Saturday, June 7, 2014
မိုးရာသီမှာ တာယာကြောင့် အန္တရာယ် မဖြစ် ရလေအောင် ဘာတွေကို ဂရုစိုက်မလဲ?"
ကားတစ်စီး ဘေးရန်ကင်းစွာ သွားလာနိုင်ဖို့ တာယာက အရေးကြီးဆုံး ပါပဲ။ ဒီအချက်များ ကတော့ ကားမောင်းနေ သူတိုင်း သတိ ထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။ အနည်းဆုံး သိထား လိုက်ရင်တောင် အကျိုး မယုတ် ပါဘူး။
ပန်းကုန်နေတဲ့ တာယာ ပန်းထိုးထားတဲ့ တာယာများ မသုံးပါနှင့်။
သက်တမ်း ကုန်နေတဲ့ တာယာများ မှာလဲ အန္တရာယ် ရှိနိုင်ပါတယ်။
တာယာ လေပေါင် မှန်မှန် ထိုးပေးပါ။ လေပေါင် နည်းလွန်းရင်လဲ မကောင်းသလို များလွန်းပြန် ရင်လဲ မကောင်းပါဘူး။
ရှေ့ဘီ နှစ်လုံး တာယာလဲရင် နှစ်လုံး တစ်စုံ လဲပေးပါ၊
ကားအောက်ပိုင်းများ ပြုပြင်ပြီး ဘီး အလိုင်းမန့် ချိန်ပေးပါ။
ကားဘီး လေးလုံးစလုံး ဘရိတ်မိ ညီညာဖို့ လိုပါတယ်။ မညီညာရင် တစ်ဖက်ကို ဆွဲသွားတတ် ပါတယ်။
ပြန်ပြင်ထားသော တာယာ သက်တမ်းလွန် တိုက်ဆွေး ကွန်တိန်နာကျ ပေါချောင်ကောင်း တာယာများ မသုံးပါနှင့်။
မိုးရာသီမှာ အန္တရာယ် ဆိုတာ အချိန်မရွေး နေရာမရွေး ကျရောက်နိုင် တဲ့အတွက် ကြိုတင် ကာကွယ်နိုင်ရန် အတွက် ပြုပြင် ကုန်ကျစရိတ်ကို မကြည့်ပဲ အထက်ပါ အချက်လေး များကို လိုက်နာနိုင်လျှင် အကောင်းဆုံး ဖြစ်ပါတယ်။
ကားမောင်းသူတိုင်း ဘေး အန္တရာယ် ကင်းရှင်းကြပါစေ။
Cr- Info Bank Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment