Saturday, June 7, 2014
ပရိုဘောက်နှင့် 1/2 NZ - FE VVT- i မီးလောင်ရခြင်းအကြောင်းအမေးအဖြေ
ပရိုဘောက်နှင့် 1/2 NZ - FE VVT- i မီးလောင်ရခြင်းအကြောင်းအမေးအဖြေ "
မေး။ ဧရာဝတီမှာတင်ထားတဲ့ သတင်းတစ်ပုဒ်မှာ ပရိုဘောက်ကားမီးလောင်တာ
ကို အစိုးရ ကားတင်သွင်းခွင့် ပေါ်လစီ အမှားအယွင်းကြောင့်လို့ ဖတ်လိုက်ရပါ
တယ်...ဆောင်းပါးရေးသူကိုတော့...
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)လို့ဖော်ပြထားပါတယ်...အဲ့ဒါမှန်လားဆိုတာကို ဖြေပေးပါဦးဗျာ...
ဖြေ။ ပရိုဘောက် မီးလောင်တာဟာ အစိုးရရဲ့ ကားတင်သွင်းခွင့်ပေါ်လစီ
အမှား အယွင်းကြောင့်ဆိုရင်တော့ ကျွန်တော်လက်မခံပါဘူး...
အစိုးရက အင်္ဂျင်ပါဝါသေးတဲ့ ကားတွေကိုအခွန်လျော့ကောက်လို့...
အင်္ဂျင်ပါဝါသေးတဲ့...ဈေးသက်သာတဲ့ ပရိုဘောက်တွေ တင်သွင်းလာလို့...
မီးလောင်တာပါလို့ပြောရင်...မမှန်ပါဘူးလို့ပြောချင်ပါတယ်...
ဘာဖြစ်လို့လည်းဆိုတော့ အစိုးရက ၁၃၀၀ ၁၅၀၀ အားတွေကို...
ပရိုဘောက်တစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုသည်လို့ သတ်မှတ်ချက်...
မထုတ်ထားပါဘူး...မိမိစိတ်ကြိုက် ဈေးသက်သာမယ်ထင်တာ တင်သွင်းတာပါ...
နောက်ထိုင်းမှာ ပရိုဘောက်နဲ့ အင်္ဂျင်အမျိုးတူ 1/2 NZ - FE VVT- i အင်္ဂျင်သုံး...
Vios , Yaris ကားတွေအများကြီးရှိပါတယ်...မြန်မာပြည်ပရိုဘောက်ထက်...
အနည်းဆုံး ၅ ဆ ၆ ဆ ကျော်လောက်ရှိမယ်လို့ ထင်ပါတယ်...
တစ်စီးမှ မီးမလောင်ပါဘူးဗျာ...အင်္ဂျင်ပါဝါသေးတိုင်းသာ မီးလောင်ရရင်...
ခွေးဘီးလူးကားလေးတွေတစ်စီးမှတောင်ကျန်မှာ မဟုတ်ပါဘူးခင်ဗျာ...
မေး။ ဒါဆို ပရိုဘောက်ကားတွေဘာကြောင့်မီးလောင်ပါသလဲဆိုတာ...
ဖြေပေးပါလားဗျာ...
ပရိုဘောက်တွေမီးလောင်ရတဲ့အကြောင်းအရင်းတွေထဲမှာ...
စက်သုံးဆီအရည်အသွေးမမှီတာနဲ့
အရည်အသွေးမမှီသောအင်္ဂျင်ဝိုင်ကို သုံးမိတာတွေလည်းပါပါတယ်...
နောက်တစ်ချက်က လူလည်းပါပါတယ်...
စက်သုံးဆီအရည်အသွေးမမှီတော့...
အင်္ဂျင်ပစ္စတင်မီးလောင်ခန်း(Piston Combustion Chamber) ထဲမှာ...
မီးလောင်ပေါက်ကွဲတဲ့အခါ ဆီအကုန်မလောင်နိုင်ဘဲ...
မလိုအပ်ဘဲအပိုမီးလောင်ပေါက်ကွဲမှု့(Mixfire Explode)ဖြစ်ကာ...
အင်္ဂျင်ကို ပိုပြီးပူစေပါတယ်...ရေဆူတဲ့ကားတွေဆိုအင်္ဂျင်ပူလွန်းလို့...
လီဘာနင်းလိုက်ရင် တောက် တောက်နဲ့ မီးသံ (Knocking)ထွက်ပါတယ်...
ဆီမကောင်းတဲ့အခါလည်း မီးသံထွက်ပါတယ်..
ဒါကြောင့် ဆီမကောင်းရင် အင်္ဂျင်ကို ပိုပူစေပါတယ်...ရေဆူဖို့ပိုလွယ်ပါတယ်...
နောက်အရေးကြီးတဲ့အချက်က ဆီမကောင်းတာ့ ကာဗွန်ငွေ့တွေလိုအပ်တာထက်
ပိုမိုထွက်လာပြီး Catalytic Converter ပိတ်တတ်ပါတယ်...
Catalytic Converter ပိတ်ရင် Converter ရှိတဲ့နေရာကနေ အင်္ဂျင်နားအထိ
အိတ်ဇောဟာနီရဲပြီး မီးသွေးတုံးမီးလောင်နေသလိုမျိုးဖြစ်နေပါတယ်...
ဒီလိုဖြစ်လာရင် အင်္ဂျင်အပူရှိန်လွန်ကဲပြီး ရေဆူတတ်ပါတယ်...
Catalytic Converter ပိတ်လို့ရေဆူလာရင်တော့...
သာမာန်ရေဆူတာနဲ့မတူဘဲ အင်္ဂျင်ခန်းအပူချိန် အလွန်အမင်းမြင့်မားက...
ဓါတ်ဆီ ဆီငွေ့ စတဲ့လောင်စာရှိတဲ့နေရာကနေ မီးလောင်တတ်ပါတယ်...
အင်္ဂျင်ဝိုင်စံချိန်မမှီတာတွေထည့်မိရင် VVT- i စနစ်က ဘားတိုင်ပင်ထိန်းချုပ်မှု့ဟာ
လုပ်ငန်းကို အပြည့်အဝမလုပ်ဆောင်နိုင်တော့ဘဲ ဘားတိုင်ပင်မမှန်လို့...
အပိုမီးလောင်ပေါက်ကွဲမှု့တွေဖြစ်ပြီး အင်္ဂျင်ပိုပူနိုင်ပါတယ်...
ဒါကြာင့် အင်္ဂျင်ဝိုင်ကို အချိန်မှန်လဲဖို့လည်းလိုပါတယ်...
အသေးစိတ်ကိုတော့ ကျွန်တော်ရေးထားတဲ့ အောက်ကလင့်မှာဖတ်ကြည့်ပါဗျာ...
https://www.facebook.com/permalink.php?story_fbid=1448323292067747&id=1438577533042323
နောက်တစ်ချက်က လူဆိုတာက ကားအသုံးပြုသူတော်တော်များများဟာ...
ကားဒိုင်ခွက်ထဲမှာပါတဲ့ မီးတွေကိုအကုန်မသိကြပါဘူး...
အများအားဖြင့် ချာဂျင်မီး...အင်္ဂျင်ဝိုင်မီး...အင်္ဂျင်ချက်မီးစတာတွေ...
လောက်သာအသိများကြပါတယ်...
ဒါကြောင့် ကားရေအပူချိန်မီးအနီရောင်လေးလင်းနေရင်တောင်...
ဘာမီးမှန်းမသိဖြစ်နိုင်ပါတယ်...
ဒါကြောင့် ကားဝယ်ပြီးအသုံးပြုမယ်ဆို...
Owner Manual ကိုအရင်ဖတ်ကြည့်သင့်ပါတယ်...
မဖတ်နိုင်တဲ့ ဘာသာဖြစ်နေခဲ့ရင်လည်း ကျွမ်းကျင်တဲ့ ဝပ်ရှော့တွေမှာ...
ကားဒိုင်ခွက် အတွင်းပါရှိတဲ့ မီးတွေအကုန်လုံးကို မေးမြန်းမှတ်သားထားကာ
မိမိကား အင်္ဂျင်ဝိုင် ဂီယာဝိုင်တွေဟာ ဘာအမျိုးအစားသုံးသင့်တယ်ဆိုတာ...
ကိုပါတစ်ခါတည်း မေးမြန်းမှတ်သားသင့်ပါတယ်....
နောက်တစ်ခုက အင်္ဂျင်ဝိုင်သုံးတာဟာ ကားတစ်စီးတည်းမှာ...
ကားအသစ်နဲ့ အဟောင်းမတူပါဘူး...
ကားအသစ်မှာ 5w 40 အင်္ဂျင်ဝိုင်သုံးတယ်ဆို...
ကား ကီလို ၁၀၀၀၀၀ ကျော်သုံးပြီးရင်...
10w 40 သုံးရမှာပါ...
Common Rail အင်္ဂျင်တစ်မျိုးတည်းသာ 10w 30 ပုံမှန်သုံးပါတယ်...
မေး။ ကားနည်းပညာတွေကိုသေချာမသိဘဲ တစ်လွဲတွေရေးပြီး
လူတွေကို တင်ပြနေတာဟာ ကားအသုံးပြုသူတွေကိုသတ်နေတာ...
ကားတွေကိုသတ်နေတာလို့ အစ်ကို မထင်ဘူးလား?
ဟုတ်ကဲ့...ကျွန်တော်လည်း အဲ့လိုဘဲ ထင်ပါတယ်...
ကျွန်တော်ကတော့ ကားတွေကို သူ့အချိန်တန်လို့ပျက်တာ...
သက်တမ်းပြည့်တဲ့ ပစ္စည်းပျက်တာကလွဲရင် ကားရှင်တွေကို...
နည်းပညာ အလွဲတွေသုံးပြီးတော့မပျက်စေချင်ပါဘူး...
ဒါကြောင့် အဖြစ်နိုင်ဆုံးတွေကို သုံးသပ်တင်ပြတာပါဗျာ...
မေး။ နောက်ဆုံးတစ်ခုလောက်မေးခွင့်ပါရစေ...
မြန်မာပြည်က ကားဈေးနဲ့ အိမ်နီးချင်းနိုင်ငံက ကားဈေးတွေဟာ...
၃ ဆ ကနေ ၅ ဆ အထိကွာနေတယ်ဆိုတာဟုတ်ပါသလား?
တစ်ခြားနိုင်ငံတွေတော့မသိပါဘူး...ထိုင်းမှာတော့ Honda FIT ...
USed ကားတစ်စီးဟာ ဘတ် ၃/၄ သိန်းကျော်သာရှိတာမို့...
မြန်မာပြည်နဲ့သိပ်မကွာပါဘူး...တူတူလောက်ကျပါတယ်...
ပစ်ကပ်ကားတွေကလည်း မြန်မာပြည်မှာတင်သွင်းလာတဲ့ ဂျပန်ကျအဆင့်
လောက်ဆို ၅/၆/၇ သိန်းကျော်လောက်ရှိတာမို့ အများကြီးမကွာပါဘူး...
၃ ပုံ ၁ ပုံလောက်သာအများဆုံးကွာပါတယ်ခင်ဗျား...
မေး။ ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ...
ဟုတ်ကဲ့ ကျွန်တော်ကလည်း အမှန်အတိုင်းအများသိအောင်ဖြေခွင့်ရလို့ကျေးဇူးတင်ပါတယ်ခင်ဗျား...
Toetar Atoe (Online ကားဝပ်ရှော့)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment