Saturday, July 12, 2014
ဖေါ့ဘူး ဖေါ့ခွက်လို့ ခေါ်တဲ့Styrofoam cup ဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာသုံးလာတာ နှစ်ပေါင်း ၅၀ ရှိပါပြီ။
အဲဒီ ဖေါ့နဲ့လုပ်တဲ့ ခွက်တွေ ဘူးတွေ ဟာ Styrene ဆိုတဲ့ ပလပ်စတစ်ဓါတ်ပေါင်း ကနေ ဆင့် ပွားထုတ်လုပ်ထားတာပါ။ Polystyrene ဟာ ကျမ်းမာရေး အတွက်စိုးရိမ်စရာ မရှိပါဘူး လို့ ဟားဗတ် စူးစမ်းလေ့လါရေး အဖွဲ့ ရဲ့အစီရင်ခံစာမှာရေးထါးပါတယ်။
အစားအသောက်တွေကို Polystyrene ပလပ်စတစ် နဲ့ ထည့်သွင်းထုတ်ပိုး သုံးစွဲတာကို ပူပူပန်ပန် ဖြစ်စရာမလိုဘူးလို့ သူတို့ကပြောပါတယ်။ ဒိန်းမတ် ပညာရှင် တဦးကလည်း ကင်ဆာ အတွက် Styrene ဟာ ပူစရာမရှိပါဘူးတဲ့။
http://en.wikipedia.org/wiki/Polystyrene#Health
ကျနော်တို့နိုင်ငံမှာလဲ ဇီးသီပေါင်းကို ပလပ်စတစ်အိပ်ကလေးတွေနဲ့ ထည့်ခဲကြတာကို နှစ်ပေါင်း၄၀လောက်ရှိပြီထင်တယ်။ လဘက်ရည်ပါဆယ်ဝယ်ရင်လဲ ပလပ်စတစ်အိပ်နဲ့ ထည့်ပေးတာ လဘက်ရည်တခွက် ၁ကျပ်ခေတ်ကတည်းကပါ။
ပလပ်စတစ် အမျိုးမျိုးဟာ ဆင့်ပွားထုတ်လုပ်ထားတယ်လို့ အလွယ်ပြောကြပါစို့။ တခုနဲ့တခု အမျိုးမကင်းကြဘူးလို့ပြောရင်မမှားဘူးထင်ပါတယ်။
ပလပ်စတစ်များက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာ သံသယအဆင့်ဘဲရှိပါတယ်။
ဲကွန်ကျူ လို့ လူသိများတဲ့ ပလပ်စတစ် PVC ကတော့ သိပ်မျက်နှာဘန်းမလှ ပါဘူး။ ကျမ္မာရေးထိခိုက်တယ်လို့ အပြောခံနေရပါတယ်။ ကလေးကစားစရာ တွေမှာ PVC မထည့်ဘို့ တားမြစ်ထားပါတယ်။ ဂျပန်က ကားထုတ်လုပ်တဲ့ကုမ္ပဏီဟာ PVC ကို သူတို့ကားတွေမှာထည့်မသုံးကြတော့ဘူးလို့ ဆိုပါတယ်။ဒါကိုလဲထိတ်လန့်တကြားမဖြစ်ပါနဲ့။ဘာပြုလို့လဲဆိုတော့ သွေးသွင်း သွေးထုတ် သွေးထည့် တဲ့ ပိုက် နဲ့ အိပ် တွေဟာ PVC နဲ့ လုပ်ထားတာပါ။ တခြား ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာလဲ PVC သုံးပါသေးတယ်။ တနှစ် တနှစ်မှာ ဆေးဘက်ဆိုင်ရာ အတွက် တန်ချိန် ၈၅၀၀၀ အသုံးရှိသတဲ့။ ဖန်သားလို ထိုးဖေါက်မြင်နိုင်တာ၊ ပေါ့ပါးနူးညံ့ပျော့ပြောင်းပြီး စုပ်ဖြဲရလွယ်ကူတာ၊ ခေါက်တာ ချိုးတာ လိမ်တာကို ခံနိုင်စွမ်းရှိတာ၊ ပိုးသတ်သန့်စင်လို့ကောင်းတာတွေကြောင့် နှစ်ပေါင်း ၅၀ ကျော် သုံးစွဲနေခဲ့တာဖြစ်ပါတယ်တဲ့။
ှ
ဖက် သုံးတာ ကောင်းပါတယ်။ ဖက် ကို ခူးပြီးရေဆေးရပါမယ်။ ရေ ပေါသလား။ ရေ ကကော ဘယ်လောက်သန့် သလဲ။
စက္ကူ ကကော ဘယ်စက္ကူ အမျိုးအစားကိုသုံးမှာလဲ။ သတင်းစာဟောင်းတွေဟာ သန့်ရှင်းပါရဲ့လား။
စီးကရက် ဆေးပေါ့လိပ် သနပ်ဖက် ပြောင်းဖူးဖက်တွေ နဲ့လိပ်ထားတဲ့ဆေးလိပ်တွေ ဆေးရွက်ကြီးများနဲ့ လုပ်ထားတဲ့ ဆေးပြင်းလိပ် ဆေးတံသောက်ဆေးတွေ က ပိုကြောက်စရာကောင်းပြီး ရှောင်ကျဉ် ရမဲ့ ထိပ်ဆုံးစာရင်းဝင်ပါ။
ပြီးတော့ အရက်သေစာများ။ အထူးသဖြင့် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ချက်လုပ်တဲ့ အရက်များ။
ဓါတ်မြေသြဇာလို့ လူသိများတဲ့အမိုးနိယမ်နိုက်ထရိတ်တွေ ထည့်ပြီးချက်ထားတဲ့ အရက်တွေ။
ကုလားပြည်ကလာတဲ့ ဆေးမွှေးပေါင်းစုံတဲ့ ကွမ်းယာတွေ။
ဒါတွေသာ ကြောက်စရာအကောင်းဆုံးပါ။
လူထု ကျမ်းမာရေးကို မြင့်တင်ချင်ရင်
သန့်ရှင်းသောလေ ကို ရှူ စေနိုင်ရန်
သန့်ရှင်းသော ရေ ကို ပေါပေါများများ ရစေနိုင်ရန်
လူတို့စွန့်ထုတ် စွန့်ပစ်လိုက်သော အညစ်အကြေးနဲ့အမှိုက်များကို စနစ်တကျ စီမံပေးရန် ဖြစ်ပါတယ်။
ဧရာဝတီရဲ့ *ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်..ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ဆောင်းပါးအောက်မှာ
Kai H Nhkum ရေးထားတဲ့ ကွန်းမန့်က " ဖော့ဘူးကြောင့်ကင်ဆာဖြစ်တာသေ ချာရင်တော့ USA ကလူတွေကင်ဆာဖြစ်လို့ ကုန်လောက်ပြီ" တဲ့။
သူ ရေးတာ အမှန်ဘဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment