Saturday, June 7, 2014
စိတ်အားထက်သန်ပါစေ
စိတ်အားထက်သန်ပါစေ
-------------------------------
လုပ်ချင်တာတွေ လုပ်ခွင့်မရဘူးဆိုတာဟာ ဆင်ခြေသက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ အမှန်တကယ် အလုပ်လုပ်ချင်သူအတွက်
အလုပ်ဆိုတာ နေရာတိုင်းမှာ ရှိတယ်။ အလုပ်ကို ရှာဖွေမှုမရှိဘဲနဲ့ တော့ အလုပ်က အရှေ့ ကို ရောက်မလာပါဘူး။ လူတစ်ယောက်
အလုပ်တစ်ခု မရှိတာဟာ ကိုယ့်အပါအ၀င်၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် အားလုံးနစ်နာပါတယ်။
အလုပ်လုပ်တဲ့သူအတွက် အလုပ်ရှိတဲ့အချိန်တိုင်းဟာ အလုပ်ချိန်ပဲ ဖြစ်တယ်။ အလုပ်ခွင်ထဲမှာမှ မဟုတ်ဘူး၊ ကိုယ့်မိသားစုကို
ပေးထားတဲ့ အချိန်ဟာလည်း လူတစ်ယောက် မဖြစ်မနေ လုပ်ရမယ့် အလုပ်ချိန်တစ်မျိုးပါဘဲ။ အခြားအလုပ်တွေကို နားထားလို့ 
ရပေမယ့် မိသားစုကို အချိန်တိုင်းရင်ထဲထည့်ထားဖို့  လိုပါတယ်။
မည်သူတစ်ဦးတစ်ယောက်မဆို တစ်နေ့ တာအလုပ်ချိန်အတွင်းမှာ မိသားစုအတွက်ဆိုပြီး အချိန်ဇယားတော့ ထည့်စွဲထားရ
မယ်။ အများကြီးမဟုတ်တောင် မိသားစု ကြည်နူးစေမယ့် စကားမျိုးလေး ပြောဖို့ အချိန်ဖြစ်ဖြစ်ပေါ့။ စကားပြောတဲ့အခါလည်း
ရင်ထဲကပါအောင် ပြောပေးပါ။
မိသားစု နွေးထွေးမှုနဲ့ ကင်းကွာတဲ့သူတွေဟာ ငွေကြေးတွေ ဘယ်လောက်ချမ်းသာချမ်းသာ၊ အောင်မြင်မှုတွေ ဘယ်လောက်
ရရ ပျော်ရွှင်မှုကတော့ ငတ်မွတ်နေမှာပဲ။ မိသားစုအပေါ် တာဝန်တစ်ခုအနေနဲ့ ထားပြီး စောင့်ရှောက်ခြင်းက မင်္ဂလာတစ်ပါးပါ။
ဘယ်အလုပ်ကိုပဲ လုပ်လုပ် သူတပါးအတွက် ငါလုပ်ပေးနေခြင်းပဲလို့  စိတ်နှလုံးကောင်းထားပြီးလုပ်တဲ့သူဟာ တိုးတက်တာပဲ။
မိသားစုကို ထောက်ပံ့ပြုစုပြီး အလုပ် လုပ်နေသူဟာ ကျရှုံးတာ သိပ်နည်းတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို အကျိုးပြုချင်စိတ်
လည်း ထိုသူတွေမှာ အပြည့်ရှိတယ်။ ဒါကြောင့် ထိုသူမျိုးတွေမှာ အလုပ် လုပ်လိုစိတ်ပြင်းထန်တဲ့အတွက် ဘယ်တော့မှ အလုပ်
ဆိုတာလည်း မရှားပါဘူး။ စိတ်အားသာ ထက်သန်ပါစေ၊ ဘ၀မှာ တိုးတက်ဖို့  သိပ်မကြာပါဘူး။
True Man
K.K(ကနောင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment