Saturday, June 7, 2014
လဲကျမှာ မကြောက်နဲ့ ၊ ပြန်မထနိုင်မှာပဲ ကြောက်ပါ
လဲကျမှာ မကြောက်နဲ့ ၊ ပြန်မထနိုင်မှာပဲ ကြောက်ပါ
---------------------------------------------------
လူတိုင်းအတွက် ပေးထားတဲ့ အချိန်တွေက မျှတပါတယ်။ လူတိုင်းသာ ရတဲ့အချိန်တွေကို အသုံးချပုံခြင်း မတူညီတာ ဘာ
ကြောင့်လို့ ထင်သလဲ။ အချိန်ရဲ့ တန်ဖိုးကို မသိကြလို့ ပါပဲ။ မသိတာဆိုတာထက် မသိချင်ကြတာဆိုရင် ပိုမှန်လိမ့်မယ်။
ဘယ်လိုအချိန်မှာ ဘယ်လိုအခက်အခဲတွေ လာမယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး။ ရောက်နေတဲ့ အချိန်မှာ အကျိုးရှိစွာ
အသုံးချနေခြင်းဟာ ရောက်လာမယ့်အချိန်ကို အကောင်းဆုံးပြင်ဆင်ထားခြင်းဆိုတာ တို့ တွေ သိထားရမယ်။
ဘ၀မှာ ခြေလှမ်းတွေ အများကြီး လှမ်းရဦးမှာပါ။ ယိုင်ချင်ယိုင်သွားလိမ့်မယ်၊ လဲချင်လည်း လဲသွားလိမ့်မယ်။ ဒါပေမယ့် ပြန်
ထနိုင်သေးသ၍ အရာရာကို ရင်ဆိုင်နိုင်ပါသေးတယ်။ ပြန်ထဖို့ အတွက် အားတော့ မွေးရမှာပေါ့။
အားမွေးဖို့  ဆန္ဒဘယ်တော့မှာ မရှိလာဘူးဆိုရင် လဲကျတဲ့အခါမှာလည်း ဘယ်တော့မှ ပြန်ထနိုင်တော့မည် မဟုတ်ပေ။ လော
ကမှာ လဲကျမှာကို မကြောက်နဲ့ ၊ ပြန်မထနိုင်တော့မှာကိုပဲ ကြောက်ပါ။
True Man
Subscribe to:
Post Comments (Atom)
No comments:
Post a Comment