Saturday, June 7, 2014

လူ့ဘ၀ဖျက် အကျင့်စရိုက်များ။

~~~~~~~~~~~~~~~~~~~~~~~~ ၁။ နေမြင့်အောင် အိပ်ခြင်းသည်လည်းကောင်း၊ သူတပါးမယားကို မှီဝဲခြင်းလည်းကောင်း၊ ရန်သူ များခြင်းလည်းကောင်း၊ အကျိုးမဲ့ပြုခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်း လည်းကောင်း၊ အလွန်စေနှဲခြင်းလည်းကောင်း၊ ဤအကြောင်း ၆ ပါးတို့သည် လူကို ပျက်စီးတတ် ကုန်၏။ ၂။ မကောင်းသော မိတ်ဆွေခင်ပွန်းရှိသူသည်လည်းကောင်း၊ မကောင်းသော အပေါင်းအဖေါ်ရှိသူ သည်လည်းကောင်း၊ မကောင်းသော အလေ့အကျင့်၊ မကောင်းသော ကျက်စားရာရှိသူသည် လည်းကောင်း၊ ဤလောက၊ တမလွန်လောက နှစ်ပါးစုံသော ဘ၀မှ ပျက်စီးခြင်းသို့ လျောကျ တတ်၏။ ၃။ လောင်းကစားလေ့ရှိခြင်း လည်းကောင်း၊ မိန်းမလိုက်စားခြင်း လည်းကောင်း၊ သေရည်သေရက် သောက်လေ့ရှိခြင်း လည်းကောင်း၊ ကခြင်း သီခြင်းကို ကြည့်ရှုနားထောင်လေ့ရှိခြင်း လည်း ကောင်း၊ နေ့အခါ၌ အိပ်လေ့ရှိခြင်း လည်းကောင်း၊ အခါမဲ့၌ ခရီးသွားလေ့ရှိခြင်း လည်းကောင်း၊ မကောင်းသော သူတို့ကို အဆွေခင်ပွန်း ဖွဲ့လေ့ရှိခြင်း လည်းကောင်း၊ အလွန်နှမြောစေးနှဲခြင်း လည်းကောင်း၊ ဤ ၆ ပါးသော အကြောင်းအရာတို့သည် လူကို ဖျက်စီးတတ်ကုန်၏။ ၄။ အကြင်သူသည် ကြွေအန်တို့ဖြင့် လောင်းကစားကုန်၏။ သေရည်သေရက် သောက်ကုန်၏။ သူ တပါးတို့၏ မယားတို့ကို သွားလာမှီဝဲကုန်၏။ ထိုသူတို့၏စည်းစိမ် အခြံအရံသည် လဆုတ်ပက္ခ၌ လကဲ့သို့ ဆုတ်ယုတ်၏။ ၅။ မရှိဆင်းရဲသော မွတ်သိပ်သော အကြင်အရက်သမားသည် သောက်လိုသည်ဖြစ်၍ အရက်ဆိုင် သို့ သွား၏။ ထို အရက်သမားသည် ရေ၌ ကျောက်ခဲနစ်မြှုပ်သကဲ့သို့ ကြွေး၌ နစ်မြှုပ်လတ္တံ့၊ မိမိ၏ ဆွေမရှိ၊ မျိုးမရှိ၊ အထီးကျန်သူအဖြစ်ကို လျင်စွာပြုလတ္တံ့။ ။ {သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း တစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}

No comments: