Saturday, June 7, 2014
ဂုဏ်တက်ချင်ရင် မိမိကိုယ်ကို အနားမပေးနဲ
ဂုဏ်တက်ချင်ရင် မိမိကိုယ်ကို အနားမပေးနဲ့ 
++++++++++++++++++++++++++++
ပြိုင်ပွဲကို ပြိုင်ခွင့်ရရဲ့သားနဲ့  ၀င်မပြိုင်တဲ့သူတွေထက် ၀င်ရောက်ယှဉ်ပြိုင်တဲ့သူက တကယ့်လက်တွေ့ နယ်ပယ်မှာ လုပ်နိုင်စွမ်းအားတွေ
ပိုရှိနေတာ တွေ့ ရတတ်ပါတယ်။ ပြိုင်ပွဲဝင် သမားတစ်ယောက်ဟာ သူ့ အတွက် နေရာတစ်ခုတော့ နောက်ဆုံး ရစမြဲပါ။
ပြောချင်တာက ထိပ်ပိုင်းမရောက်တောင် အလယ်အလတ်ရနိုင်သလို အနည်းဆုံး နှစ်သိမ့်ဆုဆိုတဲ့ နေရာကိုတော့ သူထိုက်တန်စွာ ဆွတ်
ခူး ရရှိမှာပါ။ ပြိုင်လိုတဲ့ ဆန္ဒရှိဖို့ ကသာ အရေးကြီးပါတယ်။ မပြိုင်လိုတဲ့သူ အတွက်တော့ နေရာ ဘယ်မှာ ရှိပါ့မလဲ။
ကိုယ်က ဘ၀မှာ အမြဲပြိုင်နေရတာ ဖြစ်တယ်။ သူများနဲ့ ပြိုင်ဖို့ ဆိုတာထက် ယနေ့ နဲ့ မနက်ဖန်မှာ မိမိရဲ့ လုပ်နိုင်စွမ်းတွေကို ပြိုင်နေရမယ်။
လူတွေက နောက်ဆုံးမှာ တစ်သက်တာ အနားယူမှုဆိုတာ ရကို ရရှိမှာပါ။ ဒီအခါ မနားချင်လည်း နားရမှာပါ။ အခုနေ မနားပါနဲ့ ဦး။
မိမိကိုယ်ကို ခိုင်းထား စမ်းပါ။ ဒီလိုမှ မဟုတ်ရင် သူများခိုင်းတာ လုပ်ဖို့ သာ ပြင်ထားပေါ့။ ကိုယ့်စိတ်နဲ့ ကို ခိုင်းထားတော့ သူများခိုင်းတာထက်
စာရင် ကျေနပ်မှုတွေ ပိုရတာပေါ့။ ပြီးတော့ ကိုယ်ပိုင် အစွမ်းအစတွေလည်း လေ့ကျင့်ပါများတော့ ကျွမ်းကျင်တိုးတက် လာတာပေါ့။
ဘ၀မှာ စတင်ပျိုးထောင်ပေးတဲ့ အချိန်က သိပ်အရေးကြီးပါတယ်။ လူ့ ဘ၀စပြီဆိုတာနဲ့  ပထမဆုံးလုပ်ရမှာက သစ္စာရှိဖို့  စတင်ပျိုးထောင်ရမယ်။
ပြီးရင် လူ့ ပတ်ဝန်းကျင် စည်းမျဉ်း၊ စည်းကမ်းတွေကို ဆက်လက် သင်ယူရမယ်။
သစ္စာတရားဆိုတာ သူများအပေါ်ကို စောင့်သိတတ်ရသလို၊ မိမိစိတ်အပေါ်မှာလည်း သစ္စာရှိရမယ်။ ဆိုလိုချင်တာက ကိုယ့်လုပ်နေတဲ့ အလုပ်
ကို ကိုယ်ကိုတိုင် တန်ဖိုးထားရမယ်။ မိမိဘ၀မှာ မှန်ကန်စွာ ရွေးချယ်နိုင်တဲ့ သတ္တိမျိုး မွေးဖွားနိုင်ရမယ်။
သစ္စာရှိမှ စည်းကမ်းဆိုတာကို ကောင်းကောင်းထိန်းနိုင်ပါမယ်။ လူတစ်ယောက်ဟာ စည်းကမ်းကို တာဝန်တစ်ခုအရ ထိန်းခြင်းထက် မိမိနှလုံး
သားထဲကနေ စောင့်ထိန်းရမယ်ဆိုတဲ့ အသိနဲ့ ထိန်းနိုင်ရမယ်။ ဒါကို ထိန်းနိုင်ဖို့  မိမိနှလုံးသားက သစ္စာတရားကို စောင့်သိတတ်ဖို့ လိုတယ်။
ဒီနေရာမှာ ပြောချင်တဲ့ အရာတိုင်းဟာ မျိုးဆက်သစ်လူငယ်တွေကို အဓိကထားပါတယ်။ သစ်တဲ့ ပစ္စည်းတိုင်းတော့ တန်ဖိုးမရှိဘူးပေါ့။ သို့ သော်
တန်ဖိုးရှိလာအောင်၊ အရည်အသွေးတွေ တက်လာအောင် လုပ်ဆောင်ရမယ်။
ပတ္တမြားရဲ့ အရောင်ဟာ ပတ်ဝန်းကျင်ကို ထင်ဟပ်သကဲ့သို့  လူတစ်ယောက်ရဲ့ တန်ဖိုးဂုဏ်အရောင်ကလည်း လူ့ ပတ်ဝန်းကျင်ကို ထင်ဟပ်ပါ
တယ်။ ဂုဏ်ရှိန်တက်ဖို့ ဘ၀မှာ နားနေလို့ မရပါဘူး။ အလုပ်ဆိုတာကို လုပ်ရလိမ့်မယ်။ အလုပ်ဟာ တန်ဖိုးဂုဏ်ကို ရရှိစေတယ်ဆိုတာ သိထားပါ။
True Man
Subscribe to:
Post Comments (Atom)
No comments:
Post a Comment