရေး

၃။ လျှပ်စစ်ဓာတ်ကို သတိပြုပါ။ (၁) တတ်ကျွမ်းသော လျှပ်စစ်မီးသမားကိုသာခေါ်၍ သင်သံသယရှိနေသည့် လျှပ်စစ်နှင့် ပတ်သတ်သော ပြဿနာများကို စစ်ဆေးခိုင်းပါ။ ဒဏ်ခံကြိုး Fuse ပျက်ခြင်းနှင့်မီးရောင်မှိန်ခြင်းသည် မီးကြိုးတွင် ပြဿနာရှိနိုင်ပါသည်။ (၂) အသုံးမပြုသော လျှပ်စစ်ဆောကပ်များကိုပိတ်ထားပါ။ ကလေးငယ်များကို မီးခလုတ်များ၊ မီးကြိုးများနှင့် ဆောကပ်ပေါက်များကို မကိုင်ရန် သင်ကြားပေးပါ။ (၃) လျှပ်စစ်သုံးပစ္စည်းများကို စစ်ဆေးပါ။ အလားတူ မီးကြိုးများကို ပလပ်အနီးတွင် ပေါက်ပြဲခြင်းရှိမရှိ စစ်ဆေးပါ။ ယင်းတို့ကို ပြုပြင်ခြင်း သို့မဟုတ် အစားထိုးလဲလှယ်ခြင်းပြုလုပ်ပါ။ (၄) သင့်လျော်မှန်ကန်သော ဒဏ်ခံကြိုးများကိုသာအသုံးပြုပါ။ လောင်သွားသော ဒဏ်ခံကြိုးနေရာတွင် မူလထက်ပိုမိုတုတ်ခိုင်သော ဒဏ်ခံကြိုးနှင့်လဲလှယ်ခြင်းမပြုရ။ (၅) ပလပ်ပေါက်တစ်ခုထဲသို့ ပလပ်များစွာ ထိုးထည့်၍မသုံးရ။ အန္တရာယ်ရှိနိုင်ပါသည်။ (၆) လျှပ်စစ်သုံးပစ္စည်းများကို စိုစွတ်သော မျက်နှာပြင်ပေါ်တွင် ရပ်နေလျှင်လည်းကောင်း၊ လက်များစိုနေလျှင်လည်းကာင်း အဖွင့်အပိတ် မလုပ်ပါနှင့်။ ၄။ သင့်အိမ်ကို ကလေးများအတွက် အန္တရာယ်ကင်းနေရာ ဖြစ်ပါစေ။ (၁) ဘေးအန္တရာယ်ကင်းမှန်များကို ပြူတင်းပေါက်များ၊ တံခါးပေါက်များတွင် တပ်ဆင်ပါ။ အကယ်၍ သင်သည် ဘေးအန္တရာယ်ကင်းမှန် တပ်ဆင်ရန် ငွေကြေးမတတ်နိုင်ပါက ရိုးရိုးမှန်ပေါ်တွင် ပလတ်စတစ်ကော်ပြားများကပ်ပါ။ (၂) သေးငယ်၊ ချွန်ထက်သောပစ္စည်းများတို့ကို ကလေးများနှင့် ဝေးရာ၊ မမီရာတွင် ထားပါ။ ပလတ်စတစ်အိတ်များကို ကလေးများမမီသောနေရာတွင် ထားရှိသိမ်းဆည်းပါ။ အရုပ်နှင့်ကစားစရာများ တို့သည် ကလေး၏ ပါးစပ်ပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်နှင့် မျက်လုံးပေါက်တို့ အထဲဝင်နိုင်သော အရွယ်အစား မဖြစ်သင့်ပါ။ အလားတူ ဖြုတ်ထုတ်နိုင်သော အစိတ်အပိုင်းသည်လည်း ထိုအရွယ်အစားမျိုး မရှိသင့်ပါ။ (၃) လှေခါးထိပ်တွင် တံခါးတပ်ဆင်ပါ။ ကလေးများ မိမိကိုယ်တိုင် လှေကားပေါ် တက်ဆင်းနိုင်သည့် အရွယ်မတိုင်မီ ကလေးများလိမ့်မကျစေရန် တံခါးလိုအပ်ပါသည်။ (၄) ကလေးများကို ရေချိုးခန်းထဲတွင် တစ်ယောက်တည်း ပစ်မထားပါနှင့်။ ကလေးများသည် လက်မအနည်းငယ်သောရှိသော ရေထဲတွင် ရေနစ်နိုင်ပါသည်။ (၅) လျှပ်စစ်သုံးပစ္စည်းများတို့ကို အသုံးမပြုသောအခါတွင် ခလုတ်ဖြုတ်ထားပါ။ ယင်းတို့ကို ကလေးများ မမီနိုင်သောနေရာတွင် သိုလှောင်ထားရှိပါ။ (၆) လျှပ်စစ်မီးဖို သို့မဟုတ် ဓာတ်ငွေ့မီးဖိုနှင့် ဓာတ်ငွေ့အိုးများတို့ကို လှောင်အိမ်ဖြင့် ကာရံထားပါ။ မီးလင်းဖိုရှေ့ တွင်လည်း အထူးစီမံထားသောအကာအရံရှိသင့်ပါသည်။ ၅။ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် အထူးသတိပြုပါ။ (၁) အိမ်သာနှင့် ရေချိုခန်းများတို့တွင် လက်ကိုင်တန်းများထားရှိခြင်းဖြင့် အ၀င်အထွက် လွယ်ကူစေနိုင်ပါသည်။ တံခါးဂျက်များသည် အရေးပေါ်အချိန်တွင် အပြင်မှဖွင့်နိုင်သော အမျိုးအစား တပ်ဆင်သင့်ပါသည်။ (၂) အိပ်ခန်းများသည် ဖြစ်နိုင်ပါက မြေညီထပ်တွင် ရှိသင့်သည်။ ထို့အပြင် အရေးပေါ်ထွက်ပေါက်ရှိရမည်။ (မှတ်ချက်။ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလထုတ် my way မဂ္ဂဇင်း မှ မြင့်လွင်(မြို့ပြ)ရေးသားသော နေအိမ်ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်းပါးမှကောက်နှုတ်ဖော်ပြပါသည်။)

No comments: