Saturday, June 7, 2014

မိမိကားပလပ်လဲရမည်ဆိုပါကသတိပြုချင့်ချိန်နိုင်ကြစေဖို့ 1300cc ကားလေးတွေအတွက်အဓိကအဖြစ်အများဆုံးကတော့ ပလပ်ပါ" ကျွန်တော့် အတွေ့အကြုံလေးပြန်ဝေမျှပါရစေ ကျွန်တော် ကားသေးသေးလေးတွေခေတ်စားခါစ မှာ ၆ဃ/---- အက္ခရာ (အဲ့ဒီအချိန်နံပါတ်သစ်လေးပေါ့ ဗျာ) Nissan March ဆိုတဲ့ ကားလေးဝယ်ဖြစ်ခဲ့ပါတယ် ကားလေးကအသစ်အဆန်းလေးဆိုတော့ စီးလို့လဲကောင်းပါတယ် အဲကွန်းကလည်းအေးမှအေး ပေါ့ အဲလိုနဲ့စီးလာပြီး ၅လလောက်ကျတော့ ကားကမဆွဲချင်တော့ဘူး ကုန်းပေါ်တွေတက်ရင် ပိုသိသာလာတယ် အဲ့ဒါနဲ့ ကိုယ်သွားနေကျ ဝပ်ရှော့ သွားပြတော့ ဒီကားမျိုးတွေကကွန်ပြူတာ နဲ့အရင်စစ်ကတယ်သူ့ဆီမှာကွန်ပြူတာစစ် တဲ့စက်မရှိလို့ ဝပ်ရှော့ တစ်ခုညွှန်လိုက်ပါတယ် အဲ့ဒီဝပ်ရှော့ လည်းရောက်ရော ကွန်ပြူတာစစ်ပါတယ် အဖြေကတော့ ပလပ်လဲရမယ်တဲ့ ပလပ်က ၁၆ဆိုဒ် ၁၈ရစ် အရမ်းရှားတယ်တဲ့ ဝယ်ရတာ အဲဒါ သူတို့မှာရှိတဲ့ ပလပ်ထည့်ရင် တစ်လုံး ၂၃၀၀၀ကျပ် နဲ့ လေးလုံး ၉၂၀၀၀ကျပ် ရယ် ကွန်ပြူတာစစ်ခ ၂၀၀၀၀ကျပ် စုစုပေါင်း ၁၁၂၀၀၀ကျပ် ကျပါမယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော် လည်း ပိုက်ဆံမပါသေးလို့ ကွန်ပြူတာစစ်ခပဲပေးပါမယ်ပလပ်နောက်မှလာလဲမယ်ဆိုပြီး၂၀၀၀၀ကျပ်ပေးပြီးပြန်လာပါတယ် အဲဒါနဲ့သူငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်မေးကြည့်လိုက်တယ် သူ့ရဲ့ AD Van လည်းအဲ့ဒီလိုပဲ ပလပ်လဲတာကောင်းသွားတယ်တဲ့ Denso ၁၈ရစ် (ရိုးရိုး) တစ်လုံး ၇၅၀၀ ကျပ် ပဲပေးရတယ်တဲ့ သူညွှန်တဲ့ဆိုင်ကိုသွားတာ တစ်လုံး ၇၅၀၀ ကျပ်(ဝပ်ရှော့ကပြောသလိုမရှားပါ) နဲ့ လေးလုံး ၃၀၀၀၀နဲ့ အဲ့ဒီဆိုင်ကကောင်လေးကပဲဖြုတ်လဲပေးပါတယ် ကောင်လေးကို လဘက်ရည်ဖိုးသက်သက်ပေးလိုက်ပါတယ်(သူမတောင်းပါ) အဲလိုနဲ့ နောက်တစ်ခေါက်ပလပ်လဲ မယ်လဲဆိုရော နောက်ထပ်တစ်ဆိုင်မှာ Denso ၁၈ရစ် (ရိုးရိုး) တစ်လုံး ၃၅၀၀ ကျပ် ပဲတဲ့ လဲတော့မပေးဘူးတဲ့ အဲဒါနဲ့လဲတဲ့ပစ္စည်းလေးတွေဝယ်ပြီး ကိုယ်တိုင်လဲတတ်အောင် လေ့လာခဲ့ပါတယ် ။အခုနောက်ပိုင်း Nissan March ရော Belta ရောကိုယ်တိုင်ပဲ ပလပ်လဲပါတယ် ။ ဒီရက်ပိုင်းထဲမှာပဲ သူငယ်ချင်းတစ်ယောက်ကား Honda Civic Hybrid မှာ Check မီးပြလာလို့ ဝပ်ရှော့ သွားတော့ ပလပ်(၁၆ဆိုဒ်၁၈ရစ်) ၈လုံး လဲရတယ် တစ်လုံး ၁၈၀၀၀ကျပ် နဲ့ ၈လုံး ၁၄၄၀၀၀ ကျပ်ပေးပြီးလဲခဲ့ရတယ်ပြောလို့ ဘာပလပ်လဲ ၁၈၀၀၀ ဆိုတာကြည့်လိုက်မိတော့ တာမွေအခွန်လွတ်ဈေးက Denso ကိုယ်စားလှယ်ဆိုင်မှာ ၈၀၀၀ကျပ်ပဲရှိတဲ့ Denso Iridium (အပ်ချွန်) ပါပဲ ဘာလို့များ ဝပ်ရှော့တွေ အဆမတန်ယူ ကြတာလဲဗျာ တတ်နိုင်သူတွေအတွက်ဘာမှမဟုတ်ပေမဲ့ လချုပ်ငှားသုံး နေတဲ့ သူများဆိုလျှင် အဲ့ဒီငွေပမာဏက မသေးပါ ပညာကြေးထိုက်သင့်သလိုယူလျှင် တော်သေးသည်။ ကျွန်တော်ပလပ်ဝယ်သမျှဆိုင်တွေထဲမှာဈေးအသက်သာဆုံးဆိုင်ကတော့ " တာမွေအခွန်လွတ်ဈေး က Denso ကိုယ်စားလှယ် Auto Zone ဆိုတဲ့ဆိုင်မှာ ဝယ်ပါတယ် Denso Iridium (အပ်ချွန်) က 8000ပါ Denso Carbon(ရိုးရိုး) က 2500-3000 အဲ့လောက်ပဲပေးရပါတယ် ဆိုဒ်က 16 အရစ်က 18 ရစ်ပါ" ကားအကြောင်း သောင်းပြောင်းထွေလာ

No comments: