Saturday, June 7, 2014

ယုံကြည်မှု ရှိရှိနဲ့  ရင်ဆိုင်တဲ့ အခက်ခဲတိုင်းဟာ သေချာပေါက် အဖြေကောင်းထွက်ပါတယ်။ ဒါကြောင့် ယုံကြည်မှုဟာ တနည်းအားဖြင့် ကံအလုပ်လို့ လည်း ဆိုနိုင်ပါတယ်။ စိတ်ဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေတာဖြစ်လို့  အလုပ်ရဲ့ ရလာဒ်ဟာလည်း ပုံစံတစ်မျိုးထဲ မထွက် လာနိုင်ပါဘူး။ ဒါကြောင့် လုပ်တိုင်းတော့ အောင်မြင်ချင်မှ အောင်မြင်မှာပေါ့၊ သို့ သော် ယုံကြည်မှုရှိတဲ့စိတ်ဟာ တစ်ကြိမ်မရရင် နှစ်ကြိမ်၊ နှစ်ကြိမ်မရရင် သုံးကြိမ်ဆိုတဲ့ ဇွဲသတ္တိကိုပါ မွေးဖွားပေးပါတယ်။ အကြိမ်ကြိမ် ထဖို့ ကြိုးစားရင်း နောက်ဆုံး လမ်းလျှောက်တတ်သွားတဲ့ ကလေးငယ်လို ပေါ့။ တစ်ကြိမ်လဲကျတာဟာ နောက်တစ်ကြိမ်ထဖို့  ယုံကြည်မှု တည်ဆောက်ပေးတာပဲလို့  ခံယူလိုက်ပါ။ True Man

No comments: