Saturday, July 12, 2014

ကိုယ်ဝန်သည်တွေအတွက် အင်္ဂုလိမာလသုတ် ဘာလို့ရွတ်တာလဲ ======================================= မြန်မာ အများစုမှ ကိုယ်ဝန်ဆောင်များ မီးဖွားချိန် ရွတ်လျှင် ကလေးမွေးရ လွယ်တယ်ဟု မှတ်ယူကာ တွင်ကျယ်စွာ ရွတ်ကြသော်လည်း မည်သည့် ဝေဒနာ ခံစားရသည် ဖြစ်ပါစေ ရွတ်နိုင် ပါသည်။ (အင်္ဂုလိမာလ မထေရ် ရဟန္တာ ဖြစ်သော်လည်း သူလက်ဖြတ်ခဲ့ဖူးသူများရဲ့ ဆွေမျိုး သားချင်း လူ အများက ဆွမ်းမလောင်းသည့်အပြင် ခဲဖြင့် ပစ်ပေါက်ခြင်း အစရှိသဖြင့် ဆက်ဆံ ခံရသောကြောင့် ပြေ ပျောက် စေရန် မြတ်စွာ ဘုရားက သင်ပေးသော မန္တန်ဖြစ်လေသည်။ အဓိပ္ပာယ်မှာ ငါသည် ရဟန်း ဖြစ် သည့် နေ့မှစပြီး သူတပါးကို မသတ်ဖူးပါ။ သည်မှန်သော သစ္စာ စကားကြောင့် သင်ခံစား နေရသော ဝေဒနာ ပျောက်ကင်းပါစေဟု အဓိပ္ပာယ်ရလေသည်။ ထို့ကြောင့် ဒီဂါထာကို ရွတ်ဆို မည့်သူသည် သူတပါး အသက် ကို ခြင်း၊ ပုရွက်ဆိတ်မှ အစ မသတ်ရပေ။ ထိုမှသာစွမ်းပါသည်။ မဟုတ်က သစ္စာ ပျက်ပါသည်။) The Express Times

No comments: