Saturday, June 7, 2014
နို့ခဲယောင်ဆောင်ပြီးရောက်လာတဲ့ စိတ်ကြွဆေးပြား
================================
( မိန်းကလေးများ သတိထားနိုင်ကြပါစေ)
အခုတလော အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ စိတ်ကြွဆေးပြားပုံစံက တစ်မျိုးပါပဲ။ ဒါပေမဲ့ လူတွေတော်တော်များများမသိကြသေးတဲ့အတွက် မနုဿ ကနေပြီး အားလုံးသိအောင် သတိပေးတင်ပြပါရစေ။
လူတွေတော်တော်များများက စိတ်ကြွဆေးပြားဆိုရင် သောက်ဆေးပုံစံမျိုးလို့ပဲ ထင်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ အဖမ်းအဆီးတွေများလာတော့ ကလေးတွေစားသုံးတဲ့ နို့ခဲပုံစံမျိုး ၊ သကြားလုံးပုံစံမျိုးနဲ့ ပြောင်းလဲထုတ်လုပ်လာတာကိုတွေ့ရပါလိမ့်မယ်။
ဆေးလုံးအရွယ်အစားကတော့ 0.9 စင်တီ လောက်ရှိပြီး မသိနားမလည်းတဲ့ မိန်းကလေး ယောကျာ်းလေးတွေ စားသုံးမိပြီး မဖြစ်သင့်တာ မဖြစ်ရအောင် ရှောင်ကြဉ်နိုင်ဖို့အတွက် မနုဿ တင်ပြပေးလိုက်ပါပြီနော်။
ကျန်တဲ့သူတွေလည်း ရှောင်ကြဉ်နိုင်ဖို့အတွက် လက်ဆင့်ကမ်းပေးကြပါဦးနော်။
Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။
ချစ်တဲ့. . . မနုဿ
Credit to မနုဿ ရဲ့ စာမျက်နှာလေးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment