Saturday, June 7, 2014

Toyota Yaris ဒီကားလေးက ကားမဆွဲဘဲ ထုံနေပါတယ်... တောင်တက်ဆို ပိုသိသာပြီး လုံးဝ မတက်နိုင်ဘဲ... ဖြေးဖြေးချင်းသာတက်ပါတယ်... 1NZ - FE Engine ပါ... Scanner စက်နဲ့ စစ်ကြည့်ရင် ဘာကုတ်နံပါတ်မှ မရှိသလို... ချက်မီးလည်းမလင်းပါ... တစ်ခြားဝပ်ရှော့ ၂ ခုမှာ ပြင်ထားပြီးပါပြီ... ပလပ်...မီးကွိုင်...ဆီပန့်...ဆီစစ်...လေစစ်...အင်္ဂျင်ဝိုင်...ဂီယာဝိုင်... တွေအသစ်လဲထားပြီး...ငွေလည်းတော်တော်ကုန်နေပါပြီ... ကျွန်တော်မောင်းကြည့်ပြီး... Mass Air Flow Sensor ကိုဖြုတ်စစ်ကြည့်တော့... ဖုန်တွေနဲ့ ညစ်ပတ်နေတာတွေ့ရပါတယ်... MAF ဆင်ဆာမှာ မီးကြိုး ၅ ကြိုးပါပါတယ်... B+, E2G, VG, E2 , THA , ပါ... B+, E2G, VG နဲ့ E2, THA, တို့က လုပ်ငန်းသတ်သတ်စီလုပ်ဆောင်ပါတယ်... B+, E2G, တို့က ဆင်ဆာကို မီးပို့ပေးပြီး... VG က လေဝင်တဲ့ အရှိန်ကိုတိုင်းတာပြီး ECM ကိုပို့ပေးပါတယ်... E2 က မီးပို့ပေးတာဖြစ်ပြီး...THA က လေရဲ့အပူချိန်ကို... တိုင်းတာပြီး ECM ကိုမီးပို့ပေးတာပါ... VG နဲ့ THA တို့က ပို့လာတဲ့အချက်အလက်တွေကိုတိုင်းတာပြီးတော့... Throttle Valve ဖွင့်တဲ့ရာခိုင်နှုန်းကို လိုက်ပြီး ECU က ဆီပေးတာပါ... ဒါကြောင့် အဲ့ဒီဆင်ဆာလေးမှာ ဖုန်တွေနဲ့ကပ်ပြီး ညစ်ပတ်နေရင်... လေအဝင်နဲ့ လေအပူချိန်ကို အမှန်အတိုင်း မတွက်ချက်နိုင်တော့လို့... ဆီကိုပေးသင့်တာထက် အများကြီးလျော့ပေးပါတယ်... ဒါကြောင့် ကားမဆွဲတော့ပါဘူး... တိုယိုတာနဲ့ ဒီဇယ်...ဓါတ်ဆီမည်သည့်ကားမဆို MAF ဆင်ဆာ ညစ်ပတ်နေရင်... ကားမဆွဲတာမို့ ကီလို ၅၀၀၀ခန့်တစ်ခါ ဖြုတ်ပြီးသန့်ရှင်းရေးလုပ်သင့်ပါတယ်... သန့်ရှင်းရေးလုပ်တဲ့အချိန် MAF Cleaner , Electronic cleaner, စတာတွေနဲ့ သန့်ရှင်းရေးလုပ်နိုင်သလို... တိုယိုတာ MAF ဆင်ဆာကို နားကလော်တဲ့ ဂွမ်းလေးမှာ ဓါတ်ဆီဆွတ်ပြီး... သုတ်ပေးကာ သန့်ရှင်းရေးလုပ်နိုင်ပါတယ်... ကျွန်တော့်အတွေ့အကြုံအရ တိုယိုတာ MAF ဆင်ဆာများပျက်သည်မတွေ့ဖူးပါ... ဖုန်များ အမှုန်များနှင့် ညစ်ပတ်နေသည်ကို သန့်ရှင်းရေးလုပ်လိုက်သည်နှင့်... ကားဆွဲကာကောင်းသွားပါသည်... MAF ဆင်ဆာ သန့်ရှင်းရေးလုပ်ပြီးတော့... ကားစမ်းမောင်းကြည့်ပြီး ကောင်းသွားလို့ ကားချက်ချင်းပြန်ပေးလိုက်ပါတယ်... ကားပြင်ခ ဘတ် ၅၀၀ တောင်းတာ ၁၀၀၀ ပေးပါတယ်... ဒါပေမယ့် ကျွန်တော်မယူပါဘူး...အကုန်အကျများထားတဲ့ ကားမို့... ၅၀၀ သာယူလိုက်ပါတယ်ခင်ဗျာ... မိတ်ဆွေများအားလုံး အန္တာရာယ်ကင်းရှင်း၍... ကျန်းမာ ရွှင်လန်းကြပါစေခင်ဗျာ... Toetar Atoe (Online ကားဝပ်ရှော့)

No comments: