Saturday, June 21, 2014

OS 7.1 တင်လိုက်လို့ ဇော်ဂျီဖောင့် ပျောက်နေရင် ဒီလိုလေး ရှင်းလိုက်ကြရအောင်။ တနေ့ ကထွက်လာတဲ့ IOS 7.1 ကြောင့် ဇော်ဂျီဖောင့် ပျောက်သွားပြီး သူငယ်ချင်းတွေ တော်တော်များများ ခေါင်းစားနေကြတာ တွေ့ ရပါတယ်။ အဲ့ဒါကြောင့်မို့ တလက်စတည်း အားလုံးအတွက် အဆင်ပြေအောင် လုပ်နည်းလေးကို ဒီကနေ တဆင့် တင်ပေးလိုက်ပါတယ်။ ပုံလေးတွေနဲ့ ရှင်းပြထားတာမို့ သာမန်လူတွေအတွက်ပါ နားလည်လွယ်ပါတယ်။ ဂျေးဘရိတ် မလုပ်ထားတဲ့ အိုင်ဖုန်းတွေအတွက်ပါ။ ဇော်ဂျီကို ပြန်မြင်အောင် လုပ်တဲ့နည်းပါပဲ။ ရိုက်ဖို့ ကီးဘုတ်ကတော့ အဆင်မပြေသေးပါဘူး။ ကဲ စလိုက်ကြရအောင်နော်။ ၁. အရင် ရှိပြီးသား ဇော်ဂျီဖောင့် ရဲ့ ပရိုဖိုင် အဟောင်းကို ဖျက်ဖို့ လုပ်ပါမယ်။ အိုင်ဖုန်းရဲ့ Setting အောက်က General ကို နှိပ်ပါ။ ၂. General ကို ရောက်ရင် Screen အောက်ထိရောက်အောင် ဆွဲချပြီး Profile ကို နှိပ်ပြီး ဖွင့်ပါ။ Installed လုပ်ထားတဲ့ ကဏန်းလေးတွေတော့ ကွဲပြားနေပါလိမ့်မယ်။ ၃. Profile အောက်မှာ ရှိနေတဲ့ Zawgyione-font ဆိုတာလေးကို နှိပ်ပြီး Remove လုပ်လိုက်ပါ။ အဲ့ဒါဆိုရင် ရှိပြီးသား ဇော်ဂျီကို Delete (Uninstall) လုပ်သွားပါလိမ့်မယ်။ ၄. Home ခလုပ်ကို နှိပ်ပြီး စက်တင်ထဲက ထွက်ပါမယ်။ ဒီလင့်လေးကို http://cl.ly/UMK0 Safari ထဲမှာဖွင့်ပြီး Zawgyi font ဒေါင်းလုပ် လုပ်ပါမယ်။ (အိုင်ဖုန်းနဲ့ ဖေ့ဘုတ်ပေါ်မှာ ရှိတဲ့ အပေါ်က လင့်လေးကို နှိပ်လိုက်ရုံပါပဲ။) ၄-က. အဲ့ဒီလင့်နဲ့ အဆင်မပြေရင် Safari မှာ http://blog.saturngod.net/knowledgebase/zawgyi-for-ios-7-thank-thant-thet ကို ဖွင့်ပြီး http://d.pr/f/M8Es+ ကို နှိပ်၊ ဇော်ဂျီဖောင့် အင်စတော်လာ လေး ကျလာရင် Install ကို နှိပ်ပြီး ဇောင်ဂျီဖောင့် သွင်းပါမယ်။ ကဲ အဲ့ဒါဆိုရင် ဖေ့ဘုတ်မှာ SMS တွေ Safari တွေမှာ ဇော်ဂျီဖောင့်တွေ ပြန်မြင်ရ ပြန်ဖတ်လို့ ရပြီပေါ့။ အိုင်ဖုန်း အသစ်သမားတွေ အတွက်ကတော့ အပေါ်က အဆင့်တွေ မပါဘဲ အဆင့် ၄ ကို တန်းလုပ်ပြီး ဇော်ဂျီဖောင့် ကို တင်လို့ ရပါတယ်။ ကဲ ပန်းသီး ချစ်သူတွေ အားလုံး ခေါင်းစားတဲ့ အရေးမှ ကင်းဝေးကြပါစေ။ credit >>>> FONECLUB.. admin_lin တစ်ခု ရှိတာ....အဲဒီအဆင့်တွေအားလုံးပြိးလို့..မြန်မာဖောင့်မြင်ရရင်.... ဖေ့ဘုတ်ပဲဖြစ်ဖြစ်...website ပဲဖြစ်ဖြစ်...ကိုယ်သုံးတဲ့ app ကို....အိုင်ဖုန်းမှာ. multitasking နဲ့ သွားမပိတ်မိပါစေနဲ့... အဲလိုဆို အစကနေ ပြန်install လုပ် နဲ့ ပြန်စရပါလိ့်မ်မယ်.. တချို့က ဖုန်း battery ကုန်မှာစိုးလို့...ပိတ်တတ်တဲ့ အကျင့်လေးတွေ ရှိလို့ပါ.. တခြား app တွေကို ပိတ်လို့ရပါတယ်...ကိုယ်မြန်မာလို့ မြင်ချင်တဲ့ app က လွဲရင်ပေါ့.... thks for alll.....

myanmar font for IOS 7

http://blog.saturngod.net/knowledgebase/zawgyi-for-ios-7-thank-thant-thet Zawgyi for iOS 7 (Thank Thant Thet) iOS 7.1 တွင် အလုပ်မလုပ်ပါ။ အခု စာမျက်နှာကို iOS 7 ကနေ ဝင်လိုက်ပါ။ (Safari ဖြင့် ဝင်ပါ) http://d.pr/f/M8Es+ ကို click လုပ်လိုက်ပါ။ ပြီးရင် Install လုပ်လိုက်ပါ။ Install ပြီးသွားရင် Done လုပ်လိုက်ရင် ဇော်ဂျီ font ကို iOS 7 ရဲ့ နေရာတိုင်းမှာ jailbreak မလုပ်ပဲ မြင်ရပါပြီ။ mobileconfig file ရေးပေးတဲ့ သန့်သက် ကို ကျေးဇူးပါ။ reference : http://kusumotolab.com/decoding-mobile-configuration-of-font-install-ios7/ အပေါ်က link က download မရရင် အောက်က link ကနေ download ရယူပါ။ Mirror : https://cloudup.com/files/iBggSaJRmiF/download ယူနီကုဒ် သီးသန့်ပဲ မြင်ချင်သည့်များကတော့ , အောက်က link ကို click လုပ်ပြီး မွန် ၃ font ကို သွင်းပြီး အသုံးပြုနိုင်ပါတယ်။ http://d.pr/f/x4at+ zawgyi ကော unicode ပါ ၂ ခု လုံးသွင်းလိုက်ရင်တော့ unicode ပဲ မြင်ရပါလိမ့်မယ်။ ဒါကြောင့် ကိုယ်လိုတဲ့ font တစ်ခုပဲ သွင်းပါ။
ဘီဂိတ်ကဲ့သို့ အောင်မြင်သူတို့ လမ်းစဉ် အင်တာဗျူးတစ်ခုမှာ ဘီလ်ဂိတ်ပြောတဲ့ စကားလေးပါ။ "ကျနော် ကျောင်း တက် တုန်းက ဘာသာရပ်အချို့  စာမေးပွဲကျပြီး သူငယ်ချင်းတွေ က အောင်မြင်တယ်။ သူတို့က မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့  ဝန်ထမ်းတွေ ဖြစ် သွားပြီး ကျနော်က မိုက်ဖရိုဆော့ဖ်ကုမ္ပဏီပိုင် ရှင် ဖြစ်လာတယ်" တကယ့် လက်တွေ့ ကမ္ဘာ့ အိုင်တီလောကမှာလည်း ဒီတိုင်းပါပဲ။ မိန်းကလေး များက အတန်းထဲမှာ အမှတ်ပြည့်နဲ့ အိုင်တီမေဂျာ ကို အောင်မြင်ပြီး ယောင်္ကျားလေး များက ကျပါတယ်။ သို့ပေမယ့် ယင်း အမျိုးသားများက ကမ္ဘာ့ထိပ်တန်း ဆိုင်ဘာလုံခြုံရေး အဖွဲ့အစည်းတွေက အားကိုးရတဲ့ ဟက်ကာတွေ ဖြစ်ကုန်ပါတယ်။ တစ်ချို့ တစ်လေ ကို ပြောတာ ပါ။ ဒါကြောင့် စာမေးပွဲမှာ အမှတ်ပြည့်ရဖို့ ကြိုးစားနေခြင်းက အကန့်အသတ် ရှိပါတယ်။ တကယ့် လက်တွေ့ဘဝ အသုံးချဖို့ ရည်ရွယ်ရိုးမှန်ရင် ထားရမယ့် target က တစ်မျိုးပြောင်းသွားပါပြီ။ ဘီလ်ဂိတ်တို့၊ စတိဗ်ဂျော့တို့ဆိုတာ တစ်ချိန်တုန်းက ကွန်ပြူတာကုဒ်တွေကို စာရွက်ပေး ချရေးလို့ ရောင်း စားပြီး ကျောင်းတက်ခဲ့တဲ့သူတွေပါ။ ဒီတော့ အထောက်အပံ့ပစ္စည်း မရှိတာတို့၊ အင်တာနက်လိုင်းမကောင်းတာတို့က ပြစရာ အကြောင်းပြချက် တစ်ခုမဖြစ်သင့်ပါဘူး။ လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်ကသာ အဓိက ကျတာပါ။ သာမန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်မယ်၊ လခစားဘဝမှာ တာဝန်ကျေရုံပဲ လုပ်မယ်ဆိုရင် တစ်သက်လုံး နောက်လိုက်ပဲ ဖြစ်မှာပါ။ လုပ်ငန်းရှင်ဖြစ်မလာပါဘူး။ ကိုယ့်လျှောက်မယ့် ပရော်ဖက်ရှင်တစ်ခုကို အတိအကျ ရွေးပြီး ခုကတည်းက အကောင်းဆုံး လုပ်သွားဖို့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။ ..
တနေ့ကို အချိန် ( ၁ )နာရီလောက်ပေးနိုင်ရင် တစ်လကို ဒေါ်လာ ၁၅၀ လောက်ရနိုင်တယ် ကျနော် ၀က်ဆိုဒ် လင့်တခုရှာလို့တွေ့ပါတယ်။ အတော်လေး စိတ်ဝင်စားဘို့ကောင်းပါတယ်။ အင်တာနက်ပေါ်မှာ အကျိုးမရှိပဲ အချိန်ဖြုံးနေမဲ့အစား ကြိုးစားကြည့်လို့ရပါတယ်။ ကျနော်အခုပေးလိုက်တဲ့ လင့်ကနေ အဲဒီဝက်ဆိုဒ်ကို ၀င်လိုက်ပါ။ မှတ်ပုံတင်လိုက်ပါ။ ပြီးရင် စလုပ်လို့ရပါပြီ။ ဒီ လင့်ကို ရလိုက်တာကတော့ နံမည်ကြီး ဆိုဒ်တခုကနေ လမ်းညွှန်လိုက်လို့ပါ။ အဲဒီနံမည်ကြီးဆိုဒ်ကတော့ အကြံဖန်လုပ်တတ်တဲ့ ဆိုဒ်တွေဆို လမ်းညွှန်လေ့မရှိဘူး။ သူတို့ ဆိုဒ်က သိက္ခာရှိပါတယ်။ လုပ်ရမဲ့ အလုပ်တွေကတော့ စုံလို့ပဲ…၀က်ဆိုဒ်တွေကိုဝင် Sign up လုပ်ပေးတာကစလို့ Down load လုပ်တာထိ..နောက်တခါ အမျိုးမျိုးသော လုပ်ဆောင်ချက်တွေပါ ပါတယ်။ အနိမ့်ဆုံး တဆယ်ဆင့် ( တဒေါ်လာ ဆယ်ပုံတပုံ ) ကစလို့ တစ်ဒေါ်လာခွဲထိ ရတာမျိုးတွေရှိပါတယ်။ ၀င်ငွေကတော့ခင်ဗျားဘယ်လောက်အချိန်ပေးနိုင်သလည်းဆိုတာပေါ်မှာတည်မှီပါလိမ့်မယ် ။ကြိုးစားကြည့်နိုင်ပါတယ်။ အကျိုးမဲ့ အချည်းအနှီးတော့ မဖြစ်နိုင်လောက်ပါဘူး။ တခုတော့ ရှိတယ်..ခင်ဗျား အင်္ဂလိပ်လို အနည်းအကျဉ်းတော့ ဖတ်နိုင် နားလည်နိုင်ဘို့လိုပါတယ်…မတတ်ဘူးဆိုရင်တော့..ဒါ ခင်ဗျား လိုအပ်ချက်ပဲဖြစ်တယ်။ ကျနော် ဘာမှလမ်းမညွှန်တတ်တော့ဘူး။ ၀က်ဆိုဒ် လင့် http://microworkers.com/index.php
Make Money Online နိဒါန်း.. အွန်လိုင်းပေါ်မှာ တနည်းအားဖြင့် အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး ၀င်ငွေရှာလိုသူများအတွက် ကျနော်ဖတ်မှတ်ထားတဲ့ အရာတွေ၊ လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ၊ အလားလာတွေ ရှောင်ရန် ဆောင်ရန်တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူတွေကို ထပ်ဆင့်မျှဝေပေးပါမယ်။တချို့သောအကြောင်းအရာများကိုဘာသာပြန်ပေးပါ့မယ်။ကျနော်တို့မြန်မာနိုင်ငံသားတော်တော်များများက အင်တာနက်နဲ့ ရင်းနှီးတာ ကာလသိပ်မကြာသေးပါဘူး..တော်တော်များများ သိထားတာက…အင်တာနက်ဆိုတာ ဖျော်ဖြေရေးနဲ့ ဆက်သွယ်မှု့ အရာ..ပညာရပ်များ သိချင်တာများကို လေ့လာနိုင်သောအရာ ဒီလောက်ပဲသိထားကြပါတယ်။ အင်တာနက်ကိုအခြေခံပြီး ၀င်ငွေဖန်တီးလို့ရတယ်ဆိုတာ သိသူတော်တော်ကိုနည်းပါတယ်။ သိတဲ့သူများကလည်း ထပ်ဆင့် မမျှဝေနိုင်ကြဘူး။ အင်တာနက်မှတဆင့် ၀င်ငွေရှာခြင်းနဲ့ တလ၀င်ငွေ ဒေါ်လာ သုံးသောင်းလောက်ထိဝင်တဲ့ မြန်မာတွေရှိပါတယ်..။ ငွေရှာနည်းနဲ့ပတ်သက်လို့ပြောရရင်တော့ အများကြီးရှိပါတယ်လို့ပဲပြောပရစေ…တဆင့်ချင်းကျနော်ဖတ်မှတ်လေ့လာထားတာတွေသုတေသနပြုထားတာတွေလက်တွေ့လုပ်ဆောင်နေ တာတွေကို ရေးပေးသွားပါမယ်။ ဒီနေရာမှာလိုအပ်ချက်များရှိနေရင်လည်း သိရှိနေသူများမှ ၀ိုင်းဝန်းထောက်ပေးပါ..အကြံပြုပါ ၊ကျနော် တစ်ယောက်ထဲ အားနဲ့ မလုံလောက်ပါဘူး ၊ ကျနော်တို့ အားလုံးပေါင်းစုပြီး ကိုယ့်နိုင်ငံသားတွေ တိုးတက်ရေးအတွက် မိမိတို့တတ်နိုင်သလောက် အကူညီပေးခြင်းဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝပါတယ်။ ကျနော်ယုံကြည်ထားတာ ပညာရပ်တခုကို လက်ဆင့်ကမ်းတယ်ဆိုတာ သောက်ရေအိုးထဲက ရေကိုခပ်ပေးလို့ ကုန်သွားတာမျိုးမဟုတ်ပါဘူး ၊ ဖယောင်းတိုင် တစ်တိုင်က တတိုင်ကိုမီးကူးပေးလိုက်ခြင်းမျိုးပါပဲ မီးတောက်တွေများလာလေ အလင်းတွေထိန်လာလေပါပဲ။ ဒီနေရာမှာ တခုကြိုပြောထားခြင်းတာက ကျနော် ဒီအကြောင်းရာများကိုရေးသားတင်ပြခြင်းသည် လူတတ်လုပ်လိုသောစိတ် ၊ ဆရာကြီးလုပ်လိုသောစိတ် အလျှဉ်းမရှိဘူးဆိုတာ ယုံပါ။ မိမိမရောက်ဘူးသေးသောအရပ်ဒေသမှာ လမ်းမသိလို့ ရောင်ချာချာဖြစ်နေသူကို လမ်းညွှန်လိုက်ပို့တဲ့ အဆင့်ပဲဖြစ်ပါတယ်။ အချိန်ရရင်ရသလောက် ဆက်တိုက်ရေးပေးသွားပါ့မယ်။ အွန်လိုင်းပေါ်မှာငွေရှာနည်းနဲ့ပတ်သက်လို့ အခက်အခဲရှိနိုင်တာတွေရှိပါတယ် ၊ ဒါတွေကိုတော့ အချိန်ယူ သီးခံရင်းနဲ့ပဲ ..ကျော်လွှားရမှာဖြစ်ပါတယ်။ကျနော်ဆက်တိုက်ရေးပေးမဲ့ဆောင်းပါးများနှင့်ပတ်သက်လို့မယုံကြည်တာပဲဖြစ်ဖြစ်…အပျက်မြင်ပဲဖြစ်ဖြစ်ရှိခဲ့မယ် ဆိုရင်..ဒီနေရာမှာပဲ..ရပ်လိုက်ပါ ဆက်ဖတ်နေရင် မျက်စိညောင်းပါတယ်…။ အောင်မြင်မှု့ဆိုတာ..ယုံကြည်စွာ စိတ်အားထက်သန်တဲ့သူတွေအတွက်သာဖြစ်တယ်။ ၀က်ဆိုဒ် ၊ ဘလော့ များကိုအသုံးပြ ငွေရှာခြင်း ကျနော့်ဆီကိုအီးမေးလ်၊မက်ဆေ့တွေကတဆင့်သူတို့သိချင်တဲ့ အကြောင်းအရာတွေကို ရေးပေးဘို့ တောင်းဆိုထားတာတွေရှိပါတယ်..ဥပမာ အွန်လိုင်းပေါ်မှာ ဘယ်လိုဈေးရောင်းမလည်း ၊ ၀က်ဆိုဒ် ဘလော့များနှင့် ဘယ်လိုငွေရှာမလည်း စတာတွေပေါ့..ဒီနေရာမှာ အရင်ဆုံးအနေနဲ့ ၀က်ဆိုဒ် ဘလော့များနှင့် ငွေရှာနည်းကို အရင်တင်ပြပေးပါ့မယ်။ အင်တာနက်(သို့)အွန်လိုင်းနဲ့ငွေရှာဘို့မရှိမဖြစ်ရှိရမဲ့ အရာတွေရှိပါတယ်..ဒါတွေမရှိသေးဘူးဆိုရင်တော့ ဗဟုသုတအဖြစ်မှတ်သားထားပြီး အဆင်ပြေလာတဲ့ အချိန်မှာ အဆင်သင့်ကောက်လုပ်လို့ရပါပြီ..။ မရှိမဖြစ်ရှိနေရမည့်အရာများ ( ၁ ) အင်တာနက်ဆက်သွယ်ရေးရှိရပါမယ် ( speed အမြန် အနှေး ကိစ္စမရှိပါ )။ ( ၂ ) ဘဏ် အကောင့် ရှိရပါမယ်။ ( ၃ ) အချိန်မရွေးဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ရှိရပါမယ်။အီးမေးလ် အကောင့်ရှိရပါမယ်။ ( ၄ ) သေချာတဲ့ နေရပ်လိပ်စာ ရှိရပါမယ်။ ( ၅ ) ငွေကြေး တစုံတရာစိုက်ထုတ်နိုင်မှု့ရှိရပါမယ် ( အရင်းအနှီး မများပါ ) ( ၆ ) အင်္ဂလိပ်လို အထိုက်အားလျှော်စွာ ရေးတတ်၊ ဖတ်တတ်ရှိရပါမယ်။ ( ၇) အမေရိကန်မှာနေထိုင်သူဆိုရင်တော့ တရားဝင်နေထိုင်ခွင့်ရှိသူဖြစ်ရပါမယ်။ Tax ID ရှိရပါမယ်။ Good Credit ရှိသူများအတွက် အခွင့်အလမ်းကောင်းတွေများပါတယ်။ အထက်ဖော်ပြပါ အချက်များမှ ( အမေရိကားမှာနေထိုင်သူများ အတွက် မှတပါး ) ကျန်နိုင်ငံများမှာနေထိုင်သူများအတွက် ဖော်ပြပါ အချက် ခြောက်ချက်ပြည့်စုံရန်လိုပါတယ်။ ၀က်ဆိုဒ်၊ဘလော့ဖြင့်ငွေရှာခြင်းဆိုတာ..မိမိဝါသနာပါရာ၊ယုံကြည်ရာ အကြောင်းအရာများကို ရေးသားတင်ပြရင်း..ခင်ဗျားတို့ဆိုဒ်တွေဟာ အထိုက်အားလျှော်စွာလူဝင်ကြည့်တာများလာပြီဆိုကြော်ငြာများတင်လို့ရပါပြီ….။ကျနော်တို့မြန်မာနိုင်ငံသားဝက်ဆိုဒ်ဘလော့ပိုင်ရှင်အများစု ကကြော်ငြာဆိုတာနဲ့မြန်မာပြည်ကကြော်ငြာတွေကိုပဲပြေးပြေးမြင်တတ်ပါတယ်…။အဲဒီကြော်ငြာတွေတင်မကပါဘူး နိုင်ငံတကာမှာရှိတဲ့ ကြော် ငြာများကိုလည်းထဲ့သွင်းနိုင်ခြင်းဖြင့်ဝင်ငွေရှာလို့ရပါတယ်။နောက်တခါဝက်ဆိုဒ်ဘလော့များကိုဖန်တီးရာမှာလည်း…သတင်းကဏ္ဍလောက်ကိုပဲ အာရုံစိုက်တတ်ကြတယ်..လုပ်လို့ရတာတွေအများကြီးရှိပါသေးတယ်…။ဥပမာ...အတတ်ပညာနဲ့ပတ်သက်တဲ့ဆိုဒ်တွေတည်ဆောက်လို့ရပါ တယ်…ဓါတ်ပုံ ၊ ဗွီဒီယို ၊ ဂိမ်း ၊ ကားပြင်နည်း ၊ကွန်ပြူတာနည်းပညာ၊ စသဖြင့်ပေါ့ အများကြီးပါ….။ ကိုယ်အားသန်ရာ စိတ်ဝင်စားရာ ကျွှမ်းကျင်ရာ တခုကနေစလုပ်လို့ရပါပြီ။ ကြော်ငြာဖြင့်ဝင်ငွေရှာဘို့ ၀က်ဆိုဒ် ဘလော့များအနေဖြင့် မရှိမဖြစ် မလုပ်မဖြစ်အရာတွေရှိပါတယ်။ ဒါတွေကတော့……..။ ( ၁ ) ၀က်ဆိုဒ် ဘလော့များဟာ အင်တာနက်ပေါ်မှ အခမဲ့ယူထားတဲ့ အရာတွေမရပါ။ ( ၂ ) အထဲတွင်ပါဝင်သော အကြောင်းရာအများစုဟာ တခြားသူများဆီမှ မိတ္တူကူးဖော်ပြထားခြင်းမျိုးကို လက်မခံပါ ( နည်းနည်းပါးပါး ရပါတယ် )။ မူအရပြောတာ..နိုင်ငံသားတွေညီရင် ရတာတွေရှိတယ်။ ( ၃ ) သက်တမ်းအားဖြင့် ခြောက်လ အနိမ့်ဆုံးရှိရပါမယ်။ ( ၄ ) တလကို အနိမ့်ဆုံး page view ငါးသောင်း ၊ Hit ( သို့မဟုတ် ) Impression နှစ်သိန်းကျော်ရှိရပါမယ်။ လူဦးရေ ၀င်အားနဲ့ ခန့်မှန်း အတိအကျမဟုတ် ( လူတစ်ထောင်လောက်နေ့စဉ် ) ၀င်ရင် ကြော်ငြာလက်ခံပေးနိုင်ပါတယ်။ ၀န်ခံချက်။ ။ ကျနော် ကွန်ပြူတာ အင်တာနက်နည်းပညာမကျွှမ်းကျင်ပါ…ဒါ့အတွက် တချို့အခေါ်အဝေါ်များ မှားရင်ပြင်ပေးပါ။ ၀က်ဆိုဒ် ဘလော့များတည်ဆောက်ခြင်း ၀က်ဆိုဒ် ဘလော့များတည်ဆောက်ရာမှာ အခကြေးငွေပေ၀ယ်ရပြီး ဒိုမိန်း ကိုမှတ်ပုံတင်ထားရပါတယ်။ပြသနာတခုက ဘာလည်းဆို တော့ကျနော်တို့ အများစုက ၀က်ဆိုဒ် ဘလော့ တည်ဆောက်ခြင်းနည်းပညာတွေမတတ်ကျွှမ်းတာများပါတယ်။ဒီအတွက် အခက်အခဲတွေ တလှေကြိးနဲ့ကြုံရပါတယ်...သို့သော် ဒါ့အတွက် ပူစရာမလိုတော့ပါဘူး ၀က်ဆိုဒ်များကို လွယ်လွင့်တကူ ( ကွန်ပြူတာ အင်တာနက်နည်း ပညာ အရမ်းကျွှမ်းကျင်စရာမလိုပဲ တည်ဆောက်နိုင်တဲ့ ကုမဏ္ဍီတွေရှိပါတယ်။ ) ကျနော် စပြီးဝက်ဆိုဒ်ကို တည်ဆောက်တော့ အဆင်မပြေ ပါဘူး ၀က်ဆိုဒ် ကုမဏ္ဍီ ( ၃ ) ခုပြောင်းလိုက်ရပါတယ် ၊ နောက်ဆုံး ကုမဏ္ဍီကြမှ ကောင်းကောင်းအစဉ်ပြေသွားပါတယ်။ ၀က်ဆိုဒ်ကို စတင် တည်ဆောက်တော့မယ်ဆိုရင် ပျှမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၁၀၀ ကျော်တော့ရှိပါတယ်။ လစဉ်ကတော့ ပျှမ်းမျှ ငါးဒေါ်လာကနေ ၁၀ဒေါ်လာကြားထဲလောက်ရှိပါမယ်(ကိုယ်ကလုပ်ဆောင်ချက်တွေအများကြီးမထဲ့ဘူးဆိုရင်အဲဒီလောက်ငွေနဲ့ရပါတယ်။) ခြောက်လလောက် အတွင်း ဒီငွေကို ရင်းနှီးမြှုတ်နှံနိုင်ဘို့တော့လိုပါတယ်။ အခု ကျနော် အသုံးပြုနေတဲ့ ၀က်ဆိုဒ် ကုမဏ္ဍီက တော်တော်ကောင်းပါတယ် ဈေးကတော့ တခြားကုမဏ္ဍီထက်စာရင် နည်းနည်းများ သလိုရှိပေမဲ့ လုပ်ဆောင်ချက်တွေက အရမ်းလွယ်ပါတယ် အကောင်းဆုံးကတော့ ၀က်ဆိုဒ် တခုခုဖြစ်လို့ ဆက်သွယ်မယ်ဆို customer service ကအရမ်းကောင်းတယ် ချက်ချင်းတုန့်ပြန်တယ် ဖြေရှင်းပေးတယ် ဒီ ကုမဏ္ဍီပါ အောက်မှာဖော်ပြပေးထားပါတယ် ကလစ်ဝင် ရောက်ပြီးလေ့လာကြည့်လိုက်ပါ အရင် အသုံးပြုခဲ့တဲ့ ၀က်ဆိုဒ် ကုမဏ္ဍီ နှစ်ခုမှာ အဆိုးဆုံးက customer service ပါပဲ တခုခုဖြစ်လို့ ဆက်သွယ်မယ်ဆို တခါတလေ ၂၄နာရီနဲ့တောင် အကြောင်းမပြန်ပါဘူး။ ၀က်ဆိုဒ် နည်းပညာအရမ်းသိဘို့မလိုပါဘူး သူ့ထဲမှာ အလွယ်တကူတည်ဆောက်လို့ရတဲ့ လုပ်ဆောင်ချက်တွေ ပါဝင် ပါတယ်။ ၀က်ဆိုဒ်တည်ဆောက်ဖို့ အလွယ်ဆုံးလုပ်ဆောင်နိုင်ပါတယ်။ ၀က်ဆိုဒ်ကို ဘယ်အကြောင်းအရာတွေနဲ့ ဘယ်လိုတည်ဆောက်မယ် ဆိုတဲ့ အယူအဆကောင်းကောင်းရပြိဆို စတင်လည်ပတ်ပါ။ အထက်ဖော်ပြပါအတိုင်းလုပ်ဆောင်ပြီးရင်..မိမိရဲ့ဆိုဒ်ကိုလူတွေစိတ်ဝင်စားအောင်Social Media Network တွေမှာတင်ပါ ( facebook , Twitter ) တို့မှာတင်ပါ။ ၀က်ဆိုဒ် သက်တမ်း ခြောက်လ အကျော်မှာ ကျနော် အထက်မှာဖော် ပြခဲ့သလို...အရည်အသွေးများပြည့်စုံပြီဆိုရင်တော့ ကြော်ငြာတင်ဘို့ ကမ်းလှမ်းလို့ရပါပြီ။ ကြော်ငြာ နဲ့ပတ်သက်လို့ အမျိုးမျိုးရှိပါတယ်။ခေတ် အစားဆုံး အရာတွေကိုပြောပြပါမယ်။ - Google Adsense - ကြော်ငြာ ကုမဏ္ဍီများကို မှတ်ပုံတင်ဝင်ရောက်ပြီး မိမိဝက်ဆိုဒ်ကို ရောင်းရပါတယ်။ ရောင်းတယ်ဆိုတာ ကြော်ငြာတင်ဘို့ ဈေးကွက်မှာရောင်းရတာကိုပြောတာပါ။မိမိဆိုဒ်ဟာ လူဝင်များရင်များသလို ငွေပိုရပါတယ်။မိမိဝက်ဆိုဒ်မှာ ကြော်ငြာထဲ့ချင် တဲ့ အပိုင်း၊ အကန့် ၊ အကွက်မှာ ( Advertise Here ) ဆိုပြထားရပါတယ်...ကြော်ငြာ ပုံသဏ္ဍန်အမျိုးမျိုး ဆိုဒ် အမျိုးမျိုး ရှိပါတယ်...သူ့ဟာနဲ့သူဈေးကွာခြားပါတယ်။ ဖော်ပြပါလင့်ကိုကြည့်လိုက်ပါ ကြော်ငြာထဲ့သွင်းဘို့ပေးထားတာကိုတွေ့ရပါ လိမ့်မယ်။( ကလစ်လိုက်ပါ ) ( ဆက်လက်ဖော်ပြပေးပါမယ် ) ဆက်လက်ဖတ်ရှုရန်ဆောင်းပါးများ Google Adsense How much earn How to join Adsense အွန်လိုင်းပေါ်မှာဈေးရောင်းမယ် အရင်းအနှီးမလို အွန်လိုင်းပေါ်မှာဈေးရောင်းမယ် အွန်လိုင်းအသုံးပြုပြီး လုပ်နိုင်သော အလုပ်များ Freelance Writing Online Surveys Make Money Online drop shiping How Make Money in Forex ဈေးကွက်ထောက်လှမ်းရေး( Mystery Shopper ) တနေ့ကို အချိန် ( ၁ )နာရီလောက်ပေးနိုင်ရင် တစ်လကို ဒေါ်လာ ၁၅၀ လောက်ရနိုင်တယ် Data Entry Job What is the Credit Card ?
တရုတ် အတွေးအခေါ်ပညာရှင် Laozi ပြောတဲ့ လူသုံးမျိုး (၁) စိတ်ဓာတ်ကျနေသူ လူတစ်ယောက်ဟာ စိတ်ဓာတ်ကျနေတယ် ဆိုရင် သူဟာ အတိတ်က အကြောင်းအရာတွေကိုပဲ စဉ်းစာနေသူ ဖြစ်ပါတယ်။ (၂) စိုးရိမ်ပူပန်သူ လူတစ်ယောက်က အမြဲတန်း စိုးရိမ်ပူပန်နေတယ်ဆိုရင် သူဟာ အနာဂတ်ကိုပဲ အမြဲတန်း စဉ်းစားနေသူ ဖြစ်ပါတယ်။ (၃) စိတ်ချမ်းသာသူ လူတစ်ယောက်ဟာ စိတ်တည်ငြိမ်ပြီး အေးချမ်းနေတယ် ဆိုရင်တော့ ယခုလက်ရှိ ပစ္စုပ္ဗန် အကြောင်းကိုသာ စဉ်းစားနေသူ ဖြစ်ပါတယ်။
ဟန်းဖုန်းကို ခေါင်းအုံးဘေးနားချထားပြီး မအိပ်သင့် ------------------------------------------------------------ ယနေ့ခေတ် လူတော်တော်များများ မှားတတ်ကြသည့် အလွန်အန္တရာယ်ကြီးသည့် အမှားတစ်ခုဖြစ်ပါတယ်။ လူအတော်များများဟာ ညအိပ်ယာဝင်ခါနီးမှာ ဟန်းဖုန်းကို အသုံးပြုလေ့ရှိကြပြီး အိပ်ချင်လာပြီဆိုလျှင် ဖုန်းကို အလွယ်တကူပင် ခေါင်းအုံးအနားမှာ ချထားပြီး အိပ်ပျော်သွားတတ်ကြပါတယ်။ အဲဒါဟာ အလွန်အန္တရာယ်ပေးသည့် အမှားဖြစ်ပါတယ်။ ဟန်းဖုန်းမှ ထုတ်လွတ်ပေးနေသော ရေဒီယိုဓါတ်ကြွရောင်ခြည်တစ်မျိုးဟာ လူတွေအတွက် အလွန်ပင်အန္တရာယ်ကြီးသည့် ဦးနှောက်ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။ (the primary cause of +Brain +Cancer ) လို့ ရေးထားပါတယ်။ ထို့အပြင် ဦးနှေက်နှင့်ပတ်သက်သည့် အခြားရောဂါများကိုလည်း ဖြစ်နိုင်ခြေပိုများစေပါတယ်။ ထို့ ကြောင့် အကြံပေးချင်တာက အိပ်ယာပေါ်မှာ ဟန်းဖုန်းကို အသုံးပြုပြီးလျှင် ဖုန်းကို အနည်းဆုံး ၅ ပေခန့် အကွာအဝေးမှာ ထားပါ။ သို့မဟုတ် ဖုန်းကို ဖွင့်မထားပဲ ပါဝါကို ပိတ်ထားလျှင် ပို၍အန္တရာယ်ကင်းစေပါတယ်။ လူတိုင်း ရောဂါကင်းဝေးပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ သင့်မိတ်ဆွေများကိုလည်း မျှဝေပေးနိုင်ကြပါတယ်။ စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။ Ref: Why You Should Not Sleep With Your Phone Under Your Pillow. Credit to ကျန်းမာရေးသတင်းများ ------- အများအတွက် အကျိုးရှိစေမည့် အခုလို Post ကောင်းများကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။ www.facebook.com/markwilliams.com.mm
ပိဋကတ်သုံးပုံကို သူရဿတီ တကယ်စောင့်သလား ?????? ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးဟုဂုဏ်ယူကြွေးကြော်လေ့ရှိတဲ့ မြန်မာနိုင်ငံတော်မှာ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် လုံးဝဆန်ကျင်သော အယူမှား၊အသိမှား၊အြ မင်မှားတွေ မြောက်များစွာ ရှိပါတယ်။ ထိုအမှားများထဲတွင် “သူရဿတီနတ်သမီးသည် ပိဋကတ်သုံးပုံစောင့်တဲ့သူဖြစ်တယ်” ဆိုသော အမှားဟာ အဆိုးဝါးဆုံးပင်ဖြစ်၏။ ဗုဒ္ဓ၀ါဒသည် “၀ိဘဇ္ဇ၀ါဒ”ဖြစ်ပါတယ်၊ ၀ိဘဇ္ဇဆိုသည်မှာ ဖြစ်နိုင်တယ်၊မဖြစ်နို င်ဘူး၊ဟုတ်တယ်၊မဟုတ်ဘူး စသည်ဖြင့် မိမိ၏အသိဉာဏ်ပညာဖြင့် ဝေဘ န်ဆုံးဖြတ်လေ့လာရတဲ့ဝါဒဖြစ်၏။ ထိုဗုဒ္ဓဘာသာ ၀ိဘဇ္ဇ၀ါဒီဆိုသော ဂုဏ်ကိုပင်မထောက်ထားဘဲ မြှူဆွယ်လိမ်လည်နေကြတဲ့ ဓါတ်ဆရာ၊နတ် ဆရာ၊ဓါတ်၊ဗေဒင်အမည်ခံ လူလိမ်တစ်စု၏ စားပေါင်ချောင်အောင် ဖန်တီးထားကြတဲ့ လုပ်ဇာတ်များကို အဟုတ်အဟုတ်ထင်နေကြ၏။ ၀ိဘဇ္ဖ၀ါဒီ ခေါ်ဝေဘန်သုံးသတ်မှုကို လက်ကိုင်ထား၍ လေ့လာဝေဘန်ကြမည်ဆို လျှင် ထေရ၀ါဒဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်နေသော ဘာသာရေးအမှောက် ပယောဂများ၏ အဖြေ ကိုရှာဖြေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ယခုလည်း သူရဿတီပြဿနာကို ၀ိဘဇ္ဇဖြင့်ဝေဘန်သုံးသတ် အဖြေရှာကြည့်ပါက မိမိကိုယ်တိုင်ပင် အဖြေထုတ်အမှန်တွေ့နိုင်မည်ဖြစ်၏။ ယခုလက်ရှိတွင် ပိဋကတ်စာပေများကို သင်အံလေ့ကျက် ဟောကြားဆိုဆုံးမလမ်းပြေ ပးပြီး ပရိယတ္တိသာသနာတော် သို့မဟုတ် ပိဋကတ်တော်များကို မည်သူတွေ စောင့်ေ ရှာက်နေကြပါသနည်း။ ဘုရားသားတော် သံဃာတော်များသာဖြစ်ပါ၏။ ဘုရားရှင်လက်ထက်တော်ကာလကစ၍ ယခုတိုင်ကျအောင် များပြားလှသော ဆင်းရဲမျိုးစုံကို ဂရုပြုတော်မမူကြဘဲ ဆင်းရဲပင်ပန်းခံကာဖြင့် ပိဋကတ်တော်များကို အခက်အခဲမျိုးစုံကြားမှ စောင့်ထိန်းလာကြသည်မှာ ထိုဆရာတော်များပ င်ဖြစ်၏၊ သီဟိုဠ်ကျွန်းတွင် ကျေးကုလားတို့၏သူဘုန်ဘေးကြီးသင့်၍ အစားအစာပင်ပန်းဆ င်းရဲရှားပါးကြပ်တည်းနေချိန်မှာပင် စာအံ့၊စာကျက်မပြုလုပ်ပါက ပိဋကတ်တော်များ မေ့ပျောက် သွားမည်စိုးသဖြင့် ၀မ်းမီးအပူသက်သာစေရန် ၀မ်းဗိုက်ပေါ်တွင် သဲများတင်၍ ပိဋကတ်တော်များကို သံဃာတော်များမှ ကာကွယ်ကျက်မှတ်ခဲ့ရကြောင်းကို သာသနာဝင်ကျမ်းများတွင် ကြည်ညိုဖွယ်ရာ တွေ့ရှိရ၏။ ယခုထက်တိုင် မြန်မာပြည်အနှံ့ ပရိယတ္တိစာသင်တိုက်များတွင် ကလေးအရွယ် လူမမည် သာမဏေလေးများမှစ၍ သက်တော်ဝါတော်ကြီးရင့်တော်မူသော ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများအထိ မိကွဲ၊ဖကွဲဖြင့် နည်းမျိုးစုံဖြင့် သက်ဆုံးတိုင် ပိဋကတ်တော်များကို လေ့ကျက်ပို့ချ၊ ဟောပြနေကြသည့် သံဃာတော်များ ကိုပင်အားမနာ သူရဿတီက ပိဋကတ်သုံးပုံစောင့်သည် ဆိုသော အယူမှားအထင်မှားစကားမှာ မိမိတို့ဘာသာသာသနာတော် ကို ပြန်၍စော်ကားရာကျနေေ ပ၏။ သူရဿတီသည် ပိဋကတ်သုံးပုံစောင့်သည်ဆိုရအောင် "သူသည် မည်သည့်ပရိ ယတ္တိစာသင်တိုက်မှာမှ ပရိယတ္တိစာပေများကို သင်ကြားခဲ့ခြင်းမရှိ၊ မည်သည့်စာသ င်တိုက်မှ မည်သည့်ပရိ ယတ္တိဆိုင်ရာ အတန်းများကို အောင်မြင်ခဲ့ခြင်းမရှိပါဘဲ"သူများညာတိုင်း အယုံလွယ်အညာ ခံနေကြသည်မှာ ဗုဒ္ဓဘာသာ ၀ိဘဇ္ဇ၀ါဒီဆိုသော နာမည်ကိုအတော်အားနာစရာကောင်းလှ၏။ အာသဝေါကင်းကွာ ရဟန္တာအရှင်သူမြတ်များသည်ပင်ရဟန္တာတိုင်း ပိဋကတ်တော်များကို နာလည်တတ်ကျွမ်းကြသည် မဟုတ်၊”ပဋိသမ္ဘိဒါပတ္တရ ဟန္တာ”တို့သာ ပိဋကတ်တော်များကို တတ် ကျွမ်းတော်မူကြ၍ “သုက္ခ၀ိပဿက ရဟန္တာ”တို့မှာမူ အာသဝေါကင်းကွာ ၀ိပဿနာဉာဏ်တော်ရရှိ ပါသော်လည်း ပိဋကတ်တော်များကို တတ်ကျွမ်းနားလည်းခြင်းမရှိပေ။ ထို့သို့ ရဟန္တာမထေရ်မြတ် များပင် ရဟန္တာတိုင်း ပိဋကတ်တော် မတတ်ကျွမ်းကြလျှင် သူရဿတီကား အဘယ်သို့ ပိဋကတ်ေ တ်ာများကို စောင့်ထိန်းနိုင်ပါမည်လော? သူရဿတီထက် အဆင့်မြင့်ကြသော သိကြား၊ဗြဟ္မာ၊နတ်ဒေ၀ါများပင်လျှင်၊ ဘုရားရှင်နှင့် ဆရာတော်သံဃာတော်အရှင်မြတ်တို့ထံ တရားတော်များကို မေးမြန်းလျှောက်ထားနားကြရကြောင်း ကျမ်းဂန်များတွင် အတိအလင်းဖော်ပြထား၏။ သူ့ထက်မြင့်သောနတ်ဗြဟ္မာသိကြားများပင် ပိဋကတ်တော်များကို မသိလျှင်၊ အိန္ဒိယကုလားတွေ မစင်စွန့်တဲ့ မြစ်ကမ်း နဘေးမှာနေရတဲ့ ခေါင်းမူးခြုံကုလားမသူရဿတီမှာ မည်သို့ပိဋကတ်သုံးပုံစောင့်ရှောက်နိုင်မည်နည်း?? သူရဿတီသည်လည်း အမှန်တကယ် နတ်သ္မီးပေလော ? သို့တည်းမဟုတ် “လူသားေ တွကို ဘုရားသခင် (God) ကဖန်ဆင်းခြင်းမဟုတ်၊ ဘုရားသခင်ကိုသာ လူသားတို့က ဖန်ဆင်းခြင်းဖြ စ်တယ် ”ဆိုသော အနောက်တိုင်းပညာရှင်တစ်ဦး၏ အဆိုအမိန့်ကဲ့သို့ ရှေးဦးအိန္ဒိယသားတို့ကဘဲ သူရဿတီကို စိတ်ကူပုံဖော်၍ ဖန်တီးခဲ့သလော ? ဆိုတာကို အားလုံးဖေ၀ဘန်ဆန်းစစ်နိုင်ကြစေ ဘို့ ဖော်ပြပေးပါမည်။ သူရဿတီဆိုသည်မှာ အိန္ဒိယနိုင်ငံ ကမ်ဗလ်နယ် (ယခု-အာဒ္ဓ္ရီ)ရွိဟိမ၀ႏၱာေ တာင်ကြီး၏ ဆိဝါလိတ် နှင့် ဆိရ်မုတ်ဟုခေါ်သည့်တောင်တန်းများအနီးမှ စီးဆင်းနေသည့် မြစ်တခု၏အမည်ဖြစ် ၏၊ အိန္ဒိယတို့သည်၎င်းသူရဿြီ မစ်ကို”ဆရဆ်ဝတီ”ဟုခေါ်ဆို၏ ခေါ်ဆို၏ သူရဿတီဆိုသည်မှာ ထိုဆရဆ်ဝတီဟူသော အိန္ဒိယအမည်ကို သူရဿတီဟု မြန်မာလေသံဖြင့် အလွယ်ခေါ်ဆိုကြ ခြင်းဖြစ်၏။ သူရဿတီ (ဆရဆ်ဝတီ)ဟူသော အဓိပ္ပါယ်မှာ (Watery) ရေရှိသည့်အရာ (မြစ်)ဟုအဓိ ပ္ပါယ်ရပါသည်။ ရှေးဦးအာရိယာန်လူမျိုးတို့သည် အိန္ဒိယပြည်၏အနောက်မြောက် ပန်ဂျပ်ပြည် နယ်တစ်ဝိုက်တွင် အခြေချနေထိုင်ကြစဉ် ထိုဆရဆ်ဝတီမြစ်မှ ရေကို အဓိကအာားထားပြု၍ ထွန်ယ က်စိုက်ပျိုးကြ၏။ မြေဆီမြေလွှာကလည်းကောင်း ရာသီဦးတုကလည်း မှန်ကန်သဖြင့် ကောက်ပဲ၊ သီးနှံတို့သည် ဖြစ်ထွန်အောင်မြင်ကြ၏။ အသိပညာကမဖွင့်ဖြိုး၊ ကိုးကွယ်စရာကလည်း မည်မည် ရရမရှိသေးသည့် ကာလမို့ ထုံးစံအတိုင်း လူသားတို့သည် အားထားကိုးကွယ်စရာကို မိမိတို့အေ တွးဖြင့် ဖန်ရှင်းလိုက်ကြသဖြင့်။ ဆရဆ်ဝတီဆိုသည့်မြစ်သည် နတ်သမီးအဖြစ်သို့ နေခြင်းညခြ င်း ကြီးပွား၍ သွားလေတော့၏။ ဆရဆ်ဝတီမြစ်၏ရေစီးသည် ကြမ်းကြမ်းတမ်းတမ်းမစီးဆင်းဘဲ ဖြေးညင်းစွားစီး ဆင်းခြင်း ကိုထောက်၍ ထိုမြစ်ကိုအပိုင်စားရသည့်နတ်သည် နတ်သားမဖြစ်နိုင် နတ်သမီးသာဖြစ်နိုင်သည်ဟု ဆိုကာ ဆရဆ်ဝတီမှာ နတ်သားမဖြစ်ဘဲ နတ်သမီးဖြစ်သွားရရှာ၏။ ထို့အပြင် ထိုဆရဆ်ဝတီမြစ် သည် တောင်ထွတ်ေ တာင်စွယ်အကွေ့အ၀ိုက်များကြားမှ စီးဆီးလာသဖြင့် မြစ်ရေ၏ အသံသည် သာယာနာပျော်ဖွယ်ရှိသဖြင့် ဆရဆ်ဝတီနတ်သမီးသည် တေးသီချင်းများ ဂီတများကိုစောင့်သည် ဟု စိတ်ကူးဖြင့်ပုံဖော်၍ ကိုးကွယ်လာကြ၏။ ဒေ၀ခေတ်သို့ရောက်သည့်အခါတွင်မူ အလွန်အမင်းဂုဏ်တင်ပြောဆိုရေးသားလာကြ၍ ဆ်ရဆ၀တီနတ်သမီးမှာ များစွာတန်ခိုးကြီးထွားလာလေတော့၏။ ဟိန္ဒူတို့သည် ၄င်းတို့အထွ ဋ်အမြတ်ထားရာ “ဗေဒင်သုံးပုံ”ကို ဆရဆ်ဝတီနတ်သမီးစောင့်သည်ဟု အဆင့်တိုးပူဇော်လာကြ၏။ ထို့သို့ဆရဆ၀ တီကို အမွန်းတင်ရေးသားပြော ဆိုကြသည်မှာ တစ်ဦးနှင့်တစ်ဦးတူညီမှုမရှိဘဲ ကိုယ့်သဘောနှင့် ကိုယ် သန်ရာသန်ရေးသားချီးကျူးအမွန်းတင်နေကြသည်ကိုတွေ့ရှိရလေ၏။ ၀ါဂ်ျဆနေဟိတကျမ်း၌ ဗြဟ္မာမင်း၏ ကြင်ယာမယားဟုဆို၍ တဖန်၊အသ္မိန်းအမည် ရှိသည့် နတ်ညီနောင်တို့၏ ဇနီးမယားဟု၎င်း၊ တဖန် တိုက်ထိုရိယဗြဟ္မဏကျမ်းတွင် ကမ္ဘာကြီးကိုဖန် ဆင်းထားသည့် ပဇာပတိဗြဟ္မာကြီး၏ ဇနီးအဖြစ်လည်းကောင်း၊ ဣန္ဒြသိကြား၏ ဇနီးဟူ၍လည်းကောင်း ရေးသားထားပြန်၏။ ထိုဆရဆ်ဝတီနတ်သမီးအကြောင်းအရာတို့သည် ပါးစပ်ပြော ပုံပြင်တို့မှ တစတစယုံကြ ည်မှု၊ဂုဏ်တင်မှုလွန်ကဲလာကြခြင်းဖြစ်၏။ အချို့ကျမ်းတို့၌ မဟာမုနိရသေ့ကြီးနှင့် သမုဒ္ဒရာ နတ်သမီးတို့မှ မွေးဖွားသူဖြစ်ပြီး၊ သမုဒ္ဒရာမှ ဟိမ၀န္တာတာင်ထွတ်တစ်ခုသို့ ဟင်္သာစီး၍သွား ရာလမ်းတစ်လျှောက်တွင် ဟင်္သာကိုယ်ပေါ်မှ ကျလာသော ရေပေါက်တို့ သည် မြစ်ဖြစ်သွားကြောင်း စသည်ဖြင့် အိပ်ရာဝင်ပုံပြင်အနေဖြင့် တစ်ယောက်တစ်မျိုး ပြောဆိုကြ၏။ ဗြဟ္မဏပူရာဏ်ကျမ်းတွင် ဗြဟ္မာကြီး၏သမီးဟုဖော်ပြပြီး နောက်ပိုင်းတွင် ထိုသမီး ကိုပင် ဗြဟ္မာကြီးက ပြန်လည်သိမ်းပိုက်လိုက်ကြောင်းဖော်ပြထားလေ၏။ ပဒ်မပူရဏ်ကျမ်းအရဆိုရသော ဆရဆ်ဝတီသည် ဒက္ခဆိုသူ၏ဇနီး ဟူ၍လည်းကောင်းရေးသားထား၏။ထို့ကြောင့် ဆရဆ၀တီ သည် သမီးအဖြစ်မှ ဇနီးအဖြစ်သို့ တဖန်သိကြားဇနီး ဒက္ခမယားစသည်ဖြင့် တကယ်မရှိသ ည့်နတ်သမီးခမြာ ဘ၀မျိုးစုံကျင်လည်သွားရရှာလေ၏။ ၄င်းဆရဆ်ဝတီ ခေါ်သူရဿတီနတ်သမီးသည် အိန္ဒိယတိုင်းသားတို့နှင့်အ တူ မြန်မာပြ ည်သို့ ရောက်ရှိလာပြီး၊ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် မြန်မာပြည်၌ကား ဆရဆ်ဝ တီသည် ဟိန္ဒူတို့၏ ဗေဒင်သုံးပုံစောင့်ဆိုလျှင်ဗုဒ္ဓဘာသာဝင်များလ က်မခံနိုင်ကြောင်းသိသဖြင့် ဗေဒင်အစား ပိဋ ကတ်သုံးပုံကို ဆရဆ်ဝတီလက်တွ င်းသို့ ထည့်ပေးလိုက်ကြ၍ ဗေဒင်စောင့်ဆရ ဆ်ဝတနတ်သမီး အဖြစ်မှသည် ပိဋကတ်သုံးပုံေ စာင့် သူရဿတီနတ်သမီးအဖြစ်သို့ရောက်ရှိသွားပြီး ပညာနွမ်းပါးဝေ ဘန်ဆန်းစစ်ဉာဏ်မွဲပြာကျနေသည့် ဗုဒ္ဓဘာသာဘာသာအမည်ခံလူတစုနှင့် ဓါတ်၊နတ်အယောင်ပြ လူ့ကလိမ်ဆရာတို့၏ ကောင်းမှုကြောင့် အိန္ဒိယတို့၏ စိတ်ကူးယဉ်ဇာတ်ကောင် ဆာရီခြုံကုလားမဘ ၀မှ ပတ်စပို့ ဗီဇာမလိုဘဲ ပြည်တွင်ဖြစ် ၃၇-မင်း နတ်စာရင်းဝင်သွားလေတော့၏။ သူရဿတီဂါထာဆိုသည်မှာလည်း ပါဠိနားလည်သည့် ဘုန်းကြီးလူထွက် ဓါတ်ဆရာတုများ၏လက်ချက်ပင်ဖြစ်သည်။ မည်သည့်ဘာသာစကာမဆို သဒ္ဒါနည်းနှင့် ဝေါဟာရသိထားပါက မိမိလိုချင်ရာဝါကျကိုရေးနိုင်၊ စီနိုင်သကဲ့သို့ ယခုလည်းထိုသို့ ရေးစီထားခြင်းသာဖြစ်၏။ ပါဠိပုဒ်မြင်တိုင်း ဘုရား ဟောဟု တထစ်ချမသတ်မှတ်ထားသင့်ပေ။ ပါဠိနားလည်တတ်ကျွမ်းပါက သမီးရည်းစားလည်းေ ရးလို့ရသလို အကြွေးတောင်းစားကိုလည်း ရေးလို့ရ၏။ ဒီလောက်ဆိုလျှင် ပိဋကတ်တော်တို့အား မည်သူများစောင့်ရှောက်နေကြသည်ကို ရှင်းလင်းစွားသိမြင်ကြမည်ဟု ထင်မြင်မိပါသည်။ ထိုအမှန်မရှိသည့် သူရဿတီကို အမှန်တကယ်အရှိ ထင်နေလျှင် မိစ္ဆာဒိဋ္ဌိဖြစ်မှန်းမသိဖြစ်သွား၍ ရတနာမြတ်သုံးပါးထက် ပို၍အားကိုးရာဖြစ်သည်ဟု မှတ်ထင်၍ ကိုးကွယ်ဆည်းကပ်ပါက သရဏဂုံပျက်၍ ဗုဒ္ဓဘာသာဟု အမည်ခံထားပါသော်လည်း ဗုဒ္ဓဘာသာဝင် စစ်စစ်မဖြစ်တော့ဘဲ အမည်ခံဗုဒ္ဓဘာသာသာဖြစ်သွားနိုင်သောကြောင့် ငွေလည်း ရှုံး၊အချိန်းလည်းကု န်၊ဘာသာလည်းမှုန်၍ ၊အပါယ်ဘေးမကျရလေအောင်၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၀ိဘဇ္ဇ၀ါဒီများပီပီ အရာရာကို “သဒ္ဓါနောက်တွင် ပညာယှဉ်၍ “ဝေဘန်ဆန်းဆစ်လေ့လာနိုင်ကြဘို့ အထူးအရေးကြီးလှပါသည်။ (၀ိဘဇ္ဇဉာဏ်ရောင်၊ ထွန်းလင်းပြောင်၍၊ အမှားအမှန်း၊ခွဲဝေဘန်နိုင်ကြပါစေ) ဓမ္မ၀ီရ အရှင်တေဇနိယ ဗုဒ္ဓဂယာ၊အိန္ဒိယ Website; www.ashintejaniya.com
လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက် (၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်တတ်ယ် ၊၊ (၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနဲသွားတယ် ) (၃) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊ (၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲ ရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့အများ တော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊ (၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုစားတိုင်း ) သူ့ကို အရင်ကထက်ပိုပြီး သတိရသွားတတ်တယ် ၊၊ (၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် ၊၊ (၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့ အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက် သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် ၊၊ (၈) သူနဲ့ မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်း တွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် ၊၊ (၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာ ကိုပဲ မြင်ချင်တယ် ၊၊ (၁၀) သူ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့ အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလိုညွတ် သွားတယ် ၊ ကြာကြာစိတ်မဆိုးနိုင်ဘူး ၊။ (၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံတာ မြင်ရင် သူ့ကို သ၀န်တိုလာတယ် ၊၊ (၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ် ၊၊ (၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ်၊၊ * အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ် ချစ်မိ သွားပြီ * MC Zin Jay Shin(နှလုံးသားစာပေ)
ပီကင်းဘဲကင် လုပ်နည်း (Peking Duck) ------------------------------------------------- ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ ပီကင်းဘဲကင်လုပ်စားကြမယ် ဆိုင်မှာ ဈေးကြီးပေးပြီး ၀ယ်စားရတာထက် ကိုယ့်ဘာသာလုပ်စားကြည့်တော့ လုပ်တတ်တာပေါ့။။။ ပါဝင်ပစ္စည်းတွေကတော့ ဘဲသား(ခေါင်းမပါ ၊ ကလီစာမပါ)၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ သံပုရာသီး၊ ဆန်အရက်၊ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်၊ ဆားအနည်းငယ်တို့လိုအပ်ပါတယ်။ သစ်ကြံပိုးခေါက်နဲ့ နာနတ်ပွင့် မသုံးချင်ရင် တရုတ်မဆလာနဲ့ လည်း လုပ်လို့ရပါတယ်။ကြိုက်တဲ့ ပုံစံသုံးပါ။ ပထမဦးဆုံး သံပုရာသီးကို အစေ့မပါစေဘဲ ပါးပါးလှီးထားပါ။ ပြီးတာနဲ့ အိုးထဲကို ရေ ၀.၅ လီတာ၊ ပျားရည်စားပွဲတင်ဇွန်း(၃)ဇွန်း၊ ပဲငံပြာရည်စားပွဲတင်ဇွန်း(၃)ဇွန်း၊ ဆန်အရက်စားပွဲတင်ဇွန်း(၅)ဇွန်း၊ သစ်ကြံပိုးခေါက်တစ်ခု၊သံပုရာသီးပါးပါးလှီးထားတာ ထည့်၊ နာနတ်ပွင့် အနည်းငယ် ဆားအနည်းငယ် ထည့်ပြီး ဆူလာတဲ့ အထိတည်ပါ။ ပြီးရင် အအေးခံထားပါ။ ပြီးတာနဲ့ အကင်လုပ်မယ့်ဘဲကို ယူပြီး အမွှေးနုလေးတွေပြောင်အောင် သန့်ရှင်းအောင်လုပ်ပါ။ အိုးကြီး တစ်အိုးထဲကို ရေထည့်ပြီး တည်ပါ။ ရေနွေးဆူလာတာနဲ့ ခုနက သန့်ရှင်းထားတဲ့ ဘဲကို မြုပ်တဲ့အထိ ထည့်ပြီး ဘဲအကောင်ရဲ့ အရေခွံ အရောင်ပြောင်းလာတဲ့ အထိ ရေနွေးဖျောပေးပါ။ ပြီးတာနဲ့ ချက်ချင်းဆယ်ပြီး ရေခြောက်အောင် အ၀တ်သန့်သန့်နဲ့ သုတ်ပေးပါ။ ရေခြောက်ပြီး ရေစစ်သွားပြီးဆိုရင် ခုနက လုပ်ထားတဲ့ ဆော့စ်အရည်ကို ဘဲသားရဲ့ အတွင်းရော အပြင်ရော နှံ့နေအောင် သုတ်ပေးပါ။ ပြီးရင် ဘဲသားကို ဘာနဲ့မှ မဖုံးမအုပ်ပဲ ရေခဲသေတ္တာထဲမှာဖြစ်ဖြစ် ယင်မနားတဲ့ နေရာမှာပဲဖြစ်ဖြစ် ဆော့စ် အသားထဲဝင်ပြီး အရသာရှိအောင် အရည်ခြောက်သွားပြီး အရောင်လှအောင် (၄)နာရီကနေ(၅)နာရီကြာ အခြောက်ခံထားပါ။ ပြီးရင် အကင်စက်ရှိတယ်ဆိုရင်တော့ (၄၅)မိနစ်လောက် ဘဲသားအရောင် နီညိုရောင် ဖြစ်လာတဲ့ ကင်ပေးပါ။ အကင်စက်မရှိရင်တော့ ခဲပတ်နဲ့ပတ်ပြီး မီးသွေးနဲ့ကင်လို့ရပါတယ်။ တစ်ချို့ကတော့ မိနစ်(၂၀)လောက် မကျက်တစ်ကျက်ကင်ပြီး ခုတ်ပိုင်းပြီး ဆီနဲ့ ပြန်ကြော်လေ့ရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်သလိုလုပ်စားကြည့်ပါ။ ************ ဘဲကင်ကို မီးသွေးနဲ့ ကင်တဲ့နည်းလေး နည်းနည်းပြောပြချင်ပါတယ်။ ကျိုင်းတုံမှာတွေ့လာရတာလေးကို အကိုက ပြောပြလို့ပါ။ တစ်တောင်ကျော်ကျော် စည်ပိုင်းပြတ်တစ်ခုလိုပါတယ်။ စည်ပိုင်းပြတ်ရဲ့ အတွင်းဘေးပတ်လည်ကို မီးကျည်းခဲ မီးသွေးခဲတွေ ထည့်ပေးရမှာပါ။ ဘဲကို အပေါ်ကနေ တွဲလောင်းချိတ်ပေးပြီး လှည့်လှည့်ပေးရပါမယ်။ ပြီးရင် လုပ်ထားတဲ့ ဆော့စ်အရည်လေးသုတ်သုတ်ပေးပြီး ပတ်ပတ်လည်နှံ့အောင်ကင်ပေးရပါမယ်။ Thank u^^ Credit to ဆန်ဂို့ဟင်းလျာများ-Sango's Curries ---------- အစားအသောက်များနှင့်ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန်နှင့် ချက်နည်း၊ ပြုတ်နည်းမျိုးစုံတို့ကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။ www.facebook.com/pages/Excellent-Foods-Corner/1492951810938014
နည်းစနစ်ကျကျအတွေးအခေါ်'s status. 8:12pm. မိတ်ဆွေ အောင်မြင်ခြင်းသည် သင်၏လက်တကမ်းမှာရှိတယ်ဆိုတာ မမေ့သင့်ပါ... ဆိုရိုးစကားတစ်ခွန်းရှိတယ် “ လဲကျတဲ့အရေအတွက်ထက် ပြန်ထတဲ့အရေအတွက်က တစ်ကြိမ်ပိုခဲ့ရင် သင်အောင်မြင်ပြီ ” တဲ့ သင်ကြုံတွေ့နေရတာတွေကို အခက်အခဲလို့မမှတ်ယူပါနဲ့ သင့်ကို ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပေးနေတယ်လို့မှတ်ပါ သင့်ကို လူတွေက လိမ်ညာသွားတယ်လို့မမှတ်ယူပါနဲ့ လူတွေကို လွယ်လွယ်ကူကူမယုံကြည်မိအောင် သင်ပေးတယ်လို့မှတ်ပါ နောက်ဆုံး သင့်ကို ခလုတ်တိုက်လဲကျစေခဲ့သူကို ကျေးဇူးတင်လိုက်ပါတဲ့ အဲဒီလူတွေကြောင့် ပြန်လည်ထရပ်ဖို့ သင့်မှာ ခွန်အားတွေ ရှိသွားခဲ့လို့ပါ ။ သက်တန့်ချို ကိုမျိုး

Monday, June 9, 2014

ဘုရားဂုဏ်တော်ပွားနည်း” ★★★★★★★★★★★★ ဘုရားဂုဏ်တော်လေးတွေနဲ့ စိတ်ရဲ့ ငြိမ်းအေးမှု ကိုယ်ရဲ့ ငြိမ်းအေးမှုလေးတွေ ရအောင် ယူလိုက်ပါ။ စိတ်တွေ အရမ်းနောက်နေရင် ဘုရားရှေ့မှာ ထိုင်၊ ဘုရားမျက်နှာတော်ကို ဖူးပြီး ဂုဏ်တော်လေးတွေနဲ့ မှန်းဆပူဇော်လိုက်ပါ။ ဘုရားရှင်ရဲ့ အငြိမ်းဓာတ်လေးတွေ ကူးစက်ထိတွေ့ ခံစားမိလာပါလိမ့်မယ်။ စိတ်ညစ်ရင် ဘယ်လိုလုပ်ရမလဲလို့ မေးလာလို့ ဖြေပေးရင်း ဒီနေ့ စာလေးတွေရေးဖြစ်၊ ပြောသင့်တာလေးတွေလဲ ပြောဖြစ်သွားတယ်။ ဘုရားဂုဏ်တော်လေးတွေ ပွားတတ်ဖို့ ပြောပေးမယ်။ ★ အရဟံ- အထူးအပူဇော်ခံထိုက်တဲ့ ဘုရားရှင်၊ အရ ဟံ- ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်၊ အ ရဟံ- ဆိတ်ကွယ်ရာမှာပင်ဖြစ်သော်လဲ မကောင်းမှုကို ပြုတော်မမူတဲ့ ဘုရားရှင်။ (ဒီလို သိလိုက်ရင် ကိလေသာကင်းနေတာနဲ့ ပူဇော်ထိုက်လှပါပြီ၊ ဒို့ ပုထုဇဉ်တွေဆိုတာ မမြင်ကွယ်ရာမှာ မကောင်းမှု လစ်ရင် လစ်သလိုပြုတတ်ကြတယ်၊ ဘုရားရှင်မှာတော့ ဘယ်နေရာမျိုးမှာမှ မကောင်းမှု ပြုလေ့မရှိတော့ဘူးဆိုတာ မှန်းဆကြည်ညိုလိုက်ပါ။) ★ သမ္မာသမဗုဒ္ဓေါ- သစ္စာတရားကို ကိုယ်တော်တိုင် သိတော်မူတဲ့ ဘုရားရှင်။ (သူများပြောပြ ဟောပြလို့ သိတာမဟုတ်ဘူး။ ကိုယ်တော်တိုင် အားထုတ်လို့ သိတော်မူတာဟာ ဘုရားရှင်ရဲ့ ထူးမြတ်တဲ့ ဂုဏ်တော်ပါပဲ။) ★ ၀ိဇ္ဇာစရဏသမ္ပန္နော- အသိတရား အကျင့်တရားနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။ (၀ိဇ္ဇာ(၃)ပါး စရဏတရား (၁၅)ပါးနဲ့ ပြည့်စုံတော်မူတယ်ဆိုတာ ကြည်ညိုလိုက်ပါ။) ★ သုဂတော- စကားကောင်းကိုသာ ဆိုတော်မူတတ်တဲ့ဘုရားရှင်။ (အပြစ်အနာအဆာ ကင်း၊ ထိခိုက်နစ်နာမှုကင်းတဲ့ တရားတော်တွေကိုသာ ဟောတော်မူတဲ့ဘုရားရှင်ကို ကြည်ညိုလိုက်ပါ။) ★ လောက၀ိဒူ- လောကအကြောင်း ကောင်းကောင်းသိတော်မူတဲ့ဘုရားရှင်။ (သတ္တလောကအကြောင်း သင်္ခါရလောကအကြောင်း သြကာသလောကအကြောင်းကို သိတော်မူတဲ့ဘုရားရှင်ကို ကြည်ညိုလိုက်ပါ။) ★ အနုတ္တရောပုရိသဒမ္မသာရထိ- မလိမ္မာမယဉ်ကျေးတဲ့သူတွေကို လိမ္မာရေးခြားရှိလာအောင် ဆုံးမတော်မူနိုင်တဲ့ဘုရားရှင်။ ★ သတ္ထာဒေ၀မနုဿာနံ- လူနတ်ဗြဟ္မာတို့ရဲ့ ဆရာတစ်ဆူဖြစ်တော်မူတဲ့ဘုရားရှင်။ ★ ဗုဒ္ဓေါ - သစ္စာလေးပါးကို သိတော်မူတဲ့ဘုရားရှင်။ ★ ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။ ဒီဂုဏ်တော်တွေဟာ ဘုရားရှင်မှာ ထူးခြားထင်ရှားတဲ့ဂုဏ်တော်တွေဖြစ်တဲ့အတွက် ဒီဂုဏ်တော်တွေနဲ့ ပူဇော်မယ်ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပူဇော်တာပါပဲ။ ဘုရားရှင်ဂုဏ်တော်တွေ ပူဇော်ရင်းနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတော်တွေကိုလဲ သိနားလည်လာပါလိမ့်မယ်။ ဒီတော့ ဘုရားရှင်ရဲ့ ဂုဏ်တွေ ကျေးဇူးတွေကို သိနားလည်လာလေ ပူဇော်ရတာ ကျေနပ်စရာ ကောင်းလေ၊ ပူဇော်လို့ မ၀နိုင်လေ ဖြစ်လာပါလိမ့်မယ်။ ဘုရားဆင်းတု စေတီ ပုထိုး ဓာတ်တော်စသည်ကို ပူဇော်တယ်ဆိုတာ ဒီဂုဏ်တော်တွေနဲ့ မှန်းဆပူဇော်ကြရတယ်။ ဘုရားရုပ်ပွားရှိခိုးကြတယ်ဆိုတာ ရုပ်ပွားက အမှတ်သင်္ကေတပါပဲ။ ဘုရားနဲ့ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ အဓိကမဟုတ်ပါဘူး။ ဒီရုပ်ပွားက တစ်ဆင့် ဂုဏ်တော်တွေ မှန်းဆလို့ ရှိခိုးကြရပါတယ်။ ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်ကြီးက ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောပနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား လို့ ရေးစပ်တော်မူခဲ့တာပေါ့။ ဘုရားဂုဏ်တော်လေးတွေနဲ့ စိတ်ရဲ့ ငြိမ်းအေးမှု ကိုယ်ရဲ့ ငြိမ်းအေးမှုလေးတွေ ရအောင် ယူလိုက်ပါ။ စိတ်တွေ အရမ်းနောက်နေရင် ဘုရားရှေ့မှာ ထိုင်၊ ဘုရားမျက်နှာတော်ကို ဖူးပြီး ဂုဏ်တော်လေးတွေနဲ့ မှန်းဆပူဇော်လိုက်ပါ။ ဘုရားရှင်ရဲ့ အငြိမ်းဓာတ်လေးတွေ ကူးစက်ထိတွေ့ ခံစားမိလာပါလိမ့်မယ်။ စိတ်ညစ်ရင် ဘယ်လိုလုပ်ရမလဲလို့ မေးလာလို့ ဖြေပေးရင်း ဒီနေ့ စာလေးတွေရေးဖြစ်၊ ပြောသင့်တာလေးတွေလဲ ပြောဖြစ်သွားတယ်။ ဓမ္မဒါနကုသိုလ်ပေါ့။ (ဒေါက်တာအရှင်ပါရမီ)

Saturday, June 7, 2014

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့် ============================ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။ ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ► ဆီးမကြာခဏ သွားခြင်း (Urinate more often) ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။ ► ရေဓာတ်ဆုံးရှုံးခြင်း (Dehydration) ကဖင်းက ရေဓာတ်ဆုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသာ နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။ ► ဆီးမသန့်ခြင်း (Urinary incontinence) တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။ ► ကျောက်တည်ခြင်း (Kidney stones) ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျော်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။ ► ကျောက်ကပ် ရောဂါ (Kidney disease) polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။ Ref: medic-facts Credit - အောင်ခမ်း (ရိုးရာလေး

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး 1. Latt acid ဆိုတဲ့ဆပ်ပြာနဲ့ဆေးပြီးရင်ဖြစ်လာတာများပါတယ် ဆရာ။ ဒီဆပ်ပြာမသုံးသင့်ဘူးထင်တယ်နော်။ 2. အမျိုးသမီးတွေ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပက်သက်ပြီး တင်ပါဦးဆရာ။ ကျေးလတ်နေ မြန်မာအမျိုးသမီးတွေ အဒီဘက်မှာ အားနည်းသလားလို့။ ဒီစာကို ဖေ့စ်ဘွတ်မှာတင်ရလို့ တောင်းပန်ပါတယ်။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာတွေထဲမှာ ရေးထားပါတယ်။ ထုတ်နုတ်ပြီး စာလေးတပုဒ် လုပ်ပါအုံးမယ်။ အပေါ်ယံသန့်ရှင်းရေးမဟုတ်ဘဲ အတွင်းပိုင်းနေရာ သန့်ရှင်းရေးကိုသာ ရေးပါရစေ။ တကိုယ်ရေ သန့်ရှင်းရေး လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေ ရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင် ဆေးတွေနဲ့လုပ်ရင် အကောင်းတွေရော သေစေပြီး မှိုပိုးဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေသန့်ဆိုရင် လုံလောက်ပါတယ်။ မွှေးတိုင်း မကောင်းပါ။ ဈေးကြီးတိုင်း မကောင်းပါ။ အတွင်းခံ (ကော်တွန်) သာသုံပါ။ ဖုံးကွယ်ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေး စိုထိုင်းနေတာ ကြာရင် မကောင်းပါ။ ရေဆေးပြီး ရေကိုခြောက်သွေ့စေပါ။ လေသလပ်တာ ဖြစ်နိုင်သလောက် လုပ်ပေးပါ။” အမျိုးသမီးတွေ အဖြူဆင်းရင် ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ အဖြူဆင်းပြီး၊ ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့မဆိုင်ဘဲဖြစ်တတ်တယ်။ (ထရွိုင်ကိုမိုးနပ်စ်) အမျိုးအစားကတော့ လိင်ကတဆင့်ကူးစက်တယ်။ အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေး လုပ်ရင် ဆပ်ပြာက (အယ်လ်ကာလီ) ဓါတ်ပါတာမျိုး မသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည် မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေးအခြေအနေကို ဖန်းဂတ်တွေက ကြိုက်တယ်။ ကူးစက်ရောဂါ မဟုတ်တာတွေ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်နိုင်တယ်။ မွေးလမ်း သန့်ရှင်းအောင် သုံးတဲ့ ဗဂျိုင်းနားကို ဖြန်းဆေး-ပန်းဆေးနဲ့ သုတ်ပိုးသေဆး တွေကြောင့် ဖြစ်တတ်တယ်။ တချို့ အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့ အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန် မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။ ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ (ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင် ဗနီဂါနဲ့ ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။ မွေးလမ်းကြောင်းရောင်တာ သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။ မွေးလမ်းကြောင်းယားတာ အပျိုစင်တွေအတွက် အားနာရတယ်။ သူတို့လဲဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာ ဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ မစိုးရိမ်ပါနဲ့၊ ရှားလွန်းပါတယ်။ အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။ ဗဂျိုင်းနား အနံ့ဆိုးနေတာဖြစ်နေရင် ဘာလုပ်ရမလဲ - • အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲ ရှိလာနိုင်တယ်။ • တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစားရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးတာမျိုးကြောင့် မှို (ဖန်းဂတ်စ်) ပိုး ဝင်လာနိုင်တယ်။ • (ဗဂျိုင်းနား-ဖလိုရာ) ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ မိုက်ခရိုဖီးလစ် ဗက်တီးရီးယားတွေ အများကြီး ရှိတယ်။ (လက်တိုဗက်ဆီးလိုင်) ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။ • အလွန်အကျွံဆေးကြောခြင်း၊ ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေသုံးရာကနေ ဗဂျိုင်းနားရောင်တာနဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။ • ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ အတူနေတာမှာ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး ဆက်ဆံတာ၊ • အိမ်ထောင်သည်တွေဟာ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနာထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။ • မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။ မိန်းမကိုယ် ယားခြင်း ဖြစ်ရင် - • Moisturisers (Emollients) ဆေးကို ခရင်၊ လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။ • ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။ • (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။ • အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။ • နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။ • ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။ • ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။ • ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။ • ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။ • ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။ • (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။ • ဆီးစပ်မွှေး မရိတ်ပါနဲ့။ • စိတ်ဖိအား များနေရင် လျှော့ချပါ။ • သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။ • ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။ ဒေါက်တာတင်ဆွေ

စိတ်အားထက်သန်ပါစေ

စိတ်အားထက်သန်ပါစေ ------------------------------- လုပ်ချင်တာတွေ လုပ်ခွင့်မရဘူးဆိုတာဟာ ဆင်ခြေသက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ အမှန်တကယ် အလုပ်လုပ်ချင်သူအတွက် အလုပ်ဆိုတာ နေရာတိုင်းမှာ ရှိတယ်။ အလုပ်ကို ရှာဖွေမှုမရှိဘဲနဲ့ တော့ အလုပ်က အရှေ့ ကို ရောက်မလာပါဘူး။ လူတစ်ယောက် အလုပ်တစ်ခု မရှိတာဟာ ကိုယ့်အပါအ၀င်၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် အားလုံးနစ်နာပါတယ်။ အလုပ်လုပ်တဲ့သူအတွက် အလုပ်ရှိတဲ့အချိန်တိုင်းဟာ အလုပ်ချိန်ပဲ ဖြစ်တယ်။ အလုပ်ခွင်ထဲမှာမှ မဟုတ်ဘူး၊ ကိုယ့်မိသားစုကို ပေးထားတဲ့ အချိန်ဟာလည်း လူတစ်ယောက် မဖြစ်မနေ လုပ်ရမယ့် အလုပ်ချိန်တစ်မျိုးပါဘဲ။ အခြားအလုပ်တွေကို နားထားလို့  ရပေမယ့် မိသားစုကို အချိန်တိုင်းရင်ထဲထည့်ထားဖို့  လိုပါတယ်။ မည်သူတစ်ဦးတစ်ယောက်မဆို တစ်နေ့ တာအလုပ်ချိန်အတွင်းမှာ မိသားစုအတွက်ဆိုပြီး အချိန်ဇယားတော့ ထည့်စွဲထားရ မယ်။ အများကြီးမဟုတ်တောင် မိသားစု ကြည်နူးစေမယ့် စကားမျိုးလေး ပြောဖို့ အချိန်ဖြစ်ဖြစ်ပေါ့။ စကားပြောတဲ့အခါလည်း ရင်ထဲကပါအောင် ပြောပေးပါ။ မိသားစု နွေးထွေးမှုနဲ့ ကင်းကွာတဲ့သူတွေဟာ ငွေကြေးတွေ ဘယ်လောက်ချမ်းသာချမ်းသာ၊ အောင်မြင်မှုတွေ ဘယ်လောက် ရရ ပျော်ရွှင်မှုကတော့ ငတ်မွတ်နေမှာပဲ။ မိသားစုအပေါ် တာဝန်တစ်ခုအနေနဲ့ ထားပြီး စောင့်ရှောက်ခြင်းက မင်္ဂလာတစ်ပါးပါ။ ဘယ်အလုပ်ကိုပဲ လုပ်လုပ် သူတပါးအတွက် ငါလုပ်ပေးနေခြင်းပဲလို့  စိတ်နှလုံးကောင်းထားပြီးလုပ်တဲ့သူဟာ တိုးတက်တာပဲ။ မိသားစုကို ထောက်ပံ့ပြုစုပြီး အလုပ် လုပ်နေသူဟာ ကျရှုံးတာ သိပ်နည်းတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို အကျိုးပြုချင်စိတ် လည်း ထိုသူတွေမှာ အပြည့်ရှိတယ်။ ဒါကြောင့် ထိုသူမျိုးတွေမှာ အလုပ် လုပ်လိုစိတ်ပြင်းထန်တဲ့အတွက် ဘယ်တော့မှ အလုပ် ဆိုတာလည်း မရှားပါဘူး။ စိတ်အားသာ ထက်သန်ပါစေ၊ ဘ၀မှာ တိုးတက်ဖို့  သိပ်မကြာပါဘူး။ True Man K.K(ကနောင်)

ဓနဥပဒေသ ငါးရပ်

ဓနဥပဒေသ ငါးရပ် ၁။ဓနဥစ္စာ ဟူသည် မိမိရရှိသော ၀င်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိ နှင်.မိမိ မိသားစုအတွက် ချန်လှပ်သိမ်းဆည်း တတ်သူထံသို.သာ ၀မ်းမြောက်ပျူဌာစွာ ရောက်ရှိလာတတ်စမြဲ ဖြစ်သည်။ ၂။ဓနဥစ္စာ ဟူသည် ယင်းအားအကျိုးဖြစ်အောင် ခိုင်းစေ တတ်သော သူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးတတ်စမြဲဖြစ်၍ထိုသူ၏ လက်မှာ သိုးအုပ် နွားအုပ်သဖွယ် များပြားလာတတ်သော သဘောရှိပေသည်။ ၃။ဓနဥစ္စာ ဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြုပ်နှံမှုပြုသူ ၊ကျွမ်းကျင်လိမ္မာ သူတို.၏ အကြံဥာဏ်ကို ရယူလုပ်ကိုင် သူများထံသို.သာတွယ်ကပ် ခိုလှုံကြသည်။ ၄။ဓနဥစ္စာ ဟူသည် မိမိလည်းမကျွမ်းကျင် ၊ကျွမ်းကျင်သူတို.လည်းအားမပေးသော အလုပ် များတွင် ရင်းနှီးမြုပ်နှံ မှုပြုသူများထံမှ လျောကျပျောက်ကွယ် သွားတတ်စ မြဲဖြစ်သည်။ ၅။ဓနဥစ္စာ ဟူသည် ယင်းမှ လွန်ကဲသော အမြတ်အစွန်းကို မျော်လင်.သူများ ၊လူလိမ်များ နှင်. မဆင်မခြင် ရင်းနှီး မြုပ် နှံ မှု ပြုသူများမှရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်။

ကားမ၀ယ်ခင် စစ်ဆေးသင့်သည့် အချက် (၅)ချက်

ကားမ၀ယ်ခင် စစ်ဆေးသင့်သည့် အချက် (၅)ချက် ……………………………………………………………. ကြိုက်တဲ့ကားတွေ့လို့ သွားဝယ်တော့မယ်ဆိုရင် သတိပြုစစ်ဆေးသင့်တဲ့ အချက်(၅)ချက်ကို ဖော်ပြပေးချင်ပါတယ်။ (၁) ကားအောက်ပိုင်း ………………………. ကားတစ်စီးကို ကြည့်လိုက်လို့ အပေါ်ယံအနာအဆာတွေဆိုတာက ဖုံးကွယ်လို့ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ကားရဲ့အောက်ပိုင်းကို သေချာ စစ်ဆေးခြင်းအားဖြင့် ကားတစ်စီးရဲ့ အခြေအနေကို အကြမ်းဖျင်း လေ့လာသုံးသပ်နိုင်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ဆိုရင် ကားအောက်ပိုင်းကို စစ်ဆေးပေးခြင်းအားဖြင့် ကားအောက်ပိုင်း ထိခိုက်မှုနဲ့အခြား အနာအဆာတွေပါ သိမြင်နိုင်ပါတယ်။ (၂) ကားကြမ်းခင်း …………………….. ကားအတွင်းပိုင်းနဲ့ပတ်သက်ပြီး အခြားအရာတွေစစ်ဆေးပြီး မေ့ကျန် တတ်တာ ကတော့ ခြေနင်းအခင်းတွေအောက်ကိုစစ်ဆေးတာပါပဲ။ ခြေနင်း အခင်းတွေအောက်မှာ စိုစွတ်နေတာတို့ ကား ကိုယ်ထည် အောက်ပိုင်း ပေါက်နေတာမျိုးတွေက နောက်ပိုင်းဆိုးကျိုးတွေရှိလာ စေနိုင်တာမို့ သတိပြုစစ်ဆေးသင့်ပါတယ်။ (၃) ခြေနင်းတံ ……………..... ကားတစ်စီးရဲ့ သက်တမ်းရင့်မှုက မော်ဒယ်၊ အသုံးပြုထားတဲ့မိုင်တွေနဲ့ တင်ဆုံးဖြတ်နိုင်တာမဟုတ်ပါဘူး။ ကားဂီယာ၊လီဘာ၊ ဘရိတ် ခြေနင်းတံတွေကိုစစ်ဆေးခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ ဒါကြောင့် အတွင်းပိုင်းကိုစစ်ဆေးမယ်ဆိုရင် ကားထိုင်ခုံနဲ့တခြားအရာတွေတင်မက ခြေနင်းတံတွေကိုပါ စစ်ဆေးပေးသင့်ပါတယ်။ (၄) အင်ဂျင် ……………… အင်ဂျင်ပိုင်းစစ်ဆေးမှုအတွက်က ကားကို စမ်းမောင်းကြည့်ရုံက မလုံလောက်ပါဘူး။ သေချာဖို့အတွက်ကတော့ Mechanic တစ်ယောက်ခေါ်ပြီး စစ်ဆေးတာ အကောင်းဆုံးပါပဲ။ (၅) စာရွက်စာတမ်း ………………………. စာရွက်စာတမ်း ဆိုတာကတော့ စစ်ဆေးဖို့လိုတယ်ဆိုတာပြောဖို့တောင် မလိုပါဘူး။ ဒါပေမယ့် တချို့ကျတော့ ကားရောင်းချသူရဲ့ ဖိအားပေးမှုကို သိပ်မခံနိုင်ပါဘူး။ လိုအပ်တဲ့သေချာစစ်ဆေးမှုတွေကို မလုပ်တော့ဘဲ အမှားအယွင်းတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိဝယ်ယူမယ့် ကားနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အားလုံးကိုစစ်ဆေးသင့်ပါတယ်။ Motor
ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင် (အားလုံးသိခွင့်ရအောင် ရှယ်ပေးပါ) ======================================== ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။ ◘◘နည်းလမ်း(၁)◘◘ ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ် ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။ အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။ User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။ Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။ ◘◘နည်းလမ်း(၂)◘◘ ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။ ◘◘နည်းလမ်း(၃)◘◘ ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ် လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။ ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။ မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။ သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင် ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။ ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု) https://www.facebook.com/myanmarinternetnews1

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက် - ၂၀

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက် - ၂၀ ၁. စွန့်စားလိုစိတ် မရှိခြင်း။ (Unwillingness to take risks) ၂. ဇွဲမရှိခြင်း။ (Lack of persistence) ၃. ကျေနပ် လွယ်ခြင်း။ (Instant gratification) ၄. ဦးစားပေးလုပ်ဆောင်မှု မရှိခြင်း။ (Lack of priorities) ၅. ဖြတ်လမ်းကို ရှာခြင်း ။(Looking for shortcuts) ၆. အတ္တ၊ လောဘ များခြင်း။ (Selfshness and greed) ၇. ခိုင်မာတဲ့ ယုံကြည်ချက် မရှိခြင်း။ (Lack of conviction) ၈. သဘာဝနိယာမကို ကောင်းကောင်းနားမလည်ခြင်း။ (Lack of understanding of nature's laws) ၉. ကြိုတင်စီစဉ်ပြီး ပြင်ဆင်ဖို့ ဆန္ဒမရှိခြင်း။ (Unwillingness to plan and prepare) ၁၀. ရှာကြံအကြောင်းပြတတ်ခြင်း။ (Rationalizing) ၁၁. အမှားကို သင်ခန်းစာ မယူခြင်း။ (Not learning from past mistakes) ၁၂. အခွင့်အရေးကို မြင်အောင် မကြည့်နိုင်ခြင်း။ (Inability to recognize opportunity) ၁၃. အကြောက်ကြီးခြင်း။ (Fear) ၁၄. ပင်ကိုယ်စွမ်းရည်ကို အသုံးမချတတ်ခြင်း ။(Inability to use talents) ၁၅. စည်းကမ်းလိုက်နာမှု မရှိခြင်း။ (Lack of discipline) ၁၆. မိမိကိုယ်ကို တန်ဘိုးမထားခြင်း။ (Lack of self-esteem) ၁၇. အသိပညာ ဗဟုသုတ ချို့တဲ့ခြင်း။ (Lack of knowledge) ၁၈. ကံကိုယုံကြည်တဲ့ သဘောထားရှိခြင်း။ (Fatalistic attitudes) ၁၉. ရည်ရွယ်ချက် မခိုင်မာခြင်း။ (Lack of purpose) ၂၀. သတ္တိနည်းခြင်း။ (Lack of courage) သူငယ်ချင်းတို့ရေ……… ဒီအချက် ၂၀-ဟာ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ အခန်း(၂) Success; Winning stragegies ထဲက ထုတ်နှုတ် ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချက်ကလေးတွေကို လိုက်နာရှောင်ကြဉ်မယ်ဆိုရင် ဘဝအောင်မြင်ရေးအတွက် အလွန်တန်ဖိုးကြီးတဲ့ အချက်တွေဖြစ်တာမို့ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ………… လင်းမြတ်(ပန်းတောင်း) https://www.facebook.com/myanmarinternetnews1

အစာအိမ်နာနှင့် စိတ်ဖိစီးမှု

အစာအိမ်နာနှင့် စိတ်ဖိစီးမှု စိတ်ဖိစီးမှုဟာ ရောဂါအတော်များများကို ဖြစ်စေတယ်လို့ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက ယူဆခဲ့ကြပါတယ်။ San Francisco မှာရှိတဲ့ California တက္ကသိုလ် အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာ ဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ mathy က စိတ်ဖိစီးမှုဟာ ကျန်းမာရေးစနစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်ပေမယ့် အစာအိမ်နာဖြစ်စေဖို့ ဒါမှမဟုတ် ပျောက်ကင်းစေဖို့ကိုတော့ သိပ်မစွမ်းဆောင်နိုင်လှပါဘူးလို့ ဆိုပါတယ်။ အစာအိမ်နာနှင့် အပူအစပ်စာ`အပူအစပ်တွေစားပြီးတဲ့အခါ ရင်ပူ၊ ရင်ခေါင်းအောင့်တတ်တဲ့ အတွေ့အကြုံတွေ ရှိပေမယ့်လည်း spice ကို capsaicin ဆိုတဲ့ငရုတ်ကောင်းတမျိုးမှရတဲ့ ဓါတ်တမျိုးမှတဆင့် ထုတ်လုပ်ထားတာဖြစ်ပြီး အဲဒီငရုတ်ကောင်းဟာ အစာအိမ်နာကိုမဖြစ် စေပါဘူး။ ဒေါက်တာ Mathy ကတော့ တချို့သောအစားအစာတွေဟာ အစာအိမ်နာမဖြစ်စေပေမယ့် အစာအိမ်နာရှိနေတဲ့သူကို ဝေဒနာပိုဆိုးအောင်စွမ်းဆောင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ capsaicin ပါဝင်မှုနည်းတဲ့ တရုတ် အစားအစာကို စားသုံး သူတွေမှာ အိန္တိယ၊ မလေးအစားအစာ စတဲ့ အပူအစပ်စာ စားတဲ့သူတွေထက် အစာအိမ်နာဖြစ်ပွားမှုသုံးဆ ပိုတာကို တွေ့ရတာပါဘဲ။ သုတေသီတွေကတော့ capsaicin ဟာ အစာအိမ်မှာရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပြီး အစာအိမ်နာကို ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းများ ထုတ်ပေးတယ်လို့ယူဆကြပါတယ်။ အဲဒီလိုပါပဲ capsaicin အစာအိမ်မှာရှိတဲ့ အက်ဆစ် ပမာဏကို ပြောင်းလဲစေပြီး အစာအိမ်နာကို ဖြစ်စေတဲ့ Helicobacter pylori ကိုသေစေတယ်လို့လည်း ယူဆကြပြန်ပါတယ်။ အစာအိမ်နာနှင့် နွားနို့သောက်သုံးမှု အပူအစပ်တွေဟာ အစာအိမ်နာဖြစ်တယ်လို့ လူအတော်များများ ယုံကြည်ကြသလိုပဲ နွားနို့သောက်ခြင်းဟာလည်း အစာအိမ်နာကို ပျောက်ကင်းစေတယ်လို့ ယူဆတာတွေရှိပါတယ်။ အခုနောက်ဆုံး အယူအဆကတော့ နွားနို့ဟာ အစာအိမ်နာကို ပျောက်ကင်းစေတာ မဟုတ်ပဲ သက်သာရုံသက်သာ စေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဒေါက်တာ Mathy က နွားနို့သောက်သုံးခြင်းဟာ အစာအိမ်ကို တံတိုင်းတစ်ခုလို အလွှာတစ်ထပ်နဲ့ ကာရံပေးပေမယ့်လည်း အစာအိမ်နာကို ပျောက်ကင်းအောင်တော့ မစွမ်းဆောင်နိုင်ပါဘူးလို့ ဆိုထားပါတယ်။ အဲဒီအပြင် Los Angeles, California တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Weinstein က လည်း လူဦးရေရဲ့ ၆၅%ဟာ lactose နဲ့ မတည့်တတ်ကြပြီး အဲဒီလိုဓါတ်မတည့်ခြင်းဟာ အသက်ရလာတာနဲ့အမျှ များလာတယ်လို့ဆိုပါတယ်။ ဒါကြောင့် အစာအိမ်နာကို ပျောက်ကင်းအောင် နွားနို့သက်သက်ချည်း သောက်သုံးတာဟာ သင့်လျှော်တဲ့နည်းလမ်း မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ အစာအိမ်နာနှင့် အကျိုးပြုဘက်တီးရီးယား ဒေါက်တာ Mathy ရဲ့ ရှင်းလင်းချက်အရ ခန္ဓာကိုယ်တွင်းရှိ အချို့သော အကျိုးပြုဘက်တီးရီးယားများဟာ လေထခြင်း၊ လေပွခြင်းတို့ကို သက်သာစေတယ်ဆိုပါတယ်။ ဒါပေမယ့် အဲဒီဘက်တီးရီးယားတွေဟာ အစာအိမ်နာကို ပျောက်ကင်းစေဖို့အထိတော့ ကြာရှည်မနေနိုင်ကြဘူးလို့ ဆိုပါတယ်။ အစာအိမ်နာနှင့် အရက်၊ အစာအိမ်နာနှင့် caffeine ဓါတ် အရက်သေစာကို အလွန်အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါတယ်။ Caffeine ဓါတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓါတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြသနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။ အစာအိမ်နာနှင့် ဆေးလိပ် ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှုဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှုကို ပြောင်းလဲစေပြီး အစာအိမ်ယောင်ယမ်းမှုကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို့ကိုလည်း ဖြစ်စေပြီး အနာကျက်မှုကိုလည်းနှောင့်နှေးစေပါတယ်။ အစာအိမ်ရောဂါကိုပေါ့သေးသေးလိုမမှတ်စေချင်ပါဘူး။ငယ်ငယ်ထဲကဖြစ်နေတာ။ဖြစ်နေပြီကြာပေါ့။ဒီလိုဘဲဆေးလေးဘာလေးသောက်လိုက်တာဘဲ...။စသဖြင့်ပေါ့ပေါ့နေတာဟာ...အစာအိမ်သွေးကြောပေါက်ခြင်း၊အစာအိမ်နာဖြစ်ခြင်း၊အစာအိမ်ကင်ဆာဖြစ်ခြင်းတွေကို....ဖြစ်စေဖိုအကြောင်းရင်းတွေပဲဆိုတာ....မိတ်ဆွေတို့သတိပြုစေချင်ပါတယ်။ K.K(ကနောင်)

နှစ်ပေါင်းများစွာ နွံထဲနစ်နေတဲ့ ဒီနို်င်ငံအိုကြီးလွတ်မြောက်ဖို့

မနေ့လေဆိပ်ဆင်းတော့ နယူးယောက်မှာ တည်းတဲ့ ဟော်တယ်က သူဌေးကိုယ်တိုင် မောင်းပြီး လေဆိပ်လိုက်ပို့ပါတယ်၊၊ လိုက်ပို့တယ်ဆိုလို့ ခင်လို့မင်လို့ အပျော်လိုက်ပို့တာ မဟုတ်ပါဘူး… Taxi ခကိုပုံမှန် မီတာနဲ့သွားတဲ့နုန်းထားခထက် ၂၀% ပိုရလို့ သူကိုယ်တိုင် လိုက်ပြီး မောင်းပို့ တယ်ဆိုတာ လေဆိပ်ရောက်မှ သိရပါတယ်….. ရောက်ဖူးသမျှနိုင်ငံတွေတော်တော်များများမှာ မြန်မာသူဌေးတွေပိုင်တဲ့ ဟော်တယ်၊ ဆိုင်ကြီးတွေဆိုတာ ရှားတယ်လို့ပြောလို့ရမယ်ထင်ပါတယ်… မရှိဘူးလို့ဆိုလိုချင် တာမဟုတ်ပါ၊၊ အောက်ခြေဘဝကစ ကိုဒူးကိုယ်ချွန်ပြီး နိုင်ငံခြားမှာ လုပ်ငန်းရှင် ဘဝအထိရပ်တည်နိုင်တဲ့ အထဲမှာ ကမ္ဘာတစ်ဝှမ်း တရုပ်လူမျိုးတွေ ချီးကျူးစရာ ကောင်းပါတယ်.. သူတို့ဆီက အတုယူစရာတွေ ရှိနိုင်ပါတယ်….. အဲဒီဟော်တယ်သာ မြန်မာပိုင်ဆိုရင်တောင် မြန်မာသူဌေးဆိုတာမျိုးက ဒါလောက်အထိ ဒုက္ခခံစီးပွားရှာပါ့မလားလို့တွေးမိပါသေးတယ်… .. ကျွန်တော်တို့တွေက မြန်မာ ကြည့်ကြည့် နေကြချိန်မှာ သူတို့တွေကတော့ ကမ္ဘာကြည့် အစောကြီးထဲက ကြည့် နိုင်ကြပါတယ်… ဟိုအစောကြီးထဲက သူတို့ကမ္ဘာပတ်နေကြပါပြီ... တရုတ်ပြည် အလျင်အမြန်တိုးတက်တာ အဲဒီအချက်တွေလည်း ပါကောင်းပါနိုင်ပါလိမ့်မယ်… စင်္ကာပူ၊ အင်္ဂလန်၊ အမေရိကန် စတဲ့နိုင်ငံတော်တော် များများ မြန်မာတွေက ရရာ သူများအလုပ်အလုပ်ဖို့ ကြိုးစားနေကြချိန်မှာ… တရုတ်နွယ်ဖွားတွေက စတိုးဆိုင်တွေ.. ဟော်တယ်..မော်တယ် အသေးလေးတွေ.. အိန္ဒိယနွယ်ဖွားတွေကလည်း အထည် ဆိုင်တွေ.. ဆေးဆိုင်တွေ..နဲ့ ကိုယ်ပိုင်လုပ် ငန်းတွေအသီးသီးထူထောင် နိုင်ကြ ပါတယ်… တစ်ခါက ကြုံလို့ နိင်ငံခြားမှာအောင်မြင်နေတဲ့ သူတစ်ယောက်ကို မေးကြည့်တဲ့အခါ… မြန်မာတွေက ပန်တိုင်မရောက်သေးဘူး တက်မ ထောင်တဲ့သူနဲ့.. ဘာမှမယ်မယ်ရရ မလုပ်ရသေး ဘူး ဟင်းကောင်း စားကြတဲ့သူများတယ်လို့ သူ့အမြင်ကိုပြော ပါတယ်… နာဂစ်အပြီး အကုန်လုံး တက်တက်စင်အောင် ပြောင်သွားကြတာခြင်းအတူတူ ကျွန်တော်တို့ တွေက နိုင်ငံတကာအကူအညီတွေနဲ့ မှိန်းကောင်းနေကြတုန်း အဲဒီရွာတွေမှာ ရှိတဲ့ တရုတ်လူမျိုး တွေက အရင်ဦးဆုံးစီးပွားရေးပြန်လည် ထူထောင်နိုင်ခဲ့ကြတယ်လို့ အဲဒီ အချိန်တုန်းက နာဂစ်အကူအညီပေးနေတဲ့ မိတ်ဆွေတစ်ယောက်ပြောတာလေးလည်း သတိရမိပါတယ်… ကျွန်တော်စဉ်းစားမိတာ မှားကောင်းမှားနိုင်ပါတယ်.. ကျွန်တော်တို့ နိုင်ငံမတိုး တက်သေးတာ အစိုးရနဲ့လည်းဆိုင်သလို ကျွန်တော်တို့တစ်ဦး ချင်းစီနဲ့လည်းဆိုင်နေ နိုင်ပါသေးတယ်… နှစ်ပေါင်းများစွာ နွံထဲနစ်နေတဲ့ ဒီနို်င်ငံအိုကြီးလွတ်မြောက်ဖို့ အားလုံးညီညီ ညာညာရုန်းကြမှ နွံထဲက ထွက်နိုင်ပါလိမ့်မယ်...

ပရိုဘောက်နှင့် 1/2 NZ - FE VVT- i မီးလောင်ရခြင်းအကြောင်းအမေးအဖြေ

ပရိုဘောက်နှင့် 1/2 NZ - FE VVT- i မီးလောင်ရခြင်းအကြောင်းအမေးအဖြေ " မေး။ ဧရာဝတီမှာတင်ထားတဲ့ သတင်းတစ်ပုဒ်မှာ ပရိုဘောက်ကားမီးလောင်တာ ကို အစိုးရ ကားတင်သွင်းခွင့် ပေါ်လစီ အမှားအယွင်းကြောင့်လို့ ဖတ်လိုက်ရပါ တယ်...ဆောင်းပါးရေးသူကိုတော့... (စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)လို့ဖော်ပြထားပါတယ်...အဲ့ဒါမှန်လားဆိုတာကို ဖြေပေးပါဦးဗျာ... ဖြေ။ ပရိုဘောက် မီးလောင်တာဟာ အစိုးရရဲ့ ကားတင်သွင်းခွင့်ပေါ်လစီ အမှား အယွင်းကြောင့်ဆိုရင်တော့ ကျွန်တော်လက်မခံပါဘူး... အစိုးရက အင်္ဂျင်ပါဝါသေးတဲ့ ကားတွေကိုအခွန်လျော့ကောက်လို့... အင်္ဂျင်ပါဝါသေးတဲ့...ဈေးသက်သာတဲ့ ပရိုဘောက်တွေ တင်သွင်းလာလို့... မီးလောင်တာပါလို့ပြောရင်...မမှန်ပါဘူးလို့ပြောချင်ပါတယ်... ဘာဖြစ်လို့လည်းဆိုတော့ အစိုးရက ၁၃၀၀ ၁၅၀၀ အားတွေကို... ပရိုဘောက်တစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုသည်လို့ သတ်မှတ်ချက်... မထုတ်ထားပါဘူး...မိမိစိတ်ကြိုက် ဈေးသက်သာမယ်ထင်တာ တင်သွင်းတာပါ... နောက်ထိုင်းမှာ ပရိုဘောက်နဲ့ အင်္ဂျင်အမျိုးတူ 1/2 NZ - FE VVT- i အင်္ဂျင်သုံး... Vios , Yaris ကားတွေအများကြီးရှိပါတယ်...မြန်မာပြည်ပရိုဘောက်ထက်... အနည်းဆုံး ၅ ဆ ၆ ဆ ကျော်လောက်ရှိမယ်လို့ ထင်ပါတယ်... တစ်စီးမှ မီးမလောင်ပါဘူးဗျာ...အင်္ဂျင်ပါဝါသေးတိုင်းသာ မီးလောင်ရရင်... ခွေးဘီးလူးကားလေးတွေတစ်စီးမှတောင်ကျန်မှာ မဟုတ်ပါဘူးခင်ဗျာ... မေး။ ဒါဆို ပရိုဘောက်ကားတွေဘာကြောင့်မီးလောင်ပါသလဲဆိုတာ... ဖြေပေးပါလားဗျာ... ပရိုဘောက်တွေမီးလောင်ရတဲ့အကြောင်းအရင်းတွေထဲမှာ... စက်သုံးဆီအရည်အသွေးမမှီတာနဲ့ အရည်အသွေးမမှီသောအင်္ဂျင်ဝိုင်ကို သုံးမိတာတွေလည်းပါပါတယ်... နောက်တစ်ချက်က လူလည်းပါပါတယ်... စက်သုံးဆီအရည်အသွေးမမှီတော့... အင်္ဂျင်ပစ္စတင်မီးလောင်ခန်း(Piston Combustion Chamber) ထဲမှာ... မီးလောင်ပေါက်ကွဲတဲ့အခါ ဆီအကုန်မလောင်နိုင်ဘဲ... မလိုအပ်ဘဲအပိုမီးလောင်ပေါက်ကွဲမှု့(Mixfire Explode)ဖြစ်ကာ... အင်္ဂျင်ကို ပိုပြီးပူစေပါတယ်...ရေဆူတဲ့ကားတွေဆိုအင်္ဂျင်ပူလွန်းလို့... လီဘာနင်းလိုက်ရင် တောက် တောက်နဲ့ မီးသံ (Knocking)ထွက်ပါတယ်... ဆီမကောင်းတဲ့အခါလည်း မီးသံထွက်ပါတယ်.. ဒါကြောင့် ဆီမကောင်းရင် အင်္ဂျင်ကို ပိုပူစေပါတယ်...ရေဆူဖို့ပိုလွယ်ပါတယ်... နောက်အရေးကြီးတဲ့အချက်က ဆီမကောင်းတာ့ ကာဗွန်ငွေ့တွေလိုအပ်တာထက် ပိုမိုထွက်လာပြီး Catalytic Converter ပိတ်တတ်ပါတယ်... Catalytic Converter ပိတ်ရင် Converter ရှိတဲ့နေရာကနေ အင်္ဂျင်နားအထိ အိတ်ဇောဟာနီရဲပြီး မီးသွေးတုံးမီးလောင်နေသလိုမျိုးဖြစ်နေပါတယ်... ဒီလိုဖြစ်လာရင် အင်္ဂျင်အပူရှိန်လွန်ကဲပြီး ရေဆူတတ်ပါတယ်... Catalytic Converter ပိတ်လို့ရေဆူလာရင်တော့... သာမာန်ရေဆူတာနဲ့မတူဘဲ အင်္ဂျင်ခန်းအပူချိန် အလွန်အမင်းမြင့်မားက... ဓါတ်ဆီ ဆီငွေ့ စတဲ့လောင်စာရှိတဲ့နေရာကနေ မီးလောင်တတ်ပါတယ်... အင်္ဂျင်ဝိုင်စံချိန်မမှီတာတွေထည့်မိရင် VVT- i စနစ်က ဘားတိုင်ပင်ထိန်းချုပ်မှု့ဟာ လုပ်ငန်းကို အပြည့်အဝမလုပ်ဆောင်နိုင်တော့ဘဲ ဘားတိုင်ပင်မမှန်လို့... အပိုမီးလောင်ပေါက်ကွဲမှု့တွေဖြစ်ပြီး အင်္ဂျင်ပိုပူနိုင်ပါတယ်... ဒါကြာင့် အင်္ဂျင်ဝိုင်ကို အချိန်မှန်လဲဖို့လည်းလိုပါတယ်... အသေးစိတ်ကိုတော့ ကျွန်တော်ရေးထားတဲ့ အောက်ကလင့်မှာဖတ်ကြည့်ပါဗျာ... https://www.facebook.com/permalink.php?story_fbid=1448323292067747&id=1438577533042323 နောက်တစ်ချက်က လူဆိုတာက ကားအသုံးပြုသူတော်တော်များများဟာ... ကားဒိုင်ခွက်ထဲမှာပါတဲ့ မီးတွေကိုအကုန်မသိကြပါဘူး... အများအားဖြင့် ချာဂျင်မီး...အင်္ဂျင်ဝိုင်မီး...အင်္ဂျင်ချက်မီးစတာတွေ... လောက်သာအသိများကြပါတယ်... ဒါကြောင့် ကားရေအပူချိန်မီးအနီရောင်လေးလင်းနေရင်တောင်... ဘာမီးမှန်းမသိဖြစ်နိုင်ပါတယ်... ဒါကြောင့် ကားဝယ်ပြီးအသုံးပြုမယ်ဆို... Owner Manual ကိုအရင်ဖတ်ကြည့်သင့်ပါတယ်... မဖတ်နိုင်တဲ့ ဘာသာဖြစ်နေခဲ့ရင်လည်း ကျွမ်းကျင်တဲ့ ဝပ်ရှော့တွေမှာ... ကားဒိုင်ခွက် အတွင်းပါရှိတဲ့ မီးတွေအကုန်လုံးကို မေးမြန်းမှတ်သားထားကာ မိမိကား အင်္ဂျင်ဝိုင် ဂီယာဝိုင်တွေဟာ ဘာအမျိုးအစားသုံးသင့်တယ်ဆိုတာ... ကိုပါတစ်ခါတည်း မေးမြန်းမှတ်သားသင့်ပါတယ်.... နောက်တစ်ခုက အင်္ဂျင်ဝိုင်သုံးတာဟာ ကားတစ်စီးတည်းမှာ... ကားအသစ်နဲ့ အဟောင်းမတူပါဘူး... ကားအသစ်မှာ 5w 40 အင်္ဂျင်ဝိုင်သုံးတယ်ဆို... ကား ကီလို ၁၀၀၀၀၀ ကျော်သုံးပြီးရင်... 10w 40 သုံးရမှာပါ... Common Rail အင်္ဂျင်တစ်မျိုးတည်းသာ 10w 30 ပုံမှန်သုံးပါတယ်... မေး။ ကားနည်းပညာတွေကိုသေချာမသိဘဲ တစ်လွဲတွေရေးပြီး လူတွေကို တင်ပြနေတာဟာ ကားအသုံးပြုသူတွေကိုသတ်နေတာ... ကားတွေကိုသတ်နေတာလို့ အစ်ကို မထင်ဘူးလား? ဟုတ်ကဲ့...ကျွန်တော်လည်း အဲ့လိုဘဲ ထင်ပါတယ်... ကျွန်တော်ကတော့ ကားတွေကို သူ့အချိန်တန်လို့ပျက်တာ... သက်တမ်းပြည့်တဲ့ ပစ္စည်းပျက်တာကလွဲရင် ကားရှင်တွေကို... နည်းပညာ အလွဲတွေသုံးပြီးတော့မပျက်စေချင်ပါဘူး... ဒါကြောင့် အဖြစ်နိုင်ဆုံးတွေကို သုံးသပ်တင်ပြတာပါဗျာ... မေး။ နောက်ဆုံးတစ်ခုလောက်မေးခွင့်ပါရစေ... မြန်မာပြည်က ကားဈေးနဲ့ အိမ်နီးချင်းနိုင်ငံက ကားဈေးတွေဟာ... ၃ ဆ ကနေ ၅ ဆ အထိကွာနေတယ်ဆိုတာဟုတ်ပါသလား? တစ်ခြားနိုင်ငံတွေတော့မသိပါဘူး...ထိုင်းမှာတော့ Honda FIT ... USed ကားတစ်စီးဟာ ဘတ် ၃/၄ သိန်းကျော်သာရှိတာမို့... မြန်မာပြည်နဲ့သိပ်မကွာပါဘူး...တူတူလောက်ကျပါတယ်... ပစ်ကပ်ကားတွေကလည်း မြန်မာပြည်မှာတင်သွင်းလာတဲ့ ဂျပန်ကျအဆင့် လောက်ဆို ၅/၆/၇ သိန်းကျော်လောက်ရှိတာမို့ အများကြီးမကွာပါဘူး... ၃ ပုံ ၁ ပုံလောက်သာအများဆုံးကွာပါတယ်ခင်ဗျား... မေး။ ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ... ဟုတ်ကဲ့ ကျွန်တော်ကလည်း အမှန်အတိုင်းအများသိအောင်ဖြေခွင့်ရလို့ကျေးဇူးတင်ပါတယ်ခင်ဗျား... Toetar Atoe (Online ကားဝပ်ရှော့)

လဲကျမှာ မကြောက်နဲ့ ၊ ပြန်မထနိုင်မှာပဲ ကြောက်ပါ

လဲကျမှာ မကြောက်နဲ့ ၊ ပြန်မထနိုင်မှာပဲ ကြောက်ပါ --------------------------------------------------- လူတိုင်းအတွက် ပေးထားတဲ့ အချိန်တွေက မျှတပါတယ်။ လူတိုင်းသာ ရတဲ့အချိန်တွေကို အသုံးချပုံခြင်း မတူညီတာ ဘာ ကြောင့်လို့ ထင်သလဲ။ အချိန်ရဲ့ တန်ဖိုးကို မသိကြလို့ ပါပဲ။ မသိတာဆိုတာထက် မသိချင်ကြတာဆိုရင် ပိုမှန်လိမ့်မယ်။ ဘယ်လိုအချိန်မှာ ဘယ်လိုအခက်အခဲတွေ လာမယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး။ ရောက်နေတဲ့ အချိန်မှာ အကျိုးရှိစွာ အသုံးချနေခြင်းဟာ ရောက်လာမယ့်အချိန်ကို အကောင်းဆုံးပြင်ဆင်ထားခြင်းဆိုတာ တို့ တွေ သိထားရမယ်။ ဘ၀မှာ ခြေလှမ်းတွေ အများကြီး လှမ်းရဦးမှာပါ။ ယိုင်ချင်ယိုင်သွားလိမ့်မယ်၊ လဲချင်လည်း လဲသွားလိမ့်မယ်။ ဒါပေမယ့် ပြန် ထနိုင်သေးသ၍ အရာရာကို ရင်ဆိုင်နိုင်ပါသေးတယ်။ ပြန်ထဖို့ အတွက် အားတော့ မွေးရမှာပေါ့။ အားမွေးဖို့  ဆန္ဒဘယ်တော့မှာ မရှိလာဘူးဆိုရင် လဲကျတဲ့အခါမှာလည်း ဘယ်တော့မှ ပြန်ထနိုင်တော့မည် မဟုတ်ပေ။ လော ကမှာ လဲကျမှာကို မကြောက်နဲ့ ၊ ပြန်မထနိုင်တော့မှာကိုပဲ ကြောက်ပါ။ True Man

အရှုံးဟာ အဆုံးမဟုတ်ပါ

အရှုံးဟာ အဆုံးမဟုတ်ပါ ############## ဘ၀မှာ ကျရှုံးတယ်ဆိုတာကို ဘယ်လိုသတ်မှတ်သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ကြိမ်ရှုံးတာလည်း ရှုံးတာပဲ။ နှစ်ကြိမ် ရှုံးတာလည်း ရှုံးတာပဲပေါ့။ ဟုတ်ပါလိမ့်မယ်။ သို့ သော် ဒီလောက် အရှုံးလေးနဲ့ တော့ ဘ၀ကို ဆုံးတယ်လို့ မသတ်မှတ်နဲ့ လို့ ပဲ မှာပါရစေ။ အရှုံးသမားဆိုတာ လောကမှာ လူတိုင်း ဒီနာမည်တပ်ခံရဘူးပါတယ်။ ဒါပမယ့် လက်မြှောက် ကျဆုံးခြင်းတော့ အဖြစ်မခံပါနဲ့ ။ တစ်ခဏတာ အရှုံးပါ။ ဒီလောက်နဲ့ တော့ ဘ၀ကို အဆုံးမခံကြနဲ့ ပေါ့။ ကိုယ့်မှာ နောက်ထပ် ကြိုးစားပိုင်ခွင့်တွေ ရှိပါသေးတယ်။ ပထမတစ်ကြိမ်ရှုံးလည်းပဲ ဒီနေရာကနေ သင်ခန်းစာယူဖို့ ဆိုတာ တွေးလိုက်ပါ။ ကိုယ်လိုအပ်တဲ့ နေရာတွေကို ပြန်လည်ဖြည့်စွတ် ပြီး ဒုတိယခြေလှမ်းကို ဆက်လှမ်းဖို့ ကြိုးစားပါ။ တစ်ကြိမ်လဲတိုင်းသာ အားလျှော့ အရှုံးပေးစတမ်းဆိုရင် ကိုယ်ဟာ ယခုလို လမ်းလျှောက်နိုင်တဲ့ လူဖြစ်လာမှာတောင် မဟုတ်ဘူး။ မွေးကင်းစ မတ်တက်ရပ်စမ်းတဲ့ ကလေး ဘ၀လေးကို မြင်ကြည့်လိုက်ပါ။ အားတင်းပြီး ပထမမှာ မတ်တက်ရပ်နိုင်ဖို့ ကြိုးစားတယ်။ သူလဲတယ်၊ ပြန်ထတယ်။ ဒီလိုနဲ့  ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတဲ့ အချိန် မှာပဲ သူ လောကကြီးပေါ်မှာ မားမားမတ်မတ် ခြေချနိုင်ခဲ့ပါပြီ။ နောက်တစ်ကြော့ မတ်တက်ရပ်တာကနေ လမ်းလျှောက်ဖို့  သူ ကြိုးစားရပြန်ပါတယ်။ ခြေထောက်လေး တစ်ဖက်ကို သူစရွေ့ တယ်။ ဘုန်းကနဲ ပစ်လဲသွားတယ်။ ကုန်းပြီး ပြန်ထကာ ထပ်လှမ်းဖို့ ကြိုးစားတယ်။ လှမ်းဖို့ အကြိမ်ကြိမ် ကြိုးစားရင်နဲ့ ခြေလှမ်းတွေဖြစ်လာခဲ့ပါပြီ။ သူအကြိမ်ကြိမ်ရှုံးတောလည်း ဘ၀ကို ဒီတိုင်းမဆုံးစေခဲ့ပါဘူး။ နောက် ဆုံးမှာတော့ သူ လမ်းလျှောက်သွားနိုင်ခဲ့ပြီလေ။ ဒါဘ၀ကို စတင်တဲ့ အစိတ်အပိုင်းတွေပါ။ ဘ၀မှာ ဘယ်တော့မှ အရှုံးစကားတွေမပြောပါနဲ့ ။ ရှုံးတာကိုပဲ အရသာခံ ပြောနေတတ်တဲ့သူဟာ နောက်ထပ် ဆက်ရန် အားနည်းသွား ပါပြီ။ သူ့ ဘ၀မှ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ် ယိုယွင်းသွားပြီ။ စိတ်ပျက်စီးပြီဆိုရင် ဘ၀ ဆုံးနိုင်ပါတယ်။ အဲ့တော့ ကြိုးစားခွင့် ရှိတဲ့သူတိုင်း ကြိုးစားကြရမယ်။ အောက်ခြေ လူတန်းစားမှ စ၍ ယနေ့ နိုင်ငံတိုင်းမှာ အောင်မြင်နေကြသူများဟာ ဘ၀မှာ အရှုံးဆိုတာ ကြုံဖူးကြတယ် ဆိုတာ သိထားစမ်းပါ။ သို့ သော် အရှုံးဟာ ဘ၀မှာ အဆုံးမဟုတ်ဘူးဆိုတာ သိတတ်ပါစေ။ True Man

Emergency contraception (2) အရေးပေါ်တားဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ

Emergency contraception (2) အရေးပေါ်တားဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ (ဒီစာကို ဖေ့စ်ဘွတ်မှာတင်ရတဲ့အတွက် တောင်းပန်ပါတယ်။) ကျေးဇူးတင်ပါတယ်ဆရာ။ အရေးပေါ်တားဆေး ခဏခဏသောက်ရင် ဖြစ်နိုင်တဲ့ဆိုးကျိုးတွေ ရှင်းပြပါအုန်းရှင့်။ ကျွန်မ ပထမတကြိမ်သောက်ခဲ့တုန်းက ဒီလိုသွေးမဆင်းဘူး။ ဘာလက္ခဏာမှ မရှိခဲ့လို့ပါ။ အခုသွေးဆင်းတာ ကိုယ်ဝန်အတွက် စိုးရိမ်စရာ မရှိဘူးပေါ့နော်။ ကိုယ်ဝန်မရဘူးပေါ့နော်ဆရာ။ ၅ဝ% လောက်မှာ ပျို့တယ်။ ၂ဝ% က အန်တယ်။ ပိုဆိုးတဲ့ဆိုးကျိုးတခုကတော့ သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း၊ နောက်တခုက ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊ တခြားဖြစ်နိုင်ခြေတွေကတော့ အဆုပ်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ Stroke ဦးနှောက်သွေးကြောပိတ်၊ အသဲထိခိုက်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါ နဲ့ သွေးတိုးရောဂါတွေ ဖြစ်တယ်။ ဒါတွေကြောင့် အသက် ၃၅ နှစ်ကျော်သူတွေ ဟော်မုန်းပါ တားဆေးမသင့်ကြဘူး။ အရေးပေါ်တားဆေး ECP ဆေးတွေကို မကြာခဏသုံးရင် သက်ရောက်မှုတွေ သိအောင် ၁၉၉၈ ခုနှစ်ထဲမှာ အမျိုးသမီးပေါင်း ၁ဝ၈၃ ယောက်ကို အုပ်စု ၂ ခုခွဲပြီး စမ်းခဲ့တယ်။ ဒီအမျိုးသမီးတွေဟာ အရေးပေါ်တားဆေး သုံးသူတွေနဲ့ သားအိမ်ခြစ်နည်းနဲ့ ကိုယ်ဝန်ဖျက်ဘူးခဲ့သူတွေ ဖြစ်တယ်။ ပညာရေးအခြေခံလဲ မညံ့ကြသူတွေ ဖြစ်တယ်။ အဖြေတွေကို အမျိုးသမီးပေါင်း ၁ဝ၇၁ ယောက်ဆီကနေရတယ်။ • ၅၄၉ ယောက်က အိမ်မှာတင် အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်ပြီး၊ သူတို့ထဲက ၄၇% ဟာ ၂ နှစ်အတွင်းမှာ တကြိမ်မက အရေးပေါ်တားဆေး သောက်ခဲ့သူတွေဖြစ်တယ်။ • ၅၅၂ ယောက်ကတော့ ဆရာဝန်လက်မှတ်နဲ့သာ အရေးပေါ် တားဆေးသောက်သူတွေ ဖြစ်ပြီး ၂၇% က ၂ နှစ်အတွင်း တကြိမ်မက အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်တယ်။ • အုပ်စု နှစ်စုလုံးထဲက ၁ဝ% ဟာ တကြိမ်မက အရေးပေါ်တားဆေးသောက်တယ်။ • ပဌမအုပ်စုထဲက ၂၈ ယောက် (၅%) က ကိုယ်ဝန်ရတယ်။ ဒုတိယအုပ်စုထဲက ၃၃ ယောက် (၆%) ကိုယ်ဝန်ရတယ်။ • ပဌမအုပ်စုထဲက ၈ ယောက် နဲ့ ဒုတိယအုပ်စုထဲက ၄ ယောက်ဟာ အရေးပေါ်တားဆေး သောက်ရဲ့သားနဲ့ ကိုယ်ဝန်ရသွားတယ်။ ဒါပေမဲ့ ကိုယ်ဝန်တွေ အကုန်လုံးကို ဖျက်ပြစ်လိုက်ကြတယ်။ ကိုယ်ဝန်ကို တားတာလား၊ ဖျက်တာလား Emergency Pills cause early abortions “အရေးပေါ်တားဆေးဆိုတာ ကိုယ်ဝန်ကို အစောဆုံး ဖျက်ပြစ်လိုက်တာသာ ဖြစ်တယ်” လို့ The Report News magazine မှာ ၆-၁၂-၁၉၉ တုံးက ရေးထားတယ်။ အယူအဆတွေ အမြင်တွေက သိပ္ပံနယ်ပယ်မှာလဲ မတူကြတာတွေ အများကြီးရှိတယ်။ လက်တွေ့ပြလို့ရတာတောင်မှာ ဘာလို့ အဲလိုမတူတာတွေ ဖြစ်နေလဲ။ လက်တွေ့ပြနိုင်တာက ကျဉ်းသေး၊ နည်းသေးလို့ပါ။ “အရေးပေါ် တားဆေးထဲမှာ လူ့ကိုယ်ခန္ဓာကနေ အလိုလိုထုတ်ပေးနေတဲ့ ဟော်မုန်းတွေဘဲ ပါတာမို့ စိတ်ချလက်ချ သုံးနိုင်တယ်။ အရေး ခဏခဏ ပေါ်နေလို့ တပါတ်ထဲ ၂ ခါသောက်လဲ ကိုယ်ဝန်တားဘို့အတွက်ကတော့ ရပါတယ်” လို့ ပြောတာလဲ အမှန်ဖြစ်တယ်။ "ကနေ့အထိ ဒီ အရေးပေါ်တားဆေးတွေ အသုံးများရင် ဘာဖြစ်နိုင်သလဲ ဆိုတာကို သတ်သတ်မှတ်မှတ် လေ့လာမှုဆိုတာ မရှိသလောက်နည်းသေးပါတယ်"လို့ အဲဒီအကြံပြုတဲ့ ပညာရှင်တွေကဘဲ ဆိုထားပါတယ်။ ဆိုလိုတာက (၁) ခုထိ သိသမျှ ခဏခဏလဲသောက်လို့ရတယ်။ (၂) ရေရှည်မှာဘာဖြစ်လာမလဲ မသိလို့ ရမ်း-မှန်းမပြောနိုင်ပါ။ ဆေးတကြိမ်သောက်တိုင်း ဘေးထွက်-ဆိုးကျိုးတွေတကြိမ် ခံရမယ်ဆိုတာ သိထားပါ။ ဈေးနှုန်း မသေးလှပါ။ ရာသီလတွေ၊ ရက်တွေ ပြောင်းပါလိမ့်မယ်။ ခဏခဏသုံးနေသူ ကိုယ့်ရာသီရက်က ဘာလို့ မှတ်ထားဘို့ ခက်မယ်။ ကိုယ်ဝန်ရနိုင်တဲ့ရက်-မရနိုင်တဲ့ရက် တွက်ဘို့ မသေခြာတော့ဘူး။ ကြာတော့ စိတ်ပျက်လာနိုင်တယ်။ ရိုးရိုးပုံမှန်သောက်တားဆေး၊ IUD သားအိမ်ထဲပစ္စည်းထည့်၊ Implant အရေပြားအောက် ဆေးချောင်းထည့်၊ Depo-Provera (ဒီပို) ထိုးဆေးနည်း၊ တခုခုကို ရွေးချင်လာမယ်။ ရွေးတာလဲ မှန်ကန်တယ်။ အိမ်ထောင်မကျပေမဲ့ လိင်ဆက်ဆံမှု တခုကို သဘောတူပြုဘူးတဲ့ မိန်းကလေးမျိုးဟာ နောက်လဲ အဲလိုမျိုး ထပ်ဖြစ်နိုင်တယ်။ အဲဒါကို အရေးပေါ်လို့ မခေါ်သင့်ဘူး။ စိတ်ဆန္ဒမပါဘဲ ဆက်ဆံရတာ၊ အဓမ္မပြုခံရတာ၊ (ကွန်ဒွမ်) ပေါက်ပြဲသွားတာမျိုးတွေကိုသာ အရေးပေါ်လို့ ခေါ်သင့်တယ်။ တရားဥပဒေရှုဒေါင့် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ် အထက်တရားရုံးကို ၂ဝ၁ဝ နှစ်လည်ပိုင်းက Public Interest Litigation (PIL) ကနေ တရားစွဲဆိုချက်တခု တင်ခဲ့တယ်။ အရေးပေါ်တားဆေးတွေဖြစ်တဲ့ i-pill, Unwanted 72 and Option 72 တွေကို ပိတ်ပင်ပေးဘို့ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် တလွဲသုံးနေခြင်း နဲ့ အန္တရာယ်များတဲ့ ဘေးထွက်-ဆိုးကျိုးတွေကြောင့်လို့ ဆိုပါတယ်။ တရာရုံးကနေ Drug Controller General of India (DCGI) ဆီကို အထောက်အထားတွေ တင်ပြဘို့ ညွှန်ကြားတယ်။ DTAB ဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမြင့်ဆုံးအဖွဲ့က အစီရင်ခံချက် မပို့နိုင်သေးဘူး။ ငြင်းဆိုချက်တွေက ဆေးသိပ္ပံအထောက်အထားတွေကို ကိုးကားတယ်။ ကိုယ်ဝန်ဆိုတာ ဆက်ဆံမှုပြုပြီးနောက် ၂၄ နာရီ ဆိုရင်ရဘို့စပြီ။ ၇၂ နာရီအတွင်းမှာ ဆေးသောက်တယ်ဆိုတာ ဖျက်ပြစ်တာဘဲလို့ ဆိုတယ်။ ဒီဆေးမျိုးကို ကြော်ညာတွေ မတရား လုပ်ရောင်းနေတာဟာလဲ မသင့်လျှော်ဘူးပြောကြလို့ ကြော်ညာတွေကို တားခဲ့ဘူးသေးတယ်။ ဆရာဝန်တွေ၊ သားဖွါးမီးယပ် အထူးကုတွေကလဲ တလွဲသုံးနေကြာအတွက် စိုးရိမ်ကြောင်း ထုတ်ပြောနေကြရတယ်။ ဒီလို လွယ်လွယ်နဲ့ အရေးပေါ် တားဆေး ရှိတယ်ဆိုပြီး တလွဲသုံးကြလို့ HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုဖြစ်တယ်လို့ ထောက်ပြကြတယ်။ ရာသီမမှန်တာ ဖြစ်ကြပြန်လို့ ဒီလို (ကွန်ပလိန့်) တွေနဲ့ မိန်းကလေးလူနာတွေ ဆေးရုံ-ဆေးခန်းတွေမှာ ပိုများလာတယ်။ ကြော်ညာတွေ ကောင်းလို့ ဆေးဆိုင်တွေမှာ ချော့ကလက်ဝယ်သလို ဝယ်နေကြပြီး၊ မိန်းကလေးငယ်တွေကလဲ လိင်မှုရေးရာမှာ သိပ်မစဉ်းတော့ဘူး။ အမူအကျင့်တွေ ပြောင်းလာနေတာဟာ မျိုးဆက်ကိုပါ ထိခိုက်စေမယ်။ လွယ်လွယ်နဲ့ ဒီလိုဆေး ဝယ်ရတာဟာ "ခပ်လွယ်လွယ်မိန်းကလေးတွေ" များလာစေတယ်။ လွယ်တိုင်းကောင်းပါလား။ မြန်မာ့ (မ)ယဉ်ကျေးမှု အထက်ကသုတေသနမှာ ကိုးကားခဲ့တဲ့ အမျိုးသမီးပေါင်း ၁ဝဝဝ ကျော်ထဲမှာ အများစုက ၂ နှစ်မှာမှ တခါကျော်ကျော်သာ အရေးပေါ် တားဆေး သုံးတယ်။ ၄ လမှာ ၄ ခါမကသောက်လို့ စမ်းသပ်မှုကနေ ချန်ထားလိုက်အောင်အထိ ထူးခြားတဲ့ အမေရိကန် အမျိုးသမီးက တယောက်ထဲဘဲ ပါတယ်။ မြန်မာအမျိုးသမီးတွေကို လေ့လာမှု မပြုရသေးလို့ ခေတ်ရှေ့ကို အများကြီး ရောက်နေ-မနေ မသိပါ။ အရေးပေါ်တားဆေး ECee-2 ကို မြန်မာပြည်မှာ (မ)ယဉ်ကျေးမှုတရပ်လို့ မှတ်ရလောက်အောင် သုံးနေကြတယ်။ အဲလိုမသုံးသင့်ကြောင်းဖြေရတိုင်း သောက်ရင် ဘာဖြစ်မလဲလို့ ပြန်မေးလေ့ရှိတယ်။ နိုင်ငံတကာ ဆေးစာတွေလိုက်ရှာတော့ မြန်မာမလေးတွေလောက် အဲလိုဆေး ခဏခဏသောက်ကြပုံမရပါ။ လေ့လာဆန်းစစ်ထားတာ နည်းတယ်။ ဆေးပညာအရပြောရရင် လက်ငင်းအနေနဲ့တော့ ရာသီရက်ပြောင်းမယ်။ ဟော်မုန်းတွေ ကမောက်ကမဖြစ်မယ်။ ရက်တွက်ချင်ရင် ခက်မယ်။ ရေရှည်မှာဘာဖြစ်မလဲ တိတိကျကျပြောမရပါ။ ဒါကြောင့် 'အရေးပေါ်ကို ပဲလှော်လို မစားပါနဲ့' ဆိုပြီး ရေးဘူးသေးတယ်။ ဒေါက်တာတင့်ဆွေ ၁၃-၅-၂ဝ၁၄
အမြန်လမ်းယာဉ်အန္တာကင်းရှင်းစေရန်အတွက်... အမြန်လမ်းခရီးထွက်တော့မည်ဆိုလျှင်... ဝပ်ရှော့သို့သွားရောက်ကာ ကားအားစစ်ဆေးသင့်ပါသည်... (၁)ဘရိတ်ရှေ့/နောက်စစ်ဆေးပါ... (က)ဘရိတ်ရှုး(Brake Pad) ဘရိတ်ရှုးပါး၍ အသစ်လဲပြီးလျှင် ဘရိတ်ငြိ မငြိသိသာစေရန်... တစ်ပတ်မောင်းပြီးလျှင် ဂျိုင့်ထောက်၍လှည့်ကြည့်ပါ... အနည်းငယ်ငြိနေသည်ထင်ပါက အပြစ်ရှာ၍ ပုံမှန်အတိုင်းဖြစ်အောင်ပြုပြင်ပေး သင့်ပါသည်... (ခ)ဘရိတ်ရှုးရှိနေပါကလည်း ဘရိတ်အိုး(Piston housing)ထိန်း... ဆလိုက်ပင်(Slide pin)များပါသောဘရိတ်အမျိုးအစားဖြစ်ပါက... ဆလိုက်ပင်များကိုဖြုတ်ထုတ်၍ သန့်ရှင်းရေးလုပ်ကာ အမဲဆီထည့်ပြီးမှ... ပြန်ထည့်ကာ ဆလိုက်ပင်များ ကြပ်နေ/မကြပ်နေကို စမ်းကြည့်ပြီးမှ... ပြန်ဆင်ပေးပါ... ဆလိုက်ပင်ပါသောဘရိတ်များ၏ အလုပ်လုပ်ပုံရ... ဘရိတ်ပစ္စတင်သည် ဘရိတ်နင်းလိုက်၍ ဆီဖိအား(Hydraulic pressure)ကို ရပါက ပစ္စတင်ထွက်လာပြီး ဘရိတ်ရှုးကိုဖိချိန်တွင် ဆလိုက်ပင်ကလည်း... ပစ္စတင်ဖိအားကြောင့်ရွေ့လျားပြီအပြင်ဘက်ဘရိတ်ရှုးကိုအလုပ်စေပါသည်... ထို့အတွက်ကြောင့် ဆလိုက်ပင်များ မကစားနိုင်ပါက ဘရိတ်ငြိပါသည်... ကျွန်တော့်အတွေ့အကြုံအရ ဂျပန်မှ တင်သွင်းလာသောကားများသည်... ပင်လယ်ရေဆားငံငွေ့ရိုက်ထားသဖြင့် သံချေးတက်နေသည်ကို... တော်တော်များများတွေ့ရကာ ဘရိတ်ငြိနေတတ်ပါသည်... အချို့ကားများဆိုလျှင် အပူပေး၍ထုတ်မှသာ ဆလိုက်ပင်ထွက်လာတတ်ပါသည်... ဘရိတ်ငြိနေပါက ဘီးဂွေနှင့် တာယာသည်အလွန်ပူကာ... တာယာကွဲလွယ်ပါသည်...ဘရိတ်ငြိသောကားကို ၁၅ ကီလိုလောက်မောင်းကြည့် ပါက ဂွေနှင့်တာယာသည်အလွန်ပူကာ လက်ဖြင့်ကိုင်ရန်မဆိုထားနှင့်... ရေထိပါက မီးကို ရေနှင့်လောင်းသောအသံပင်ထွက်ပါသည်... ထို့ကြောင့် ဘရိတ်ငြိပါက ဘီးဂွေနှင့်တာယာအလွန်ပူကာ တာယာအတွင်းရှိ... လေထုသည်လည်းပူ၍ မူလလေပေါင်ထက်များလာကာ... တာယာသည်လည်းပူလာသောအခါ... မူလခံနိုင်ရည်ထက်ကျဆင်းသွားသဖြင့်...တာယာကွဲရန်အလွန်လွယ်ပါသည်... ကျွန်တော်တို့ဆီတွင်လည်း တာယာကွဲသောကားအများစုမှာ... ဘရိတ်ငြိသောကြောင့်ဖြစ်ပါသောကြောင့်... ခရီးဝေးသွားမည်ဆိုလျှင် ဝပ်ရှော့များတွင် ရှေ့/နောက် ဘရိတ်လေးဘီးလုံးကို စစ်ဆေးပြုပြင်သင့်ပါသည်... (၂)အောက်ပိုင်းနှင့်...စတီယာရင်ထိန်းချုပ်မှု့(Steering control)စနစ်ဖြစ်သော... တိုက်ရော့(Tie rod)...ဘောဂျွိုင့်(Ball joint) များချောင်နေခြင်းရှိ/မရှိကို... စစ်ဆေးသင့်ပါသည်...စတီယာရင် ပါဝါဆီ ရှိ/မရှိ...ပါဝါဆီ ယိုစိမ့်မှု့ရှိ/မရှိကို... စစ်ဆေးပါ...ရေတိုင်ကီ...ရေပြန်ဗူးရေနှင့် အင်္ဂျင်ဝိုင်စစ်ပါ... တိုက်ရော့ ဘောဂျွိုင့်များချောင်နေခဲ့၍ ပြုတ်ထွက်ခဲ့သည်ရှိသော်... ကီလို ၄၀ ၅၀ အရှိန်လောက်ပင် မထိန်းဖြစ်ကာ ကားဘေးဘယ်ညာသို့... ဆွဲသွားပါသည်... စတီယာရင်ဆီယိုစိမ့်မှု့ရှိနေပါက အချိန်မရလျှင် ဆီဖြည့်ကာဆီဗူးအပိုဝယ် သွားပါ...မောင်းနေရင် စတီယာရင်ပါဝါဆီကုန်သွားပါက... စတီယာရင်အလွန်လေးကာ... ကီလို ၈၀ ကျော်လျှင်အကွေ့များတွင်မထိန်းနိုင်တော့ပါ... (၃)အရည်အသွေးမှီသောတာယာများ...ထုတ်လုပ်ရက်စွဲ ၂ နှစ်အလွန်ဆုံးသာ ရှိသောတာယာများကိုသုံးပါ...တာယာတိုင်းတွင် ထုတ်လုပ်ရက်စွဲကို... အဝိုင်းငယ်တစ်ခုအတွင်း ဂဏန်းဖြင့်ဖော်ပြထားပါသည်... ရှေ့ဂဏန်း ၂ လုံးသည် အပတ်စဉ်ဖြစ်ကာ... နောက်ဂဏန်း ၂ လုံးသည် ထုတ်လုပ်သောနှစ်ဖြစ်ပါသည်... ဥပမာ ( 11 14 )ဟုရေးထားလျှင် ၃ လပိုင်း ၂၀၁၄ ထုတ်တာယာဖြစ်ပါသည်... (၄)အမြန်လမ်းတွင် ကီလို ၁၀၀ ၁၂၀ လောက်သာအမြန်ဆုံးမောင်းသင့်ပါသည်... ကီလို ၁၀၀ မောင်းလျှင်ရှေ့ကားနှင့် မီတာ ၃၀ အနည်းဆုံးခွါမောင်းပါ... ကားကျော်ချင်လျှင် ရှေ့ကားအား... ဟွန်းတီး၍ လမ်းတောင်းပါ... မီးအချက်ပြ၍သော်လည်းကောင်း... လမ်းပေး၍သော်လည်းကောင်း ကားအရှိန်လျှော့ပေးမှကျော်ပါ... ညအချိန်တွင် မီးအချက်ပြ၍ ကျော်ရန်လမ်းတောင်းပါ... လမ်းဆုံ လမ်းခွများ...အကွေ့များ...တံတားများ... ကုန်းတက် ကုန်းဆင်းများ...မြင်ကွင်းမရှင်းသောနေရာများတွင်... လုံးဝမကျော်ပါနှင့်... မိုးသည်းထန်စွာရွာသွန်းနေစဉ်သော်လည်းကောင်း... မြူ နှင်းများကျ၍ မြင်ကွင်းမကောင်းသောနေရာများတွင်လည်းကောင်း... လုံးဝ ကျော်မတက်ပါနှင့်... အိပ်ရေးပျက်လျှင်သော်လည်းကောင်း... စိတ်တို ဒေါသထွက်နေလျှင်သော်လည်းကောင်း... ယာဉ်မမောင်းသင့်ပါ... ယာဉ်မောင်းနေစဉ် လမ်းကြောနှင့် ယာဉ်အပေါ်သာ အာရုံထားပါ... စိတ်မပျံ့လွင့်စေရန် အမြဲဂရုစိုက်ပါ... ယာဉ်မောင်းနေစဉ် ကက်ဆက်အား ကျယ်လောင်စွာမဖွင့်ထားသင့်ပါ... စတီယာရင်လက်ကိုင်ဂွေပေါ်လက်တင်လိုက်သည်နှင့်... ကားပေါ်ရှိအသက်များအားလုံး မိမိလက်ထဲတွင်ရှိသည်ကို သတိပြုပါ... မိမိအိမ်ပြန်လာချိန်ကိုလည်း မိမိ၏ မိသားစုများမှ... စောင့်မျှော်နေကြသည်ကို အမြဲသတိရပါ... ကျွန်တော်ကတော့ ခရီးဝေး ကားမောင်းလျှင် စတီယာရင်ဂွေတွင်... ဘုရားရှစ်ခိုးပြီးမှမောင်းပါသည်... လမ်းခရီးတွင် ဆိုင်ရာ ပိုင်ရာများအား အရိုအသေပေးပါသည်... လမ်းခရီးတွင်ရှိသောသတ္တဝါများအားလည်း မေတ္တာပို့ပါသည်... ယာဉ်မောင်းသူတိုင်း သက်ဆိုင်ရာ ဘာသာအလိုက်လုပ်သင့်သည်ဟု အကြံပေးလိုပါသည်...ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့်... စိတ်ပေါ့ပါး လန်းဆန်းကာ ယုံကြည်မှု့လည်းရှိလာပါသည်... ယာဉ်မောင်းသူအားလုံးရော ခရီးသွားများအားလုံးပါ... အန္တာရာယ်ကင်း၍ လိုရာခရီးသို့ ချောမောစွာရောက်ကြပါစေခင်ဗျာ... Toetar Atoe (Online ကားဝပ်ရှော့)

ဦးနေဝင်း ( 1910 – 2002)

ဦးနေဝင်း ( 1910 – 2002) ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။ ငယ်စဉ်ဘ၀ သခင်ရှုမောင်၊ (ခ) ဗိုလ်နေဝင်း၊ ပြည်မြို့ အနီးရှိ ပေါင်းတလည်မြို့၌ ၆ ဇူလိုင် ၁၉၁၀ ပြည့်နှစ်တွင် မွေးဖွားသည်။ ငယ်နာမည် ရှုမောင် ဖြစ်သည်။ တရုတ်ကပြားစပ် တစ်ဦးဖြစ်သည်။ ၁၉၂၉ နှစ်ဦးပိုင်းတွင် ရန်ကုန် တက္ကသိုလ် တွင် ဇီဝဗဒေ ဘာသာရပ်ကို သင်ကြားခဲ့ပါသည်။ ကိုရှုမောင်သည် ဂျပ်ဆင် ကောလိပ်တွင် တက်ရောက် ပညာသင်ကြားခွင့် ရခဲ့သော်လည်း ၁၉၃၁ ခုနှစ်တွင် ဘွဲ့မရဘဲ ကျောင်းထွက်ခဲ့ရပြီး၊ ယခင်ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ်ချင်းလမ်း) ရှိ ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက် စာတိုက်ခွဲတခုတွင် အငယ်တန်းစာရေးလေး ဖြစ်ခဲ့သည်။ ထိုသို့ စာတိုက်စာရေး၊ ထို့နောက် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ နောက်လိုက် ဘဝမှ ရဲဘော်သုံးကျိပ်ဝင် ဖြစ်လာပြီး၊ သခင် ရှုမောင် မှ ဗိုလ်နေ၀င်း ဟုအမည်ပြောင်းလဲခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဗမာ့အမျိုးသား တပ်မတော်၏ စစ်ဦးစီးမှူး ဖြစ်သည်။ ဗမာ့အမျိုးသား တက်မတော် တွင် Commander အဖြစ်ဖြင့် ဂျပန်များ နှင့် အလံနီကွန်မြူနစ် ပါတီတို့ကို ချေမှုန်းခဲ့သည်။ ၁၉၅၈ အောက်တိုဘာလ ဖဆပလ နှစ်ချမ်းကွဲချိန်တွင် ဦးနေ၀င်းသည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အာဏာသိမ်းယူကာ ၁၉၆၀ ဧပြီလတွင် အနိုင်ရ ပါတီ ဖြစ်သော သန့်ရှင်းဖဆပလ ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် တရုတ်-မြန်မာ ကပြားဖြစ်သူ ငယ်နာမည် ရှုမောင် (ခေါ်) ဦးနေဝင်းသည် ဦးနုထက် ၄ နှစ်ငယ်ပြီး ဗိုလ်ချုပ်အောင်ဆန်းထက် ၅ နှစ်ကြီးသူ ဖြစ်သည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြီးနောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးကို ဇောက်ချလုပ်နိုင်ရန် အတွက် ဗမာ့ တပ်မတော်မှ နှုတ်ထွက်သွားသော အခါ မဟာမိတ် တပ်ပေါင်းစု သေနာပတိချုပ် 'လောဒ့်လူးဝစ် မောင့်ဘက်တန်' အား မြန်မာ့ တပ်မတော်သစ်တွင် မြန်မာတို့ဘက်မှ ထိပ်တန်း ရာထူး နေရာအတွက် ဗိုလ်လင်္ကျာကို ထောက်ခံ အမည် ပေးခဲ့သည်။ ဗိုလ်နေဝင်းကို မဟုတ်ခဲ့ချေ။ တချိန်တည်း၌ပင် ဗိုလ်လက်ျာ၏ လုပ်ဖော်ကိုင်ဖက် နေရာကို ယူရန်အတွက် အမြဲတမ်း ဗမာ့တပ်မတော်မှ အဆင့်အမြင့်ဆုံး ကရင် အရာရှိ ဖြစ်သည့် ဗိုလ်မှူးကြီး စောကြာဒိုး ကို ခန့်အပ်ရန် စဉ်းစားပေးစေလိုကြောင်း မေတ္တာ ရပ်ခံခဲ့လေသည်။ ထို့ကြောင့် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဖြစ်ပင် ဖြစ်သော်ငြားလည်း ဦးနေဝင်းသည် ၁၉၄၆ ခုနှစ်၊ နောက်ပိုင်းကျမှသာ ယှဉ်ပြိင်သူများကို ရက်ရက်စက်စက် ဖယ်ရှားပြီး ထိပ်ပိုင်းနေရာသို့ မရမနေ စတင် တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁ သြဂုတ်လ ၁၉၄၈ တွင် နေဝင်းအား ဒု-စစ်ဦးစီးချုပ်နှင့် ဒု-သေနာပတိ (တပ်ပေါင်းစု) အဖြစ် ခန့်အပ်ခဲ့ပြီး၊ ၁၃ သြဂုတ်တွင် 'ဗိုလ်ချုပ်' အဆင့်သို့ ရာထူး တိုးမြှင့်ပေးခဲ့သည်။ ၁ ဖေဖော်ဝါရီ ၁၉၄၉ တွင်မှ ဗမာ့ တပ်မတော် စစ်သေနာပတိချုပ် အဖြစ် တာဝန် ပေးအပ်ခဲ့ပြီး၊ ၃ မတ်မှာမှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး ရခဲ့သည်။ ၁ ဇန်နဝါရီ ၁၉၅၆ တွင် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ပေးခြင်း ခံရသည်။ ထို့အပြင် လွတ်လပ်ရေး ရပြီးနောက် ကွန်မြူနစ်များ၊ ပြည်သူ့ ရဲဘော်များ တောခိုသွားပြီး အမှတ် (၁) နှင့် အမှတ် (၃) ဗမာ့ လက်နက်ကိုင်တပ်များ ပုန်ကန်ထကြွသည့် အချိန်တွင် ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့ လက်နက်ကိုင်တပ်သည် အစိုးရ အတွက် တခုတည်းသော မှီခိုအားထားရာ အဓိကမဏ္ဍိုင် ကြီးဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံတော် ကာကွယ်ရေးကို တပြည်လုံး ဖြန့်ကျက်ထားနိုင်ရန် အတွက် ဦးတင်ထွဋ်၏ ပြည်ထောင်စု အရန် တပ်ဖွဲ့များ ကဲ့သို့သော တပ်ဖွဲ့ အသစ်များကို ထူထောင်ခဲ့ရသည်။ ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၂ ခုနှစ် အထိ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဆောင်ရွက်ကာ၊ ၁၉၆၂ ခုနှစ်တွင် စစ်တပ်ဖြင့် နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ ဆိုရှယ်လစ်နိုင်ငံ သမ္မတ အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြိုင်ဝံ့သူမရှိ ဆောင်ရွက်ခဲ့သည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ နောက်ဆုံး နုတ်ထွက်သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ တိုင်အောင် ဗိုလ်ချုပ်ကြီး နေဝင်း၏ (၂၆) နှစ်တာ အာဏာရှင် အုပ်စိုးမိုးမှု ကာလ အတွင်း ပထမဆုံးမှ နောက်ဆုံးအထိ ဗိုလ်ချုပ်ကြီး နေဝင်းသည် မည်သို့သော ပြိင်ဆိုင်မှုနှင့် ဆန့်ကျင်မှုကိုမျှ လက်သင့် မခံခဲ့ချေ။ သူ အာဏာရယူပြီး မကြာမီပင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများက အနည်းငယ်မျှ ဆန့်ကျင်မှု ပြုရာတွင် သူ၏ အမိန့်အာဏာကို သူက ကြေညာပြခဲ့သည်။ သူ၏ လက်မရွံ့ စစ်ဗိုလ် ဗိုလ်မှူးကြီး စိန်လွင်က သူ၏ အမိန့် (တပ်မတော်ကို ထိလာရင် ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင်မယ်) အတိုင်း လက်နက်မဲ့ ကျောင်းသား လူငယ်များကို ရာနှင့်ချီ၍ သတ်ဖြတ် ပစ်ခဲ့သည်။ အမှန်မှာမူ သူ့ကို ထိလာလျှင် တုံ့ပြန် လက်စားချေရန် ဆိုလိုရင်း ဖြစ်သည်။ ဇူလိုင်လတွင် ရာထူးမှ နုတ်ထွက်သော အခါတွင်လည်း "တနိုင်ငံလုံးက လူထုတွေကိုပြောမယ်၊ ဆူဆူပူပူ လုပ်လို့ ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်" ဟု အားကိုးရာမဲ့ တိုင်းသူပြည်သားများအား ကြိမ်းဝါး၍ စစ်တပ်အား လမ်းညွှန် သွားခဲ့သေးသည်။ နောက် ၂ လ အတွင်းတွင် 'သတ်မတော်' အဖြစ် သူပြောင်းလဲခဲ့သော တပ်မတော်သည် မိမိတို့ သွေးရင်းသားရင်း ပြည်သူများကို ထောင်နှင့်ချီ၍ မညှာမတာ သတ်ဖြတ်ပစ်ပြီး သူ့ မိန့်ကြားချက်ကို ချက်ချင်း အကောင်အထည်ဖော် အတည်ပြုပေးခဲ့သည်။ အာဏာရှင်က သူ၏ မဆလ ဥက္ကဋ္ဌ ရာထူးနှင့် ဗိုလ်ချုပ်ကြီး စန်းယု နုတ်ထွက်ပေးထားသော သမ္မတ ရာထူးတို့ကို သူ၏ အရင်းနှီးဆုံး ခြံပေါက်များ ဖြစ်သည့် ပထမဦးစွာ စိန်လွင် (၂၀ ရက် သက်တမ်း) နှင့် ထို့နောက် ဒေါက်တာမောင်မောင် (၃၀ ရက် သက်တမ်း) တို့ထံ မသိမြဲ မသိဘာသာဖြင့် လက်လွှဲပေးခဲ့သည်။ နိုင်ငံသားများက အုံ့ကလာရာတွင် နေဝင်းကိုယ်တိုင် တပ်မတော်၏ ထိပ်ပိုင်း ဗိုလ်ချုပ်များနှင့် အရာရှိများကို ဆင့်ခေါ်ပြီး အမြင့်ဆုံး ရာထူးရှင် ဗိုလ်ချုပ်ကြီး စောမောင်ကို စက်တင်ဘာ ၁၈ ရက်တွင် အာဏာသိမ်းခိုင်းပြီး နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ငြိမ်ဝပ်ပိပြားရေး ကောင်စီ (ယခု နအဖ - နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖြစ် အမည်ပြောင်းထား) ကို ဖွဲ့စည်းစေခဲ့သည်ဟု ယုံကြည်ရသည်။ ရှုမောင်သည် အငယ်တန်း စာရေးလေး အဖြစ် အလုပ်လုပ်ဖက် ဒေါ်တင်တင်ကို ၁၉၃၀ ခုနှစ်လည်တွင် လက်ထပ်ခဲ့ပြီး သား ၂ ဦး ထွန်းကားခဲ့သည်။ သူတို့ ကွဲပြီးနောက် မနာလို ဝန်တိုပြီး ဒေါသနှင့် အာဃာတတရား ကြီးမားလှသည့် ဗိုလ်ချုပ်ကြီး နေဝင်း အဖြစ် မစ္စစ် ကေတီတောင်ကြီး (ခ) ကေတီဘသန်း (ခ) ခင်မေသန်းကို ၁၉၅၀ ခုနှစ် အစောပိုင်းတွင် လက်ထပ်ခဲ့သည်။ သူ့တွင် သမီး သုံးဦး ပါရှိလာခဲ့ပြီး နေဝင်းနှင့် သမီး ၂ ယောက်၊ သား ၁ ယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၇၀ ခုနှစ်လည်တွင် ဒေါ်ကြာဆန်ဟု ခေါ်သော ရခိုင် အမျိုးသမီး တဦးကို ဇနီးမယား ပြုခဲ့သည်ဟု ကောလာဟလ ဖြစ်ခဲ့သည်။ ကုန်းဘောင်မင်းဆက်မှ ဘုရင် မင်းတုန်းမင်း၏ မြစ်တော်သူ ဂျွန်ရို့စ် ဘယ်လာမီ (June Rose Bellamy) (ခ) ရတနာနတ်မယ်ကို ၁၉၇၅/၇၆ ခုနှစ်တွင် တရားဝင် လက်ထပ်ခဲ့ပြန်သည်။ ယင်းအိမ်ထောင်မှာလည်း ခေတ္တမျှသာ ခံပြီး အိမ်တွင်း ရန်ဖြစ်မှု အတွင်း ဆေးလိပ်ပြာ ဖန်ခွက်ဖြင့် ပစ်ပေါက်မှုနဲ့ အဆုံးသတ် သွားခဲ့သည်။ မည်သူက စပစ်ပေါက်သည်နှင့် ပတ်သက်၍ သတင်းပြန့်ပွားမှု အတွင်း ဝိဝါဒ ကွဲလွဲမှုများ ရှိခဲ့သည်။ နောက်ဆုံး သိရှိရသည့် လက်ထပ်ထိမ်းမြားမှုမှာ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ သုတေသန ကထိက ဒေါ်နီနီမြင့်နှင့် ဖြစ်သည်။ သူ့နှင့် ကွဲပြီး ပြန်လည် လက်ထပ်ပြန်သည့် အတွက် ယင်းကို နှစ်ကြိမ်ဟု တွက်လျှင် စုစုပေါင်း (၆) ကြိမ် ရှိသည်။ ၂၀၀၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့၌ နေဝင်း၏ ကြာမြင့်လှသော တဦးတည်း စစ်အာဏာရှင် အုပ်စိုးမှုသည်လည်း နောက်ဆုံးတွင် အပြီးတိုင် လုံးဝဥဿုံ ပြိုကျ ပျက်ဆီးသွားခဲ့ပြီး၊ သူ့မိသားစုသည်လည်း အလားတူ ကျဆုံး သွားရတော့သည်။ သူ၏ အချစ်ဆုံး သမီး ခင်စန္ဒာဝင်း၏ ယောက်ျား အေးဇော်ဝင်းနှင့် သူတို့၏ သားသုံးဦး ဖြစ်သူ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့မှာ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီး ခံခဲ့ကြရသည်။ ထိုအမှုတွင် ခင်စန္ဒာဝင်းလည်း အတွင်းကျကျ ပါဝင် ပတ်သက်ခဲ့သည်ဟု ဆိုသော်လည်း အစွပ်စွဲခံရသော ယောက်ျား ၄ ဦးကိုသာ ထောင်ထဲ ဆွဲသွင်းခဲ့ပြီး စန္ဒာဝင်းနှင့် သူ့၏ အဖေ အာဏာရှင်အိုကြီးကို အိမ်တွင်း အကျယ်ချုပ် ချခံခဲ့ကြရသည်။ နိုင်ငံတော် အာဏာကိုသိမ်းရန် ပူးပေါင်း ကြံစည်မှုဖြင့် တရားစွဲခံရသူ ၄ ဦးကို ၉ လကြာ နိုင်ငံတော် ပုန်ကန်မှုဖြင့် စစ်ဆေး တရားစီရင်ကာ သေဒဏ် အပြစ် ပေးခဲ့သည်။ သူတို့အား စီရင်မည့်ရက်ကို မသတ်မှတ်သေးသော်လည်း၊ သူတို့မှာ သေဒဏ်ကျခံရန် ထောင်တွင်း တနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ထို့နောက် အာဏာရှင်အိုကြီးမှာ အကျယ်ချုပ် ကျနေစဉ် ၂၀၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ရန်ကုန်မြို့ နေအိမ်တွင်ပင် သေဆုံးသွားသည်။ အာဏာသိမ်းခြင်း တော်လှန်ရေးကောင်စီ အမည်တွင်သော ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်သည် ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ အာဏာသိမ်းခဲ့သည်။ နိုင်ငံခေါင်းဆောင်ကာလ မြန်မာနိုင်ငံ ၀န်ကြီးချုပ်အဖြစ် ၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ ၎င်း၊ ၁၉၆၂ မှ ၁၉၈၈ အထိ နိုင်ငံတော်သမ္မတ၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ၊နိုင်ငံတော်ကောင်စီ ဥက္ကဌ တာဝန်များ ကိုထမ်းဆောင် ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲစည်း တည်ထောင် ခဲ့သူလည်းဖြစ်ပါသည်။ ၁၉၆၂ တွင် တော်လှန်ရေးကောင်စီ အာဏာရလာကာ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ သွေးမြေမကျ တော်လှန်ရေးဟု ကမ္ဘာမီဒီယာများမှ ဖော်ပြခဲ့သော်လည်း သမ္မတဟောင်း စဝ်ရွှေသိုက် ၏သားငယ်မှာ စစ်သားတစ်ဦး၏ သေနတ်ဒဏ်ကြောင့် ကွယ်လွန်ခဲ့သည်။ ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ်ကျောင်းသားတစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦး လည်းပျက်စီးခဲ့ရသည်။ ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်မှာ ဦးနေ၀င်းမှ ရေးဆွဲထားသော စနစ်တစ်ခုဖြစ်သည်။ ဦးနေ၀င်းသည် “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ တစ်ပါတီစနစ်ဖြင့် ၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သည်။ ထိုအစိုးရသည် နိုင်ငံရေးသမားများကို ထောင်သွင်း အကျဉ်းချခြင်း အပါအ၀င် တိုင်းရင်းသားများ နှင့် ကွန်မြူနစ်များကို စစ်တပ်ဖြင့် ချေမှုန်းခဲ့သည်။ ၁၉၇၄ မတ်လ ၂ ရက်နေ့တွင် “ပြည်ထောင်စု ဆိုရှယ်လစ် မြန်မာနိုင်ငံတော်” အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဗိုလ်ချုပ်စိန်ဝင်းသည် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၈၁-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစန်းယုသည် သမ္မတ ဖြစ်လာခဲ့သော်လည်း ၁၉၈၈-ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ပါတီခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဘ၀ အိမ်ထောင်ငါးဆက်ကျခဲ့သည်။ ပထမဆုံး ဒေါ်တင်တင် နှင့် အိမ်ထောင်ကျကာ ဦးငွေစိုး ကို မွေးဖွားခဲ့သည်။ ဒုတိယ ဒေါ်ခင်မေသန်း နှင့် အိမ်ထောင်ကျကာ ဒေါ်ကြေးမုံဝင်း ၊ ဒေါ်စန္ဒာဝင်း တို့ကို မွေးဖွားခဲ့သည်။ ဒေါ်ခင်မေသန်း ၁၉၇၂-နှစ်တွင် ကွယ်လွန် သောအခါ ဒေါ်နီနီမြင့် (တက္ကသိုလ်ဆရာမ)နှင့် လက်ဆက်ခဲ့သည်။ ထို့နောက် ရတနာနတ်မယ်နှင့် အိမ်ထောင်ပြုခဲ့သည်။ နောက်ဆုံး ဒေါ်နီနီမြင့် နှင့် ပြန်လည်အိမ်ထောင်ပြုခဲ့ပါသည်။ ကွယ်လွန်ခြင်း ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် လူ (၂၅) ယောက်ခန့်သာ လိုက်ပါ ပို့ဆောင်ခွင့်ပေးခဲ့သည်။ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရန်ကုန်မြစ်အတွင်း မျှောခဲ့သည်။ သံဝေဂရဖွယ် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) သည် သူ၏ဈာပနကို တပ်မတော်စစ်သချိုင်း (မင်္ဂလာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။ ထင်ရှားသောလုပ်ဆောင်ချက်များ ပြည်တွင်းလက်နက်ကိုင်ဆူပူသောင်းကြမ်းမှု့ ကိုအောင်မြင်ခြင်း၊ ကူမင်တန်တရုတ်ဖြူတို့၏ ပြည်ပကျူးကျော်မှု့ကိုအောင်မြင်ခြင်း၊ ဆိုရှယ်လစ်စနစ်ကိုထူထောင်ခြင်း၊ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခြင်း၊ မဟာဝိဇယျစေတီတော်ကိုတည်ဆောက်ခြင်း၊ နိုင်ငံတော်မှလှည့်လှယ်သုံးစွဲနေသောငွေကြေးများကို တရားမ၀င်ငွေစက္ကူများအဖြစ် အကြိမ်ကြိမ်ကြေငြာခဲ့ခြင်း၊ https://sites.google.com/site/myanmarsite1/home/au > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ

ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမ

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ ----------------------------------------------------- ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။ ဆေးနည်း(၁) ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။ ဆေးနည်း(၂) ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။ ဆေးနည်း(၃) စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။ သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း ကျန်းမာရေးသတင်းများ www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပါ

အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပါ ဖူးကျော်ဇင် (Future Wave) JOB seekers Journal Vol.2,No.45 အလုပ်လုပ်တဲ့နေရာမှာ တချို့တွေက ထိပ်တန်းအောင်မြင်မှုတွေ ရရှိကြပါ တယ်။ တချို့ကတော့ သာမန်ပါပဲ။ တချို့တွေကတော့ အဆင်မပြေမှုတွေ ရှုံးနိမ့်မှုတွေနဲ့ပဲ တွေ့နေရတတ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေကွာခြားသွား ကြတာဟာ သူတို့ရဲ့ အားထုတ်လုပ်ဆောင်မှုတွေ လုံ့လ ၀ီရိယတွေ ကွာခြား သွားကြလို့ပါပဲ။ ရှုံးနိမ့်မယ့်သူတွေကတော့ စိတ်မပါတပါ လုပ်ကြပါတယ်။ လုပ်ချင်ယောင်ဆောင်တတ်ကြပါတယ်။ အဖြစ်သဘောလုပ်တတ်ကြပါတယ်။ သာမန်သူတွေကတော့ တတ်နိုင်သလောက် ကြိုးစားလုပ်ကြပါတယ်။ အဆင်ပြေသလိုလုပ်ကြတာလည်းရှိပါတယ်။ လူတော်တွေကတော့ အကောင်းဆုံးလုပ်ဆောင်တတ်ကြပါတယ်။ အလုပ်ဖြစ်အောင်လုပ်တတ်ကြ ပါတယ်။ အောင်မြင်မယ့်သူတွေကတော့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်တတ် ကြပါတယ်။ ၀ီရိယပြင်းပြင်းနဲ့ လုံ့လစိုက်ပြီး လုပ်ဆောင်တတ်ကြပါတယ်။ လူတစ်ယောက်ဟာ မိမိမှာရှိနေတဲ့ အစွမ်းအစတွေကို ထုတ်သုံးဖို့ စိတ်အား မထက်သန်တဲ့အခါ ခြေထော့ကျိုးအရှုံးသမား စိတ်ဓာတ်မျိုးတွေ ၀င်လာတတ် ပါတယ်။ ခြေထော့ကျိုး အရှုံးသမားဆိုတာက ဒီလိုပါ။ ဘောလုံးပွဲတစ်ပွဲတစ်ပွဲ ကို သွားကြည့်တဲ့အခါမှာ တစ်ဖက်အသင်းက ဘောလုံးသမားတွေ က နောက်ခံလူတွေကို ကျော်တက်သွားတယ်။ နောက်ဆုံး ဂိုးဧရိယာထဲ ကို ရောက်အောင် အဆင့်ဆင့်ပေးပြီး ကစားသွားကြတယ်။ နောက်ခံလူတွေ က အသည်းအသန်ပြေးလိုက်ကြတာပေါ့။ ဂိုးဧရိယာနဲ့ ကိုက် (၂၀) လောက် အကွာ ရောက်လာတဲ့အခါ တစ်ဖက် နောက်ခံလူက ဒီလူကို မမီနိုင်တော့ပါ ဘူးဆိုပြီးလက်လျှော့လိုက်တယ်။ ဒီအခါ အဲ့ဒီ နောက်ခံလူက ခြေထောက် ကို ထော့ကျိုး-ထော့ကျိုး လုပ်ပြလိုက်တာပေါ့။ ပရိသတ်ကတော့ သူမမီတာ သူ့ခြေထောက်တစ်ခုခု ထိခိုက်သွား လို့ဖြစ်မှာပါလို့ ပြောကြတယ်။ဒါကိုပဲ ခြေထော့ကျိုးအရှုံးသမားစိတ်ဓာတ် လို့ ခေါ်တာပေါ့။ သင်ရော အောင်မြင်မှုတစ်ခုကို ရရှိဖို့အတွက် ကြိုးပမ်းအား ထုတ်နေတဲ့အချိန်မှာ မဖြစ်နိုင်တော့ပါဘူး၊ ရမှာမဟုတ်ပါဘူး ဆိုပြီး ယုံကြည်မှု လျော့နည်းတဲ့ပုံစံမျိုးနဲ့ ခြေထော့ကျိုး အရှုံးသမားလို မူယာ မာယာ များခဲ့ဖူးပါသလား။ အောင်မြင်သူတိုင်းဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို မလျော့သော ဇွဲလုံ့လနဲ့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ ဘယ်တော့ မှ ခြေထော့ကျိုးအရှုံးသမားလို့လုပ်ဖို့ မစဉ်းစားပါနဲ့။ အောင်မြင်ချင်တာ မှန် တယ်ဆိုရင်ပေါ့။ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို အကုန်ထုတ် မသုံးကြခြင်း ဟာ ခြေထော့ကျိုး စိတ်ဓာတ်ဝင်နေကြလို့ပါပဲ။ အောင်ြမင်မှုရချင်ရင် ဒီစိတ် ဓာတ်ကို အရင်ဆုံး ဖယ်ရှားပစ်ရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အစွမ်းကုန်ထုတ်သုံးပြီး ကြိုးစားလုပ်ဆောင်ကြတဲ့ အခါ မှာ အောင်မြင်မှုတွေ ရရှိခဲ့တာကို ကြုံဖူးကြမှာပါ။ တစ်ခါတစ်ရံမှာ လူတွေရဲ့ အစွမ်းသတိ္တတွေဟာ အခက်အခဲတွေ၊ ဘေးကျပ်နံကျပ် အချိန်မျိုးတွေမှာ ထွက်ပေါ်လာတတ်ပါတယ်။ အိမ်မီးလောင်နေတဲ့အချိန်မှာ လူတစ်ယောက် အနေနဲ့ သယ်မဖို့မဖြစ်နိုင်တဲ့ မနိုင်ဝန်မျိုးတွေကို သယ်ဆောင်ပြေးလွှားနိုင် ကြပါတယ်။ အန္တရာယ်ပေးမယ့် တစ်စုံတစ်ယောက် အနောက်က လိုက်လာ ရင်လည်း ရိုးရိုးပြေးမှာမဟုတ်ပါဘူး။ ရှိသမျှ အစွမ်းတွေအကုန်ထုတ်ပြီး လွတ်အောင်ပြေးလွှားမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာမှ လူတွေက ကိုယ့်မှာ ရှိနေပြီးသား အစွမ်းတွေ ကို အစွမ်းကုန်ထုတ်သုံးမယ့်အစား ကြိုးစားအားထုတ်မှုတိုင်းမှာသာ အစွမ်းကုန်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုဟာ ပြေးလို့ မလွတ်ပါဘူး။ ဘ၀မှာ အောင်မြင်မှုတွေ ရရှိချင်တာ သေချာရင်ရုန်းကန်နေရုံနဲ့ မပြီးပါ ဘူး။ ရုန်းထွက်မှသာလျှင် လွတ်မြောက်မှာ ဖြစ်ပါတယ်။ အများစုကတော့ ရုန်းကန်ဖို့ပဲ စဉ်းစားကြတယ်။ဘာအစွမ်းအစမှ ထက်ထက်သန်သန်မပါ ဘဲနဲ့ပေါ့။ ရုန်းကန်နေရင် လှုပ်ရှားနေရမယ်။ ရုန်းထွက်မှ လွတ်မြောက်မှာ ဖြစ်ပါ တယ်။ ကြွက်တစ်ယောက်ဟာ ကြောင်ကြီး တစ်ယောက်လိုက်လို့ ပြေးတဲ့ အခါမှာ လွတ်မြောက်လိုစိတ်နဲ့ အစွမ်းကုန်ပြေးတာဖြစ်ပါတယ်။ ဘ၀မှာ ကြုံတွေ့ရတဲ့ ဒုက္ခအခက်အခဲတွေဟာ ကိုယ့်နောက်က လိုက်နေပြီဆိုရင် ရပ်တန့်နေရုံ၊ ရုန်းကန်နေရုံနဲ့ မပြီးပါဘူး။ ဒီဒုက္ခ ဆင်းရဲတွင်းတွေ၊ အခက် အခဲတွေကနေ လွတ်မြောက်ဖို့အတွက် အားကုန်ရုန်းထွက်လိုက်ဖို့လိုပါတယ်။ တစ်ခါက ပညာရှိကြီးတစ်ယောက်ဆီကို သူပညာသင်ပေးခဲ့တဲ့ တပည့် တစ်ယောက်က ရောက်ရှိလာပါတယ်။ ပြီးတော့ သူက ဆရာကြီးကို ရန်ရှာ တယ်။ “ဒီမယ်ဆရာကြီး - ဆရာကြီးက ကျုပ်နဲ့ ကျုပ်သူငယ်ချင်းကို ပညာတွေ အတူတူသင်ကြားပေးခဲ့တယ်။ဒါပေမဲ့အခုချိန်မှာ ကျုပ်သူငယ်ချင်းကအောင်မြင် ချမ်းသာနေပြီ။ ကျုပ်ကတော့ ဘာမှ မဖြစ်သေးဘူး။သေချာတာကတော့ ဆရာ ကြီး ကျုပ်သူငယ်ချင်းကို ကျုပ်မသိအောင် ပညာတွေ ပိုသင်ပေးထားလို့ပဲဖြစ် ရမယ်။ ဆရာကြီးက မျက်နှာလိုက်တာလားဗျ။” ဒီအခါမှာ ဆရာကြီးကဘာမှ ခွန်းတုန့်ပြန်ပြီး ပြောမနေတော့ဘဲ သူ့ကို ရန်လာရှာတဲ့ သူ့တပည့်ကို ဦးခေါင်းကနေကိုင်ပြီး ရေဇလုံကြီး တစ်ခုထဲကို ဆွဲနှစ်တော့တာပါပဲ။ တပည့်လည်း ဘုမသိ ဘမသိနဲ့ ရေထဲ အနှစ်ခံလိုက် ရပါတယ်။ အတင်းရုန်းပေမယ့် ဆရာကြီးရဲ့ ခွန်အားကြောင့် တော်ရုံနဲ့ ရုန်းလို့ မရနိုင်ပါဘူး။ ကြာတော့ ရေထဲမှာ တော်တော်မွန်းကြပ်လာတယ်။ ပါးစပ်တွေ နှာခေါင်းတွေထဲ ရေတွေအလုံးအရင်း ၀င်ရောက်လာတယ်။ သူရုန်းတာပဲ။ ရုန်းလို့မရဘူး။ ဒီအတိုင်းဆို မကြာခင်သူသေရ တော့မယ်။ ဒါနဲ့ပဲ ရှိသမျှ အားအင်တွေစုပြီး အစွမ်းကုန် ကြိုးစားရုန်း ထွက်ပစ်လိုက်တယ်။ ရေဇလုံကြီးလည်း မှောက်သွားတယ်။ ဆရာကြီးကိုလည်း တွန်းလှဲပစ် လိုက်တယ်။ ရေတွေကို အန်ထုတ်ပြီးလေကို အ၀ရှုပစ်လိုက်တယ်။ ပြီးတော့ ဆရာကြီးကို ပြောတယ်။ “ဒီမယ် ဆရာကြီး- ခင်ဗျားက ကျုပ် ကို အောင်မြင်အောင်မသင်ပေးရုံမကဘူး ကျုပ်ကို ပါသေကြောင်းကြံနေ တာ လားဗျ” လို့ အော်ဟစ်မေးတယ်။ ဒီတော့မှ ဆရာကြီးကမေးပါတယ်။ “မင်း ရေထဲမှာ နစ်မွန်းနေတော့ ဘာဖြစ်သလဲ” တဲ့။ “ဟာ ဆရာကြီး - ခင်ဗျားမေးမှ မေးရက်တယ်။ ရေထဲနစ်နေတော့ အသက်ရှုကြပ်တာပေါ့။ မွန်းကြပ်တာပေါ့။ ဒီလို ဒုက္ခမျိုး ခင်ဗျားခံစားကြည့် ပါလား။” လို့ ပြန်အော်တယ်။ ဆရာကြီးက “ ဒီတော့ မင်းဘာဖြစ်ချင်သလဲ၊ ဘာလုပ်ခဲ့သလဲ” လို့ မေး တယ်။ “ဟာ .. ဒီအတိုင်းနေရင် ကျုပ်သေသွားမှာပေါ့။ ဒီတော့ ကျုပ် ရှိသမျှ ခွန်အားနဲ့ အစွမ်းကုန် ရုန်းထွက်ခဲ့တာပဲ။” ဒီတော့မှ ဆရာကြီးက သူ့တပည့်ကိုပြောလိုက်ပါတယ်။ “ အေး... မင်းသူငယ်ချင်းကအဲ့လို ကြိုးစားခဲ့လို့ အောင်မြင်ခဲ့တာကွ။ မင်းတို့ကို ငါပညာ သင်ပေးခဲ့တာ အတူတူပဲ။ မင်းရေနစ်နေတုန်းက လွတ်မြောက်ချင်တဲ့ စိတ်ပြင်းပြမှုဖြစ်သလို ဘ၀မှာ အဲ့လို စိတ်ဓာတ်နဲ့ အစွမ်းကုန် ကြိုးစား လုပ်ဆောင်မယ်ဆိုရင် မင်းသူငယ်ချင်းလိုပဲ မင်းအောင်မြင်မှုတွေရလာမှာပါ” လို့ သင်ခန်းစာပေးခဲ့ပါတယ်။ ကံချင်းတူရင် ဥာဏ်သာတဲ့သူက ပိုအောင်မြင်သွားမှာပါပဲ။ ကံချင်း ဥာဏ်ချင်း တူတယ်ဆိုရင်တော့ ၀ီရိယသာတဲ့သူက ပိုအောင်မြင်မှာဖြစ်ပါ တယ်။ စာဖတ်သူတွေလည်း အောင်မြင်မှုတစ်ခုရရှိဖို့အတွက် ဘယ် လောက် အထိ ၀ီရိယပြင်းပြင်းစိုက်ထုတ်လုပ်ဆောင်ခဲ့ဖူးပါသလဲ။ အောင်မြင်လိုတဲ့ အရာတစ်ခုအတွက် အစွမ်းကုန်ကြိုးစား လုပ်ဆောင်ခဲ့ဖူးပါသလား။ ဘယ်နယ် ပယ်မှာမဆို အောင်မြင်မှု ထိပ်တန်းတစ်နေရာကို အမြန်ဆုံးရောက်ချင်တယ် ဆိုရင်တော့ ကိုယ့်မှာ ရှိသမျှ အစွမ်းအစတွေကို အကုန်ထုတ်သုံးပြီး ကြိုးစား လုပ်ဆောင်မှ ရပါလိမ့်မယ်။ ဒါကြောင့် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ရင်းနဲ့ ထိပ်တန်းအောင်မြင်မှုတွေရရှိနိုင် ပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်း လိုက်ပါတယ်ဗျာ။ Let's Fly Together ! ဖူးကျော်ဇင် (Future Wave)

ဘီးပေါက်လျှင် တိမ်းမမှောက်စေဖို

ဘီးပေါက်လျှင် တိမ်းမမှောက်စေဖို့ ------------------------------------- အဝေးပြေးလမ်းများတွင် ကားတာယာရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။ ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် ``ရုတ်တရက်တာယာပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။ *၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။ တာယာပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။ **၂။ တာယာပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကားရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။ ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။ ***၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ ကားတာယာပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။ ****၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ ရှေ့ကားဘီးပွင့်ပါက သင့်ကား၏ တည်ငြိမ်မှုကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ၀ဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။ `၀ဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `၀ဲ´ဘက်ချိုးချပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။ သို့မှသာ ကားမှာ လမ်းအတိုင်း တည့်တည့်တရွတ်တိုက် ရွေ့မည်ဖြစ်သည်။ *****၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန် အဓိကအချက်ဖြစ်သော ကား၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကားကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကားကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။ ******၆။ ကားအရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း ကားကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။ အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာကျွတ်သွား၍ ကျန်သောကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။ ကားရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။ Credit >>>> Pyi Sae Automarket

ဂုဏ်တက်ချင်ရင် မိမိကိုယ်ကို အနားမပေးနဲ

ဂုဏ်တက်ချင်ရင် မိမိကိုယ်ကို အနားမပေးနဲ့  ++++++++++++++++++++++++++++ ပြိုင်ပွဲကို ပြိုင်ခွင့်ရရဲ့သားနဲ့  ၀င်မပြိုင်တဲ့သူတွေထက် ၀င်ရောက်ယှဉ်ပြိုင်တဲ့သူက တကယ့်လက်တွေ့ နယ်ပယ်မှာ လုပ်နိုင်စွမ်းအားတွေ ပိုရှိနေတာ တွေ့ ရတတ်ပါတယ်။ ပြိုင်ပွဲဝင် သမားတစ်ယောက်ဟာ သူ့ အတွက် နေရာတစ်ခုတော့ နောက်ဆုံး ရစမြဲပါ။ ပြောချင်တာက ထိပ်ပိုင်းမရောက်တောင် အလယ်အလတ်ရနိုင်သလို အနည်းဆုံး နှစ်သိမ့်ဆုဆိုတဲ့ နေရာကိုတော့ သူထိုက်တန်စွာ ဆွတ် ခူး ရရှိမှာပါ။ ပြိုင်လိုတဲ့ ဆန္ဒရှိဖို့ ကသာ အရေးကြီးပါတယ်။ မပြိုင်လိုတဲ့သူ အတွက်တော့ နေရာ ဘယ်မှာ ရှိပါ့မလဲ။ ကိုယ်က ဘ၀မှာ အမြဲပြိုင်နေရတာ ဖြစ်တယ်။ သူများနဲ့ ပြိုင်ဖို့ ဆိုတာထက် ယနေ့ နဲ့ မနက်ဖန်မှာ မိမိရဲ့ လုပ်နိုင်စွမ်းတွေကို ပြိုင်နေရမယ်။ လူတွေက နောက်ဆုံးမှာ တစ်သက်တာ အနားယူမှုဆိုတာ ရကို ရရှိမှာပါ။ ဒီအခါ မနားချင်လည်း နားရမှာပါ။ အခုနေ မနားပါနဲ့ ဦး။ မိမိကိုယ်ကို ခိုင်းထား စမ်းပါ။ ဒီလိုမှ မဟုတ်ရင် သူများခိုင်းတာ လုပ်ဖို့ သာ ပြင်ထားပေါ့။ ကိုယ့်စိတ်နဲ့ ကို ခိုင်းထားတော့ သူများခိုင်းတာထက် စာရင် ကျေနပ်မှုတွေ ပိုရတာပေါ့။ ပြီးတော့ ကိုယ်ပိုင် အစွမ်းအစတွေလည်း လေ့ကျင့်ပါများတော့ ကျွမ်းကျင်တိုးတက် လာတာပေါ့။ ဘ၀မှာ စတင်ပျိုးထောင်ပေးတဲ့ အချိန်က သိပ်အရေးကြီးပါတယ်။ လူ့ ဘ၀စပြီဆိုတာနဲ့  ပထမဆုံးလုပ်ရမှာက သစ္စာရှိဖို့  စတင်ပျိုးထောင်ရမယ်။ ပြီးရင် လူ့ ပတ်ဝန်းကျင် စည်းမျဉ်း၊ စည်းကမ်းတွေကို ဆက်လက် သင်ယူရမယ်။ သစ္စာတရားဆိုတာ သူများအပေါ်ကို စောင့်သိတတ်ရသလို၊ မိမိစိတ်အပေါ်မှာလည်း သစ္စာရှိရမယ်။ ဆိုလိုချင်တာက ကိုယ့်လုပ်နေတဲ့ အလုပ် ကို ကိုယ်ကိုတိုင် တန်ဖိုးထားရမယ်။ မိမိဘ၀မှာ မှန်ကန်စွာ ရွေးချယ်နိုင်တဲ့ သတ္တိမျိုး မွေးဖွားနိုင်ရမယ်။ သစ္စာရှိမှ စည်းကမ်းဆိုတာကို ကောင်းကောင်းထိန်းနိုင်ပါမယ်။ လူတစ်ယောက်ဟာ စည်းကမ်းကို တာဝန်တစ်ခုအရ ထိန်းခြင်းထက် မိမိနှလုံး သားထဲကနေ စောင့်ထိန်းရမယ်ဆိုတဲ့ အသိနဲ့ ထိန်းနိုင်ရမယ်။ ဒါကို ထိန်းနိုင်ဖို့  မိမိနှလုံးသားက သစ္စာတရားကို စောင့်သိတတ်ဖို့ လိုတယ်။ ဒီနေရာမှာ ပြောချင်တဲ့ အရာတိုင်းဟာ မျိုးဆက်သစ်လူငယ်တွေကို အဓိကထားပါတယ်။ သစ်တဲ့ ပစ္စည်းတိုင်းတော့ တန်ဖိုးမရှိဘူးပေါ့။ သို့ သော် တန်ဖိုးရှိလာအောင်၊ အရည်အသွေးတွေ တက်လာအောင် လုပ်ဆောင်ရမယ်။ ပတ္တမြားရဲ့ အရောင်ဟာ ပတ်ဝန်းကျင်ကို ထင်ဟပ်သကဲ့သို့  လူတစ်ယောက်ရဲ့ တန်ဖိုးဂုဏ်အရောင်ကလည်း လူ့ ပတ်ဝန်းကျင်ကို ထင်ဟပ်ပါ တယ်။ ဂုဏ်ရှိန်တက်ဖို့ ဘ၀မှာ နားနေလို့ မရပါဘူး။ အလုပ်ဆိုတာကို လုပ်ရလိမ့်မယ်။ အလုပ်ဟာ တန်ဖိုးဂုဏ်ကို ရရှိစေတယ်ဆိုတာ သိထားပါ။ True Man
အိပ်ယာဝင်ခါနီး ရေတစ်ခွက်သောက်ပါ အိမ်ယာဝင်ခါနီး ရေသောက်ပြီး အိပ်ပါက နှလုံးရောဂါကို ကာကွယ်ပေးနိုင် ပါတယ်။ ဒါ့အပြင် နှစ်ချိုက်စွာ အိပ်ပျော်စေပြီး ခန္ဓာကိုယ် အတွက် ခွန်အားရှိစေမှာ ဖြစ်ပါတယ်။ ရေသောက်ပြီး အိပ်ခြင်းက မျက်နှာ အဆီပြန်ခြင်းကို လျော့နည်း စေပြီး အသားအရေ အတွက်လည်း ကောင်းမွန် စေတာကြောင့် ရေတစ်ခွက် သောက်ပြီးမှ အိပ်ဖို့ အကြံပြု ပါရစေ။
သိပ် တွေး မနေနဲ့ ... လုပ်စရာ ရှိတာ အပြေး ထလုပ် လိုက်... " တခါတလေ သိပ်တွေးလွန်းတာဟာ မလိုအပ်ပဲ ပိုပြီး ရှုပ်ထွေးစေတယ် ... လုပ်ရင်း ပေါ်လာမယ့် ပြသနာ တွေ အတွက်လည်း အချိန် ပေးရ ဦး မယ်... တစ်ချို့ ပြသနာတွေကျတော့လည်း စဉ်းစားနေတုန်းသာရှိတာ ... တကယ် ထလုပ်လိုက်တော့ ထင်သလောက် မခက်ဘဲ အလိုလို လွတ်ကွက် ပေါ်လာတာမျိုး ... ဒီတော့ တွေးပြီး တာနဲ့ ထ လုပ် ... လုပ်ပြီးမှ ပြန် တွေး ... " တွေးရင်း လုပ် ...လုပ် ရင်း တွေး..." " တွေးရင်း လုပ် ...လုပ် ရင်း တွေး..." :) လေးစားလျှက် ကိုဇင်ဇေ ( Admin at https://www.facebook.com/myanmardream ) <<< တိုးတက်အောင်မြင်ဖို့ ပညာ၊စီးပွါး၊အလုပ် ရှာဖွေနေသူ မြန်မာ တိုင်း အတွက် ======================== အထက်ပါ စာစုကဲ့သို့သော တိုးတက်အောင်မြင်ရေး နှင့် အသိပညာ ဆောင်းပါးများ ကို မိမိ ဖုန်းမှ မလွတ်တမ်း ဖတ်ရှုလိုပါက အောက်ပါ လင့်မှ ဖိုင်ကို ရယူသုံးစွဲနိုင်ပါတယ် ခင်ဗျာ... :) http://goo.gl/JWMWXb - Virus / ကြော်ငြာလင့် မဟုတ်ပါ ခင်ဗျာ ... ယုံကြည်စိတ်ချစွာ ကလစ် နှိပ်ပြီး Download သွားရောက် ရယူနိုင်ပါတယ် ခင်ဗျာ... :)
ဗိုက်ချပ် အဆီကျလိုလျှင် (အရမ်းကောင်းသောအူဆေးနည်း) ဆေးသောက်စရာမလိုပဲ အ၇မ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံ၇ပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။ ၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။ (ဥပမာ – ယနေ့ မနက် ၇နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇နာရီထိ)။ ၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ၀င်အောင် သောက်ပေးရပါမယ်။ ၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။ ၅။ ၂၄ နာရိ ပြည့်သည်နှင့် ရေနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။ ၆။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ၀က်ခန့် လဲလျောင်း နား နေရပါမယ်။ ၇၊ ၀မ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။ ၈။ ထိုသွားသော ၀မ်းသည် အလွန် နံဟောင်သော ၀မ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။ ၉။ ၄ခါ ၅ခါ ခန့်သွားပီး အ၇ည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။ ၁၀။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကိုေ၇ှာင်ကြဉ်ပေးရပါမည်။ နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံး၇ပါမည်။ ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။ ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။ မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။ ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များေ၇ညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားေ၇နွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်။ ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။ သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့၇ပါမည်။ သတိပြုရန်မှာ။ ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊ ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။ Credited to: စုံစိ အကုန်၊ သတင်းစုံ
ဒီစာကိုဖတ်မိတာ သင်ကံကောင်းလို့ပါ << > သင့်မှာ ရေခဲသေတ္တာထဲမှာ စားစရာရှိနေတယ် ခါးကိုအလှဆင်ဖို့ရာ အဝတ်အစားတွေရှိနေတယ် သင့်ခေါင်းပေါ်မှာခေါင်မိုးတစ်ခုရယ် နောက်ကျောခင်းအိပ်စရာ နေရာတစ်ခုရှိနေတယ်ဆိုရင် သင်ဟာ ကမ္ဘာမှာရှိတဲ့ ၇၅ ရာခိုင်နှုန်းသော လူတွေထက်ပိုမိုချမ်းသာပါတယ်။ > သင်ဟာဘဏ်ထဲမှာရော သင့်ပိုက်ဆံအိတ်ထဲမှာရော နောက်ပြီး အလွယ်သုံးစရာ အကြွေငွေစလေးတွေရှိနေရင် သင်ဟာ ကမ္ဘာမှာ ၈ ရာခိုင်နှုန်းသာလျှင်ရှိတဲ့ ချမ်းသာသူစာရင်းဝင်ဖြစ်နေပါပြီ။ > သင်ဟာ ဒီကနေ့မနက်မှာ နေမကောင်းဖျားနာဘာမှမဖြစ်ဘဲ အိပ်ရာက ကျန်းမာစွာ နိုးထလာတယ်ဆိုရင်တော့ ဒီတစ်ပတ်အတွင်းကမ္ဘာမှာ အသက်မရှင်နိုင်တော့တဲ့ သန်းနဲ့ချီတဲ့လူတွေထက် ပိုကံကောင်းပါတယ်။ > သင်ဟာ စစ်ပွဲနွဲခဲ့ရတဲ့ အန္တရာယ်နဲ့မကြုံခဲ့ရဘူး ထောင်အကျဉ်းချနှိပ်စက်ခံရတဲ့ဘဝနဲ့ ကင်းဝေးခဲ့ရင် ဆိုးဆိုးဝါးဝါးဆာလောင်ငတ်ပြတ်မှုတွေကလွတ်ကင်းခဲ့ရင် အဲဒါတွေကိုခံစားအသက်ရှင်နေရှာတဲ့ ကမ္ဘာ့ လူဦးရေ သန်း၅၀၀ ထက် သင်ဟာ ပိုကံကောင်းပါတယ်။ > အကယ်၍ သင်ဟာ ဒီကိုဖတ်နိုင်တယ်ဆိုရင်တော့ ကမ္ဘာမှာစာဖတ်နိုင်စွမ်း မရှိရှာတဲ့ လူဦးရေ သန်းပေါင်း ၃၀၀၀ ထက် သင်ဟာပိုပြီး ကံကောင်းလှပါ တယ်။ သင်ဟာ ဒီစာကိုဖတ်မိပြီး သင့်ရဲ့မိတ်ဆွေတွေကိုဝေမျှ ပြီး သင့်ကံကိုသင် ဆင်ခြင်ပါ။ If you have food in your fridge, clothes on your back, a roof over your head and a place to sleep you are richer than 75% of the world. If you have money in the bank, your wallet, and some spare change you are among the top 8% of the world's wealthy. If you wake up this morning with health than illness you are more blessed than the million people who will not survive this week. If you have never experienced the danger of battle, the agony of imprisonment or torture, or the horrible pangs of starvation you are luckier than 500 million people alive and suffering. If you can read this message, you are more fortunate than 3 billion people in the world who cannot read it at all. Source: English-မြန်မာ စာပဒေသာ