Saturday, June 7, 2014
တပ်မတော်မှ နိုင်ငံတော်ကို နှစ်၅၀ ခန့် အုပ်ချုပ်တည်ဆောက် လိုက်သောအခါ ...
ရန်ကုန်မြို့သည် အခြား ကမ္ဘာ့ အဆင့်မီ နယ်သာလန် နိုင်ငံ အက်စတာဒမ် မြို့ကဲ့သို့ပင်
ကုန်း ၊ ရေ နှစ်မျိုးဖြင့် ခရီးသွားလာနိုင်သည့် မြို့ဖြစ်လာခဲ့သည် ။
ပြည်သူများ သွားလာမှုလွယ်ကူ အဆင်ပြေစေရန် ကုန်းရေ နှစ်မျိုးသွား မော်တော်ယဉ်များကိုသာ အဓိက တင်သွင်းသည် ။
ကမ္ဘာ့အဆင့်မီ အဝေးပြေးလမ်းမကြီးများရှိပြီး ၊ ဆောက်လုပ်မှုကုန်ကြစရိတ်သည်.. စင်ကာပူ ချန်ဂီလေဆိပ် ၊
မာရီနာဘေး သဘောင်္ အဆောက်အဦးတို့ထက်ပင်များပြားသည် ။
ရန်ကုန်မြို့တွင် လူဦးရေ စုစုပေါင်း ၆သန်းကျော်ရှိသည် ။
အဓိက စီးပွားရေး မှာ ၁လုံး ၊ ၂လုံး ၊ ၃လုံး ၊ နိုက်ကလပ် ၊ ကေတီဗီ ၊ မာဆတ် ၊ ဆင်တင် ၊ ဘီယာဆိုင် ၊ လက်ဘက်ရည်ဆိုင် တို့ဖြစ်သည် ။
နိုက်ကလပ်များ ၊ မာဆတ် ၊ တည်းခိုခန်း ၊ ဟိုတယ်များ ပေါများ သော်လည်း အမျိုးသမီး လက်ဝယ်ကွန်ဒုံး တခု မိလျှင် ပြည့်တန်ဆာမှု ဖြင့်
ထောင်ချနိုင်သည်အထိ ဥပဒေ က အပြစ်ပေးနိုင်လောက်အောင် ပြင်းထန်သည် ။
ပညာရေးအနေဖြင့် ကမ္ဘာပေါ်တွင် ဘွဲ့ရ အများဆုံးမွေးထုတ်ပေးနိုင်သည့် နိုင်ငံစာရင်းတွင်အပါအဝင်ဖြစ်သည် ။
ရန်ကုန်မြို့ တခုတည်း ၌ တက္ကသိုလ်ပေါင်း ၁၅ ခုကျော်ကိုဖွင့်လှစ်ပေးထား သည် ။
ဆိုက်ကားနင်းသူပင်လျင် ဘွဲ့ရသည် အထိ ပညာရေး အဆင့်မြင့်မားသည် ။
ပြင်ဦးလွင် ရှိ တက္ကသိုလ် ကြီးသည် နိုင်ငံတော်သမ္မတ တာဝန် မှစ၍ ရုံးဌာန များတွင်အရာရှိတာဝန် ထမ်းဆောင်နိုင်သည်အထိ
ပညာရပ်ပေါင်းစုံ တတ်မြောက်အောင် သင်ကြားပေးနိုင်သည် ။
မြန်မာနိုင်ငံ ၏ အဓိက ပို့ကုန်မှာ Human Being ဖြစ်ပီး
အဓိက သွင်းကုန်မှာ လက်နက်ဖြစ်သည် ။
ကျန်းမာရေးစောင့်ရှောက်မှု အထူးကောင်းမွန်ပီး နိုင်ငံတော်၏ ကျေးဇူးကြောင့် ပြည်သူများမှာ
ငွေကြေးပြည့်စုံသူများဖြစ်လျှင် ထိုင်း ၊စင်ကာပူ နိုင်ငံများ တွင် ဆေးကုသမှုခံယူသည် ။
လျှပ်စစ် နှင့် သဘာဝဓါတ်ငွေ့ သစ် ကျောက်မျက် သယံဇာတများ ထွက်ရှိပီး အိမ်နီးချင်း နိုင်ငံများကိုပင်
ထောက်ပံ့ကူညီ ပေးနိုင်သည် ။
လူတယောက်တနေ့ ကျပ်ငွေ ၂၀၀၀ ဖြင့် ရပ်တည်နိုင်သော တခုတည်းသော
အရှေ့တောင်အာရှနိုင်ငံ ဖြစ်သည် ။
နိုင်ငံတော်၏ လက်ရှိ သမ္မတကြီးမှာ ဦးသိန်းစိန် ဖြစ်ပီး
သမ္မတကြီး ၏ မူဝါဒ များအဖြစ်...
- ကျန်းမာရေး အတွက် နွားနို့ သောက်ရမည် ။
- ပြည်ပပို့ကုန်အဖြစ် စိန်တလုံး သရက်သီး တိုးချဲ့စိုက်ရမည် ။
- လူတိုင်း စီးပွားရေးပြေလည်စေရန် မုန့်ဟင်းခါး ရောင်းရမည်
ဟူ၍ဖြစ်သည် ...။
(မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ရန်ကုန် ၏ ရေပေါ်ရှုခင်းအလှကိုတွေ့ရစဉ် )
-----------------
( Credit- ဗမာ့သားကောင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment