Saturday, June 7, 2014
ဖန်တီးနိုင်စွမ်းရှိရမယ်
###########
လူတစ်ယောက်က ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အောင်အောင်မြင်မြင်နဲ့ ရောက်ချင်တဲ့အခါ အခွင့်အလမ်းဆိုတာကို ထိုင်စောင့်နေလို့ မရဘူး။
ဒီအခွင့်အလမ်းကို ဖန်တီးနိုင်အောင်ကြိုးစားနေရမယ်။ ယနေ့ ရှု့ ထောင့်အမျိုးမျိုးမှာ အောင်မြင်နေတဲ့ လူကြီးတွေ၊ လူငယ်တွေ အားလုံးဟာ အခွင့်
အလမ်းဆိုတာ ဖန်တီးမှုပြုကြတဲ့ လူတွေပဲ ဖြစ်ပါတယ်။
အခွင့်အလမ်းပေါ်လာအောင် ဖန်တီးယူဖို့ ဘာလိုမလဲဆိုတော့ မိမိတို့ ရဲ့ ၀ါသနာပါရာ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်နေဖို့ 
လလိုပါတယ်။ ပြည့်ဝနေဖို့ လိုပါတယ်။ ကျွမ်းကျင်တတ်မြှောက်မှလည်း ဖန်တီးမှုကို ကောင်းစွာလုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ဖန်တီးတဲ့နေရာမှာ
အရှုံးစိတ်၊ အားငယ်စိတ် ၀င်မလာဖို့ လည်းလိုတယ်။ ဒါကို ယုံကြည်မှုဆိုတာနဲ့  တိုက်ထုတ်ပစ်မှ ရပါမယ်။
ယခုဖန်တီး ယခုအောင်မြင်တယ်ဆိုတာတော့ လွယ်လွယ်နဲ့ ဘယ်ဖြစ်နိုင်မှာလဲ။ အချိန်တစ်ခုခုထိတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရပါလိမ့်မယ်။ ဖန်
တီးမှုလုပ်ရမယ်ဆိုတာ သိပြီးတာနဲ့ တင်မပြီးဘဲ ဆက်လက်ကြိုးစားသွားဖို့ လိုတယ်။ စိတ်အားထက်သန်ဖို့ နေဖို့ လိုတယ်။ ဒါမှ အောင်မြင်ဖို့ အခွင့်
အလမ်းတစ်ခုကို မိမိက ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်မယ့်အခြေအနေကို ရောက်လာမှာဖြစ်ပါတယ်။
True Man
Subscribe to:
Post Comments (Atom)
No comments:
Post a Comment