Saturday, June 7, 2014

BPH ဆီးကျိတ်ကြီးခြင်း Tue, May 20, 2014 at 7:44 PM ခင်ပွန်းသည် အသက် ၇၆ နှစ်၊ ဆီးကျိတ်သည် အဆင့် ၃ ရှိကာ လေဖြန်းထားသောကြောင့် ခွဲမပေးပါ။ ဆီးပိုက်နှင့် နေရပါသည်။ ဆီးချိုဝေဒနာလည်း လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက ရှိပါသည်။ ဒီလိုဘဲအကြာကြီးနေရမှာလားရှင်။ ဆရာဆီမှာ ဆေနည်းတွေရှိရင် အကြံပေးပါဆရာ။ ယောက်ျားတိုင်းမှာ ဆီးအိမ်အောက်နားမှာ ကပ်နေတဲ့ Prostate Gland ဆီးကျိတ်ရှိတယ်။ မျိုးပွါးစနစ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ သူ့ထဲကနေ ဆီးထွက်ပြွန်ကဖြတ်သွားနေတယ်။ အသက်ရလာသူ အတော်များများမှာ ကြီးလာတာကို Benign Prostatic Hyperplasia (BPH) ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း လို့ခေါ်တာဖြစ်ကြတယ်။ ကြီးလာတိုင်းလဲ ခံစားရတာမရှိပါ။ တခုခုဖြစ်လာရင် အသက် ၄ဝ ကျော်မှသာဖြစ်တယ်။ ၆ဝ ကျော်တာက ၉ဝ% ရှိတယ်။ သူကကြီးလာလို့ သူ့အထဲက ဖြတ်သွားတဲ့ ဆီးသွားပြွန်က ကျဉ်းလာလို့ ဆီးသွားရတာခက်ခက်လာမယ်။ ခဏခဏသွားချင်လာမယ်။ ကြာတော့ ဆီးအိမ်က အားနည်းလာမယ်။ တချိန်မှာ သွားမရတဲ့အထိဖြစ်နိုင်တယ်။ ဆီးကျိတ်ဟာ တာဝန် ၂ မျိုးနဲ့ဆိုင်တယ်။ ဆီးသွားတာရော လိင်ပိုင်းဆိုင်တာရောဖြစ်တယ်။ ဘာလို့ကြီးလာသလဲ တိတိကျကအပြစ်ချစရာမရှိပါ။ မသိပါ။ ယောက်တိုင်းကနေ တက်စတိုစတီရုန်း ခေါ်တဲ့ ကျားဟော်မုန်း နဲ့ အီစထိုဂျင် ခေါ်တဲ့ မ ဟော်မုန်း (နည်းနည်း) ထုတ်ပေးနေတယ်။ အသက်ရလာရင် ကျားဟော်မုန်းထုတ်တာ နည်းလာတယ်။ အချိုးချလိုက်ရင် မ ဟော်မုန်းက များလာသလိုဖြစ်လာတယ်။ ခံစားလာရနိုင်တာတွေကတော့ - ဆီးသွားရတာ အားမရ၊ ပြတ်တောင်းပြတ်တောင်းဖြစ်၊ ပန်းမထွက်နိုင်။ သွားချင်ရင် မြန်မြန်သွားရမယ်။ တစက်တစက် ထွက်နိုင်တယ်။ ညအချိန်မှာ ထထသွားရမယ်။ အရွယ်အစားကြီးတာနဲ့ ခံစားရတာ အချိုးမကျတတ်ပါ။ သိပ်မကြီးလှပေမဲ့ ဆီးရုတ်တရက်မသွားနိုင်တဲ့ အရေးပေါ်အခြေအနေရောက်တတ်တယ်။ အအေးမိပျောက်ဆေး၊ အာဂျီပျောက်ဆေး သောက်ရာကနေ ဆက်ဖြစ်တယ်။ အရက်သောက်ရာကနေလဲဖြစ်နိုင်တယ်။ အိပ်ယာထဲမှာ မလှုပ်မရှား နေတာကြာလို့လဲ ဖြစ်နိုင်တယ်။ သူကြီးလာရင် ဆီးလမ်းပိုးတာလဲ ပိုဖြစ်လာနိုင်တယ်။ ရောဂါရှိ-မရှိသိအောင် ၁။ Digital Rectal Examination (DRE) အစိုလမ်းကနေ လက်ချောင်းနဲ့စမ်းသပ်တာ၊ ၂။ Prostate-Specific Antigen (PSA) Blood Test သွေးစစ်တာ၊ ကင်ဆာမဟုတ်တာသိချင်လို့လုပ်ရတာဖြစ်တယ်။ PSA blood test ခေါ်တယ်။ ၃။ Rectal Ultrasound အာလ်ထွာဆောင်းနဲ့ ၄။ Prostate Biopsy အသားစဖြတ်ယူစစ်ဆေးခြင်းတွေလုပ်နိုင်တယ်။ ၅။ Urine Flow Study နဲ့ ၆။ Cystoscopy နည်းတွေလဲလုပ်နိုင်တယ်။ ကုသခြင်း လူတိုင်းမလိုပါ။ ပိုးဝင်နေတိုင်းတော့ ပိုးသေဆေးပေးမယ်။ • Drug Treatment ဆေးပေးနည်း Finasteride (Proscar) နဲ့ Dutasteride (Avodart) ဆေးတွေကို စသုံးခဲ့တယ်။ Terazosin (Hytrin) နဲ့ Doxazosin (Cardura) အပြင် Tamsulosin (Flomax) ဆေးတွေလဲ သုံးလာနိုင်ပြီ။ Alfuzosin (Uroxatral) ဆေးက နောက်ဆုံး အသိအမှတ်ပြုတဲ့ဆေးဖြစ်တယ်။ တခြားနည်းတွေ - • Minimally Invasive Therapy • Transurethral microwave procedures • Transurethral needle ablation • Water-induced thermotherapy • High-intensity focused ultrasound • Surgical Treatment ခွဲစိတ်ကုသနည်း - Transurethral surgery - Transurethral incision of the prostate (TUIP) - Open surgery - Laser surgery - Photoselective vaporization of the prostate (PVP) - Interstitial laser coagulation • Foley Catheter ဆီးပိုက်ထည့်ထားပေးမယ် • Prostatic Stents စတန့်ထည့်ပေးနည်း။ ခွဲစိတ်ကုသပြီးပေမဲ့ အခက်အခဲတချို့ရှိနိုင်သေးတယ်။ Sexual Function လိင်ကိစ္စ တချို့မှာသာဖြစ်တယ်။ ခွဲပြီးစဖြစ်ပေမဲ့ ကြာရင်ကောင်းလာတာလဲရှိတယ်။ Erections လိင်တံသန်မာမှု အားနည်းတတ်တယ်။ Ejaculation သုက်လွှတ်အားနည်း နိုင်သေးတယ်။ Orgasm ဆန္ဒပြည့်ဝမှုကိုလဲ နည်းစေနိုင်တယ်။ ဒေါက်တာတင့်ဆွေ ၂ဝ-၅-၂ဝ၁၄

No comments: